ပြည်ပသတင်းများ

ပြောင်းဈေးနှုန်းဆက်လက်မြင့်တက်လျက်ရှိပြီး မေလ ၂၁ ရက် နေ့တွင် ဟဲရာ ၁၀၁ ကျော်လွန်နိုင်

၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၂ ရက်နေ့တွင် ဘရာဇီးလ်နိုင်ငံ၏ စတော့ပ်ဈေးကွက်တွင် ပြောင်း ဈေးနှုန်းများ တက်ရိပ်ပြလျက်ရှိပြီး တစ်အိတ်လျင် ၀.၉၇ ရာခိုင်နှုန်းမှ ၁.၆၆ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်ခဲ့သည်။

ပြောင်း ၁ အိတ် ကြိုပွိုင့်ဈေးနှုန်းများတွင် မေလ ၂၁ ရက်နေ့အတွက် ဘရာဇီးလ်ဟဲရာ ၁၀၁.၄၈၊ ဇူလိုင်လ ၂၁ ရက်နေ့အတွက် ၉၇.၀၀၊ စက်တင်ဘာလ ၂၁ ရက်နေ့အတွက် ၉၁.၀၀ နှင့် နိုဝင်ဘာလ ၂၁ ရက်နေ့အတွက် ၉၂.၀၀ တို့အား သတ်မှတ်ထားသည်။

ပြည်တွင်းဈေးကွက်နှင့် နိုင်ငံတကာဈေးကွက်များသို့ ကုန်စည်ဝင်ရောက်မှု မသေချာမှု များကြောင့် ကောက်ပဲသီးနှံဈေးနှုန်းများသည် ဆက်လက်မြင့်တက်လျက်ရှိကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေလ ၂၁ ရက်နေ့အတွက် ကြိုပွိုင့်ဈေးနှုန်းသည် ဘရာဇီးလ်ဟဲရာ ၁၀၀ ဖြင့် စံချိန်တင်မြင့်တက် ခဲ့ကြောင်း လယ်ယာထွက်ကုန်ရောင်းဝယ်ရေးကုမ္ပဏီ Agrifatto Consultoria မှ သုတေသန ပညာရှင်က ပြောကြားခဲ့သည်။ Campinas ပြည်နယ်တွင် အဝယ်အမှာစာများ ပယ်ဖျက်မှုကြောင့် ပြောင်း ၁ အိတ်တန်ဖိုးသည် ဘရာဇီးလ်ဟဲရာ ၉၅.၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

အမေရိကန်နိုင်ငံ၊ ချီကာဂိုစတော့ပ်ဈေးကွက်တွင် ပြောင်းကြိုပွိုင့်ဈေးနှုန်းများသည် ဈေးနှုန်းညွှန်းကိန်းအမှတ် ၃.၂၅ နှင့် ၆.၀၀ အကြားတွင် စံချိန်တင် ပြောင်းလဲမှုများကြောင့် ရောင်းဝယ်မှုများ တုံ့ဆိုင်းခဲ့သည်။

ထို့ကြောင့် စတော့ပ်ဈေးကွက်တွင် ပြောင်းကြိုပွိုင့်ဈေးနှုန်းများသည် မေလ ၂၁ ရက်နေ့ အတွက် ဈေးနှုန်းညွှန်းကိန်း ၆.၀၀ အမှတ်သို့ ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၇၁ ဈေးဖြင့် လည်းကောင်း၊ ဇူလိုင်လ ၂၁ ရက်နေ့အတွက် ဈေးနှုန်းညွှန်းကိန်း ၅.၅၀ အမှတ်သို့ ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၅၀ ဖြင့်လည်းကောင်း၊ စက်တင်ဘာလအတွက် ဈေးနှုန်းညွှန်းကိန်း ၄.၀၀ သို့ ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၀၆ ဖြင့်လည်းကောင်း၊ ဒီဇင်ဘာလ ၂၁ ရက်နေ့အတွက် ဈေးနှုန်းညွှန်းကိန်း ၃.၂၅ အမှတ်သို့ ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၄.၉၃ ဖြင့် ဈေးနှုန်းများ ဖြစ်ပေါ်ခဲ့သည်။

ရောင်းလိုအားကျဆင်းချိန်တွင် ဝယ်လိုအား မူလအခြေအနေသို့ ပြန်လည်ရောက်ရှိ လာမှုသည် ပြောင်းကြိုတင်ရောင်းဝယ်မှုများအတွက် ဈေးနှုန်းအမြင့်များနှင့် ရင်ဆိုင်ရလျက်ရှိ သည်။ အားနည်းလာသော ဒေါ်လာငွေတန်ဖိုးနှင့် မြင့်မားနေသော လောင်စာဆီစွမ်းအင် ဈေးနှုန်းများသည် ပြောင်းကြိုတင်ရောင်းဝယ်မှုများအပေါ်မှ အကျိုးအမြတ်များ ဆက်လက်ရရှိ စေလျက်ရှိသည်။

ထွန်းအောင်ဇော်

စီးပွားရေးသံမှူး

သတင်းရင်းမြစ် – noticiasagricolas.com.br

Loading