ပြည်ပသတင်းများ

တောင်ကိုရီးယား ဘဏ္ဍာရေးကုမ္ပဏီများအား မြန်မာနိုင်ငံ၌ ရှိသော ရင်းနှီးမြှုပ်နှံမှုများကို လျှော့ချရန် ဖိအားပေးခံရလျက်ရှိ

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုနှင့် မသေချာမရေရာမှုများ ဖြစ်ပေါ် နေခြင်းတို့ကြောင့် တောင်ကိုရီးယားဘဏ္ဍာရေးကုမ္ပဏီလုပ်ငန်းစုများသည် ၎င်းတို့၏ မြန်မာ နိုင်ငံရှိ စီးပွားရေးလုပ်ငန်းများကို တတ်နိုင်သမျှ လျှော့ချရန်ဖိအားပေးခြင်းခံရလျက်ရှိကြောင်း (၃၀-၃-၂၀၂၁) ရက်နေ့တွင် ထုတ်ဝေသည့် “The Korea Times” သတင်းစာ၌ “Korean financial firms pressed to change Myanmar business strategies” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထား ပါသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်းတွင် မြန်မာစစ်တပ်က အာဏာထိန်းသိမ်းခဲ့ပြီး နောက်၊ စစ်တပ်နှင့် ဆန္ဒပြသူထောင်ပေါင်းများစွာတို့အကြား နက်ရှိုင်းစွာဖြစ်ပွားနေသော ပဋိပက္ခ များအရ နိုင်ငံရေးမတည်ငြိမ်မှု ကာလရှည်ကြာဖွယ်ရာရှိကြောင်း၊ တောင်ကိုရီးယားအခြေစိုက် ဘဏ်များသည် ဘဏ်ခွဲများ၊ အာမခံလုပ်ငန်းနှင့် ဘဏ္ဍာ‌ရေးဆိုင်ရာအခြားဝန်ဆောင်မှုလုပ်ငန်း များကို မြန်မာနိုင်ငံ၌ ဆောင်ရွက်လျက်ရှိပြီး၊ တောင်ကိုရီးယားထိပ်တန်းဘဏ်များဖြစ်သော Industrial Bank of Korea (IBK)KB Kookmin Bank နှင့် Korea Development Bank (KDB) တို့သည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ လဆန်းပိုင်းတွင် မြန်မာနိုင်ငံ၌ ဘဏ်ခွဲများ စတင်ဖွင့်လှစ်နိုင်ခဲ့ ကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများအရ ၎င်းတို့၏လုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မှု မရှိသဖြင့် လုပ်ငန်းများ လျှော့ချရန် (သို့မဟုတ်) ဝန်ထမ်းများ လျှော့ချရန်အရေးနှင့် ပတ်သက်၍ စိုးရမ်းမှုများ မြင့်တက်လျက်ရှိကြောင်း၊ မသေချာမရေရာမှုများ မြင့်တက်လာခြင်းကြောင့် မြန်မာ နိုင်ငံတွင် ၎င်းတို့၏ ရုံးခွဲများအားစောင့်ကြည့်လေ့လာမှုကို အရှိန်အဟုန်မြှင့်၍ လုပ်ဆောင်နေ ကြောင်း၊ အဆိုပါအခြေအနေများအရ တောင်ကိုရီးယားဘဏ္ဍာရေးကုမ္ပဏီများအနေဖြင့် ရင်းနှီး မြှုပ်နှံမှုများကို လျှော့ချဖွယ်ရာရှိသည်ဟု တောင်ကိုရီးယားဘဏ်အရာရှိများက ပြောကြားခဲ့ကြောင်း‌ ရေးသားဖော်ပြထားပါသည်။

KB Kookmin BankWorri Bank နှင့် IBK တို့ အနေဖြင့် မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေများကို လေ့လာစောင့်ကြည့်လျက်ရှိကြောင်း၊ မြန်မာသံရုံးမှ ထုတ်ပြန်ချက် များကိုလည်း အစဉ်ဂရုပြုလျက်ရှိပါကြောင်း၊ သို့ရာတွင် လက်ရှိမြန်မာနိုင်ငံရှိ လုပ်ငန်းများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ပြောင်းလဲပြင်ဆင်ရန် တိကျသော သီးခြားအစီအစဉ် မရှိသေးပါဟု ၎င်းဘဏ်များက ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များ၏ ထုတ်ဖော်ပြောကြားခဲ့မှုအရ သိရှိရပါသည်။

IBK KB Kookmin Bank နှင့် Korea Development Bank (KDB) တို့သည် မြန်မာ နိုင်ငံ၌ ရုံးခန်းအသစ်များ ဖွင့်လှစ်နိုင်ခဲ့ကာ အရှေ့တောင်အာရှ၏ မဟာဗျူဟာမြောက်နေရာဖြစ် သော မြန်မာနိုင်ငံတွင် လုပ်ငန်းများချဲ့ထွင်ဆောင်ရွက်နိုင်ခြင်းအဖြစ်ရှုမြင်လျက် ၎င်းတို့၏လုပ်ငန်း များ ဆက်လက်တိုးချဲ့နိုင်ရေးမျှော်လင့်ချက်များလည်း ရှိခဲ့ကြပါသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ လက်ရှိပဋိပက္ခနှင့် နိုင်ငံရေးမတည်ငြိမ်မှုအနေအထားများအရ KB Kookmin Bank ဘဏ်သည် ၎င်း၏ အရံအစီအစဉ်အဖြစ် အင်ဒိုနီးရှားနိုင်ငံအပါအဝင် အာရှဒေသတွင်းရှိ အခြားနိုင်ငံများသို့ ဦးတည်နိုင်ဖွယ်ရာရှိကြောင်း၊ KDB သည်လည်း ၂၀၂၁ ခုနှစ်၊ နှစ်ဝက်ကာလတွင် ဟောင်ကောင်၌ ဒုတိယရုံးခွဲဖွင့်ရန် အစီအစဉ်များကို ကြေညာခဲ့ကြောင်း သိရှိရပါသည်။

ထို့ပြင် ဤအခြေအနေများက မြန်မာနိုင်ငံရှိ တောင်ကိုရီးယားအခြေစိုက်အာမခံလုပ်ငန်း နှင့် Card ကုမ္ပဏီများဖြစ်သော Kyobo Life Insurance ကုမ္ပဏီ၊ ShinhanCard၊ KB Kookmin Card နှင့် Woori Card တို့အပေါ်တွင်လည်း ဆိုးကျိုးများ သက်ရောက်စေကြောင်း၊ အဆိုပါ တောင်ကိုရီးယားဘဏ္ဍာ‌ရေးကုမ္ပဏီများအနေဖြင့်လည်း မြန်မာနိုင်ငံ၏ အခြေအနေများကို လေ့လာ စောင့်ကြည့်လျက်ရှိပြီး လုပ်ငန်းများ ရုတ်သိမ်းရန်ကိုမူ လက်ရှိတွင် ဆောင်ရွက်ခြင်းမရှိသေးကြောင်း သိရှိရပါသည်။ သို့ရာတွင် မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော တောင်ကိုရီးယားအခြေစိုက် ဘဏ်လုပ်ငန်းများနှင့်ဘဏ္ဍာရေးဆိုင်ရာကုမ္ပဏီများအနေဖြင့် လုပ်ငန်းများကို လျှော့ချရန်၊ ဒုတိယ အရံအစီအစဉ်များကို ဆောင်ရွက်ထားကြရန် တောင်ကိုရီးယားဘဏ္ဍာရေးလုပ်ငန်းအသိုက်အဝန်း မှ တွန်းအားပေးခြင်းကို ခံရလျက်ရှိပါသည်။

 

Source: The Korea Times (30-3-2021)

တင်ပြသူ: ဝင်းပပသူ၊ စီးပွား‌ရေးသံမှူး (မြန်မာသံရုံး၊ ဆိုးလ်မြို့)

Loading