ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံတွင် ပဲပုတ်စေ့တစ်အိတ်၏ ဆိပ်ကမ်းအရောက် တန်ဖိုးအား ဘရာဇီးလ်ဟဲရာ ၁၈၀ အထက်သို့ ရောက်ရှိ နိုင်ကြောင်း ခန့်မှန်း

ဒေါ်လာငွေတန်ဖိုးများ မြင့်တက်လျက်ရှိနေသဖြင့် ဘရာဇီးလ် နိုင်ငံ၏ သီးနှံဈေးကွက် တွင် ပဲပုတ်စေ့ဈေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လတွင် ပဲပုတ်စေ့ ဈေးနှုန်း တစ်အိတ်လျှင် ဘရာဇီးလ်ဟဲရာ ၁၈၁ နှင့် ၁၈၂ အကြားတွင် ပေါက်ဈေးဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားချိန်တွင် လက်ရှိကာလ၏ ပဲပုတ်စေ့တစ်အိတ်လျှင် ဆိပ်ကမ်းအရောက်တန်ဖိုး ဘရာဇီးလ် ဟဲရာ ၁၇၅ နှင့် ၁၇၉ အကြားတွင် အတက်အကျဖြစ်ပေါ်လျက်ရှိကြောင်း Brandalizze ကုမ္ပဏီမှ ဈေးကွက်အကြံပေး VlamirBrandalizze က သတင်းဌာနသို့ ပြောကြားခဲ့သည်။

၂၀၂၀-၂၀၂၁ ခုနှစ်တွင် ပဲပုတ်စေ့ဈေးကွက်၌ ဈေးကောင်းများ ရရှိခဲ့သကဲ့သို့ ၂၀၂၁-၂၀၂၂ ခုနှစ်၏ ပဲပုတ်စေ့တင်ပို့မှုတွင်လည်း ဈေးကောင်းများရနိုင်မည့် အခြေအနေကောင်းများဖြစ်ပေါ် လျက်ရှိကြောင်း ဈေးကွက်အညွှန်းကိန်းများကို ကိုးကား၍ Brandalizze ကုမ္ပဏီ၏ သတင်း ဖော်ပြချက်တွင် ဖော်ပြထားသည်။

ပြည်တွင်းရှိ သီးနှံရောင်းဝယ်သူများအနေဖြင့် ဈေးနှုန်းအမြင့်ကို မျှော်မှန်းမှုများရှိနေသဖြင့် လတ်တလောသီးနှံရောင်းချမှုများအပေါ်တွင် ဖိအားအနည်းငယ်ဖြစ်ပေါ်လျက်ရှိနေပြီး ပဲပုတ်သီးနှံ ကြိုတင်ရောင်းဝယ်မှုများတွင် ဈေးကွက်အေးစက်လျက်ရှိသည်။ ထို့အပြင် သီးနှံဈေးကွက်တွင် အသစ်ထွက်ရှိလာမည့် ပဲပုတ်စေ့အား ရောင်းချမှုနည်းပါးလာသဖြင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့် ကုန်ပစ္စည်းအပြန်အလှန် ရောင်းဝယ်သည့်စနစ်များ လုပ်ဆောင်လျက်ရှိကြောင်း အကြံပေးကုမ္ပဏီက သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – noticiasagricolas.com.br

Loading