ပြည်တွင်းသတင်းများ

အိန္ဒိယနိုင်ငံ၌ မတ်ပဲတင်သွင်းခွင့်နှင့်ပတ်သက်၍ ပြင်ဆင် ချက်များ ထုတ်ပြန်ခြင်း

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မတ်ပဲ ([Beans of the SPP Vigna Mungo (L.) Hepper] under HS Codes 0713 31 10, 0713 90 10 and 0713 90 90) တန်ချိန် ၁ ဒသမ ၅ သိန်းကို ၃၁-၃-၂၀၂၁ နေ့ နောက်ဆုံးထား၍ အိန္ဒိယနိုင်ငံဆိပ်ကမ်းများသို့အရောက် တင်သွင်းခွင့်ပြုကြောင်း အိန္ဒိယအစိုးရက ၁-၁၀-၂၀၂၀ နေ့တွင် အမိန့်ကြော်ငြာစာထုတ်ပြန်ထားခဲ့ပါသည်။ သို့ရာတွင် မတ်ပဲများအား အဓိကတင်ပို့ ရာ မြန်မာနိုင်ငံ၌ တင်သွင်းရန်ခက်ခဲမှုအပေါ် တင်သွင်းခွင့်ကာလအား တိုးမြှင့်ပေးရန် ကုန်သည်များက တောင်းဆိုခဲ့ကြသဖြင့် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဦးစီးဌာနသည် ၁၉-၃-၂၀၂၁ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် S.O.1261 (E) ကို ထုတ်ပြန်လျက် အဆိုပါမတ်ပဲတန်ချိန် ၁ သိန်း ၅ သောင်း တင်သွင်းခွင့်အား ၃၀-၄-၂၀၂၁ နေ့အထိ သက်တမ်းတိုးမြှင့်ပေးခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် အိန္ဒိယကူးသန်းရောင်းဝယ်ရေးဦးစီးဌာနသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း မတ် ပဲတန်ချိန် ၄ သိန်းတင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်းနှင့် သတ်မှတ်ထားသည့် လိုင်စင်လျှောက်ထားမှု လုပ်ထုံးလုပ်နည်းများနှင့်အညီ ပဲခွဲစက်များနှင့် ပဲပြန်လည်သန့်စင်ရေးလုပ်ငန်းများသို့သာ ခွဲတမ်းချထား မည်ဖြစ်ကြောင်း ၃-၃-၂၀၂၁ နေ့တွင် သတင်းထုတ်ပြန်ခဲ့ရာ ယခုအခါပဲတင်သွင်းသူကုန်သည်များသို့ပါ အဆိုပါခွဲတမ်းသတ်မှတ်ချက်၌ ပါဝင်ခွင့်ပြုလျက်လိုင်စင်ချထားပေးမည်ဖြစ်ကြောင်း ပြင်ဆင်ဖော်ပြ သည့်အမိန့်ကြော်ငြာစာ S.O.1372 (E) ကို ၂၆-၃-၂၀၂၁ နေ့တွင် ထပ်မံထုတ်ပြန်ခဲ့ပါသည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဦးစီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်၍ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် အတွက် မတ်ပဲတန်ချိန် ၁ သိန်း ၅ သောင်းအား ၃၀-၄-၂၀၂၁ နေ့အထိ တင်သွင်းခွင့်ကာလတိုးမြှင့်ပါ ကြောင်းနှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွက်လည်းမတ်ပဲတန်ချိန် ၄ သိန်းအားခွဲတမ်းသတ်မှတ် တင်သွင်း ခွင့်ပြုပြီး ပဲခွဲစက်များနှင့် ပဲပြန်လည်သန့်စင်ရေးလုပ်ငန်းများအပြင် ပဲတင်သွင်းသူကုန်သည်များသို့ပါ ပါဝင်လုပ်ကိုင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

Loading