ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံ၏ ဧပြီလတတိယပတ်အတွင်း နေ့စဉ်သတင်း များတွင်ဖော်ပြခဲ့သော ကမ္ဘာ့သတင်းများမှ ကောက်နှုတ် တင်ပြခြင်း

ဘရာဇီးလ်နိုင်ငံ၏ မတ်လအတွင်း ပဲပုတ်စေ့တန်ချိန် ၅.၇ သန်းတင်ပို့ခဲ့

ပဲပုတ်စေ့တင်ပို့ခဲ့သည့် မတ်လအတွင်းစုစုပေါင်း ၆ ရက်တာကာလတွင် အမေရိကန် ဒေါ်လာ ၂.၃၃ ဘီလီယံတန်ဖိုး ဝင်‌ငွေရရှိခဲ့ပြီး ပျမ်းမျှတစ်ရက်တင်ပို့မှု အမေရိကန်ဒေါ်လာသန်း ၃၈၈.၃၇၈ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ မတ်လအတွင်း စုစုပေါင်းတင်ပို့မှုသည် ပဲပုတ်စေ့တန်ချိန် ၅.၇၈၅ သန်းဖြစ်သဖြင့် တရက်ပျမ်းမျှတင်ပို့မှုသည် ပဲပုတ်စေ့တန်ချိန် ၉၆၄,၁၇၁ ဖြစ်ကြောင်း၊ ပဲပုတ်စေ့တစ်တန်၏ပျမ်းမျှတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄၀၂.၈၀ ဖြစ်ကြောင်း သတင်းတွင် ရေးသားဖော်ပြထားသည်။

အမေရိကန်နိုင်ငံ၏ ပို့ကုန်ဂျုံမှုန့်စစ်ဆေးမှု တန်ချိန် ၄၅၈,၄၃၂ အထိ ရောက်ရှိ

ယခုရက်သတ္တပတ်တွင် (၂၀၂၁ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့အထိ) အမေရိကန်နိုင်ငံမှ တင်ပို့မည့်ဂျုံမှုန့်စစ်ဆေးမှုစာရင်းအရတန်ချိန် ၄၅၈,၄၃၂ ဖြစ်ကြောင်း အမေရိကန်နိုင်ငံလယ်ယာ စိုက်ပျိုးရေးဌာန (U.S. Department of Agriculture – USDA) က အပတ်စဉ်ထုတ်ပြန်သည့် သတင်းစာစောင်တွင် ဖော်ပြခဲ့သည်။ ဈေးကွက်၏ ကြိုတင်ခန့်မှန်းချက်ဖြစ်သည့် တင်ပို့နိုင်မည့် ဂျုံတန်ချိန် ၄၂၅,၀၀၀ ကို ကျော်လွန်ခဲ့ကြောင်း သတင်းတွင်ရေးသားထားသည်။

ယခင်အပတ် ပို့ကုန်ဂျုံမှုန့်စစ်ဆေးမှုစာရင်းများအရ တန်ချိန် ၆၃၅,၄၈၇ ရှိခဲ့ကြောင်း၊ ယခင်နှစ်ကာလတူတွင် ဂျုံမှုန့်တန်ချိန် ၆၆၂,၁၇၃ တင်ပို့နိုင်ခဲ့ကြောင်း၊ ဇွန်လ ၁ ရက်နေ့တွင် သီးနှံစတင်ရိတ်သိမ်းပြီး ယခင်နှစ်က ဂျုံတန်ချိန် ၂၁,၄၀၄,၀၃၈ တင်ပို့ခဲ့ကြောင်း ပို့ကုန်စစ်ဆေးမှု စာရင်းများအရ သတင်းတွင်ဖော်ပြထားသည်။

၂၀၂၀ – ၂၀၂၁ ခုနှစ် ဘရာဇီးလ်နိုင်ငံ၏ နွေပြောင်း ရိတ်သိမ်းမှု ၇၁.၆ ရာခိုင်နှုန်း ပြီးစီး

၂၀၂၀-၂၀၂၁ ခုနှစ်နွေရာသီရိတ်သိမ်းချိန်ကာလတွင် ဘရာဇီးလ်နိုင်ငံ ပြောင်းသီးနှံ ရိတ်သိမ်းမှုသည် ခန့်မှန်းထားသည့် ဧရိယာဟက်တာ ၄.၃၅၃ သန်း၏ ၇၁.၆ ရာခိုင်နှုန်းကိုသာ ရိတ်သိမ်းပြီးစီးခဲ့ကြောင်း စိုက်ပျိုးရေးအကြံပေးကုမ္ပဏီ Safras& Mercado ၏ လေ့လာတွေ့ရှိမှု ကို မတ်လ ၉ ရက်နေ့သတင်းတွင် ဖော်ပြထားသည်။

ရိတ်သိမ်းမှုများတွင် Rio Grande do Sul ပြည်နယ်တွင် ၈၉.၈ ရာခိုင်နှုန်း၊ Santa Catarina ပြည်နယ်တွင် ၈၀.၁ ရာခိုင်နှုန်း၊ Paraná ပြည်နယ်တွင် ၉၀.၂ ရာခိုင်နှုန်း၊ São Paulo ပြည်နယ်တွင် ၈၄.၆ ရာခိုင်နှုန်း၊ Mato Grosso do Sul တွင် ၆၅.၂ ရာခိုင်နှုန်း၊ Goiás/Distrito Federal တွင် ၄၄.၃ ရာခိုင်နှုန်း၊ Minas Gerais တွင် ၃၉.၃ ရာခိုင်နှုန်းနှင့် Mato Grosso ပြည်နယ်တွင် ၅၆.၇ ရာခိုင်နှုန်းတို့ အသီးသီးရိတ်သိမ်းပြီးစီးခဲ့ကြောင်း ကုမ္ပဏီကပြောကြားချက် ကို သတင်းတွင် ဖော်ပြခဲ့သည်။

၂၀၁၉ – ၂၀၂၀ ပြည့်နှစ်ကာလတူတွင် ခန့်မှန်းစိုက်ပျိုးဧရိယာဟက်တာ ၄.၁၁၉ သန်း၏ ၇၁.၉ ကို ရိတ်သိမ်းပြီးစီးခဲ့ကြောင်း သတင်းတွင်ဖော်ပြထားသည်။

၂၀၂၁ – ၂၀၂၂ ခုနှစ်ကာလအတွင်းပဲပုတ်စေ့တန်ချိန် ၈၄၀,၀၀၀ အထိ မလေးရှားနိုင်ငံက တင်သွင်းရန် USDA မျှော်မှန်း

၂၀၂၀-၂၀၂၁ ခုနှစ်ကာလတွင် ပဲပုတ်စေ့တန်ချိန် ၈၃၀,၀၀၀ အား မလေးရှားနိုင်ငံက တင်သွင်းခဲ့ရာ ၂၀၂၁-၂၀၂၂ ခုနှစ်ကာလတွင် ပဲပုတ်စေ့တန်ချိန် ၈၄၀,၀၀၀ အထိတင်သွင်းနိုင် ကြောင်း အမေရိကန်နိုင်ငံစိုက်ပျိုးရေးဌာန (USDA) က မျှော်မှန်းထားသည်။ မလေးရှားနိုင်ငံ၏ နှစ်စဉ်စားသုံးမှုသည် ခန့်မှန်းတန်ချိန် ၈၂၇,၀၀၀ ခန့်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်နှစ်ကုန်ချိန်တွင် ပဲပုတ်စေ့လက်ကျန်မှာ တန်ချိန် ၆၄,၀၀၀ အထိရှိနှိုင်ကြောင်း USDA ၏ ခန့်မှန်းချက်ကို သတင်း တွင် ဖော်ပြထားသည်။

ဧပြီလ ဒုတိယအပတ်အတွင်း ဘရာဇီးလ်နိုင်ငံ၏ ကြက်သားတင်ပို့မှု တန်ချိန် ၁၁၈,၀၆၂ အထိ ရောက်ရှိ

၂၀၂၁ ခုနှစ်၊ ဧပြီလ ဒုတိယအပတ်အတွင်း ဘရာဇီးလ်နိုင်ငံ၏ ကြက်သားနှင့် ကြက်ကလီစာတင်ပို့မှုမှ အမေရိကန်‌ဒေါ်လာသန်း ၁၇၈.၀၁၉ သန်းရရှိခဲ့ပြီး တစ်ရက်လျှင် ပျမ်းမျှ ဝင်ငွေအမေရိကန်ဒေါ်လာသန်း ၂၉.၆၆၉ သန်းရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဘရာဇီးလ်နိုင်ငံ၏ စုစုပေါင်းကြက်သားတန်ချိန် ၁၁၈,၀၆၂  အားတင်ပို့ခဲ့ပြီး ကြက်သားတစ်တန် ၏ ပျမ်းမျှတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁,၅၉၇.၈၀ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလကာလတူတင်ပို့မှုပမာဏနှင့်နှိုင်းယှဉ်ပါက ၂၄.၈၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ခဲ့ပြီး ဈေးနှုန်းတွင် ၁.၇၅ ရာခိုင်နှုန်း ပိုမိုတိုးတက်ရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြ ထားသည်။

ဘရာဇီးလ်နိုင်ငံ၏ အမဲသားတင်ပို့မှု တန်ချိန် ၃၈,၁၃၉ အထိ ရောက်ရှိ

၂၀၂၁ ခုနှစ်၊ ဧပြီလ၆ ရက်နေ့အထိ ဘရာဇီးလ်နိုင်ငံ၏ အမဲသားတင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၇၉.၂၂၉ သန်းရရှိခဲ့ပြီး အမဲသားတင်ပို့မှုမှ တစ်ရက်ပျမ်းမျှဝင်ငွေအမေရိကန် ဒေါ်လာ ၂၉.၈၇၁ သန်း ရရှိခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ စုစုပေါင်းအမဲသားတန်ချိန် ၃၈,၁၃၉ အား တင်ပို့နိုင်ခဲ့သဖြင့် တရက်ပျမ်းမျှတန်ချိန် ၆,၃၅၅ တင်ပို့နိုင်ခဲ့ကြောင်း၊ အမဲသား တစ်တန်၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၄,၇၀၀.၄၀ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ကာလတူနှင့်နှိုင်းယှဉ်ပါက တစ်ရက်ပျမ်းမျှတင်ပို့မှုတွင် ၉.၂၉ ရာခိုင်နှုန်း ပိုမိုတိုးတက်တင်ပို့နိုင်ခဲ့ပြီး တစ်ရက်ပျမ်းမျှဝင်ငွေတွင်၁၇.၅ ရာခိုင်နှုန်း ပိုမိုရရှိခဲ့သည်။

ဝယ်လိုအားလျှော့ကျမှုကြောင့် ချီကာကိုစတော့ပ်ဈေးကွက် (Chicago Commodity Exchange– CBOT) တွင် ပြောင်းဈေးနှုန်း ၁.၄၂ ရာခိုင်နှုန်းကျဆင်း

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ချီကာဂိုစတော့ပ်ဈေးကွက်တွင် ဝယ်လိုအား လျှော့ကျခဲ့သဖြင့် ပြောင်းစေ့ဈေးနှုန်း အနည်းငယ်ကျဆင်းခဲ့ကြောင်း၊ မေလ ၂၁ ရက်နေ့တွင် ကုန်စည်တင်ပို့ပေးရမည့်ပြောင်းစေ့အရောင်းအဝယ်စာချုပ်များတွင် ပြောင်း ၁ စည်လျှင် အမေရိကန် ဒေါ်လာ ၈.၂၅ ဆင့် ဈေးလျှော့ကျကာ ၅.၆၉ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့သည်။ ဇူလိုင်လအတွက် ချုပ်ဆိုသည့် စာချုပ်များတွင် ၁ စည်လျှင် အမေရိကန်ဒေါ်လာ ၆.၇၅ ဆင့် လျှော့ကျကာ ၅.၅၆ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်ပေါ်ခဲ့ကြောင်း သတင်းတွင် ရေးသားဖော်ပြ ထားသည်။

၂၀၂၁-၂၀၂၂ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၏ ဆန်စိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန် ၂၇.၁ သန်းအထိ ရှိနိုင်

၂၀၂၁-၂၀၂၂ ခုနှစ်သီးနှံရိတ်သိမ်းချိန်ကာလတွင် ဗီယက်နမ်နိုင်ငံ၏ ဆန်စိုက်ပျိုး ထုတ်လုပ်မှုသည်တန်ချိန် ၂၇.၁ သန်းအထိ ထွက်ရှိနိုင်ကြောင်း၊ စုစုပေါင်းစပါး စိုက်ပျိုးမြေ ဧရိယာဟက်တာ ၇.၃၅ သန်းအထိစိုက်ပျိုးပြီး ဆန်တင်ပို့မှုတွင် တန်ချိန် ၆.၄ သန်းအထိ ရောက်ရှိနိုင်ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ခန့်မှန်းချက်ကို သတင်းတွင် ဖော်ပြ ထားသည်။

၂၀၂၀-၂၀၂၁ ခုနှစ် အမေရိကန်နိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုတွင် တန်ချိန် ၄၀၉.၆ သန်း အထိ ထွက်ရှိ

၂၀၂၀-၂၀၂၁ ခုနှစ် အမေရိကန်နိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုတွင် တန်ချိန် ၄၀၉.၆ သန်းအထိ ထွက်ရှိခဲ့ကြောင်း၊ အဆိုပါပမာဏသည် ၂၀၁၉-၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့သည့် ပြောင်း တန်ချိန် ၄၀၂.၄ သန်းအား ကျော်လွန်ခဲ့ကြောင်း၊ ပြောင်းစိုက်ပျိုးခဲ့သည့် ဧရိယာအား ဟက်တာ ၉၀.၈ သန်း အထိရှိရန်ခန့်မှန်းကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် စိုက်ပျိုးရာသီတွင် ပြောင်းစိုက်ပျိုးမည့် ဧရိယာအား ၈၂.၅ သန်းအထိရှိရန် ခန့်မှန်းထားကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ထုတ်ပြန်ချက်အား သတင်းတွင်ဖော်ပြထားသည်။

ဧပြီလ ပထမအပတ်တွင် အမေရိကန်နိုင်ငံ၏ ပဲပုတ်စေ့တင်ပို့မှု တန်ချိန် ၃၂၇,၇၉၉ ရှိ

၂၀၂၁ ခုနှစ်၊ ဧပြီလ ပထမအပတ်(၈ ရက်နေ့အထိ)တွင် အမေရိကန်နိုင်ငံ၏ ပဲပုတ်စေ့ တင်ပို့မှုတွင် တန်ချိန် ၃၂၇,၇၉၉ တင်ပို့နိုင်ခဲ့ကြောင်း၊ ဈေးကွက်ကခန့်မှန်းထားသည် တန်ချိန် ၂၅၀,၀၀၀ ထက် ကျော်လွန်တင်ပို့နိုင်ခဲ့ကြောင်း အမေရိကန်စိုက်ပျိုးရေးဌာန (USDA) ၏ ပြောကြား ချက်ကို သတင်းတွင် ဖော်ပြထားသည်။

ပဲပုတ်စေ့တင်ပို့မှုသည် ယခင်အပတ်တွင် တန်ချိန် ၃၈၄,၆၆၂ တင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူတွင် တန်ချိန် ၄၇၅, ၅၉၇ တင်ပို့နိုင်ခဲ့ကြောင်း ပို့ကုန်စစ်ဆေးရေးစာရင်းများအရ သတင်းတွင် ရေးသားထားသည်။ စက်တင်ဘာလ ၁ ရက်နေ့တွင်စတင်ခဲ့သည့် ရိတ်သိမ်းချိန် ကာလအတွင်း  စုစုပေါင်းတန်ချိန် ၅၄,၇၉၉,၈၉၇ ထွက်ရှိခဲ့ပြီး ယခင်နှစ်သီးနှံရာသီတွင် ထွက်ရှိခဲ့ သည့် ပဲပုတ်တန်ချိန် ၃၂,၂၈၄,၈၂၄ အားကျော်လွန်ထုတ်လုပ်နိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြ ထားသည်။

၂၀၂၀-၂၀၂၁ ခုနှစ် ယူကရိန်းနိုင်ငံ၏ ပြောင်းတင်ပို့မှုတွင် တန်ချိန် ၉ သန်းသို့ လျှော့ကျခဲ့

ယူကရိန်းနိုင်ငံ၏ ပြောင်းတင်ပို့သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပြောင်းတန်ချိန် ၃.၃ သန်းနှင့် မတ်လတွင် ပြောင်းတန်ချိန် ၃.၅ သန်း တင်ပို့ခဲ့ပြီး ကာလတူဖြစ်သည့် ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြောင်းတန်ချိန် ၅.၃ သန်းအထိတင်ပို့နိုင်ခဲ့ကြောင်း အစိုးရကထုတ်ပြန် သည့် စာရင်းများအရ သတင်းတွင် ဖော်ပြခဲ့သည်။ ၂၀၂၀-၂၀၂၁ ခုနှစ် လတ်တလောကာလအထိ ပြောင်းတန်ချိန် ၂၃.၄ သန်း တင်ပို့ခဲ့ပြီးဖြစ်ရာ ယခင်သီးနှံရာသီ (အောက်တိုဘာမှ မတ်လအထိ) တွင် တင်ပို့ခဲ့သည့် ပြောင်းတန်ချိန် ၃၂.၄ သန်းအောက် လျှော့နည်းလျက်ရှိနေကြောင်း သတင်း တွင် ဖော်ပြထားသည်။

ယူကရိန်းနိုင်ငံသည် ပြောင်းစေ့များကို တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပြောင်းတန်ချိန် ၇ သန်းအား တင်ပို့ခဲ့သည်။ ယူကရိန်းနိုင်ငံသည် အခြား ပြောင်းပို့ကုန်ဈေးကွက်များဖြစ်သည့် အီဂျစ်နိုင်ငံသို့ ပြောင်းတန်ချိန် ၂.၈ သန်း၊ အီယူနိုင်ငံများသို့ ပြောင်းတန်ချိန် ၅.၃ သန်းနှင့် တူရကီနိုင်ငံများသို့ ပြောင်းတန်ချိန် ၁.၂ သန်းအား တင်ပို့ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ထွန်းအောင်ဇော်

စီးပွားရေးသံမှူး

သတင်းရင်းမြစ် – Internet

Loading