ပြည်ပသတင်းများ

စိုက်ပျိုးရေးကဏ္ဍအတွက် ဒစ်ဂျစ်တယ်လ်စနစ် ရည်ရွယ်ချက်

တရုတ်နိုင်ငံသည်ကမ္ဘာ့စားနပ်ရိက္ခာ၏ (၂၀) ရာခိုင်နှုန်းကို ထုတ်လုပ်ပေးလျက်ရှိကြောင်း၊ ကမ္ဘာ့အကြီးဆုံး စိုက်ပျိုးမွေးမြူရေးစီးပွားရေးကို လုပ်ကိုင်လျက်ရှိသည့် နိုင်ငံလည်းဖြစ်ပြီး ကမ္ဘာ့ ထုတ်လုပ်မှု စုစုပေါင်းမှ နှံစားသီးနှံ (၁၈) ရာခိုင်နှုန်း၊ အသား (၂၉) ရာခိုင်နှုန်း၊ ဟင်းသီးဟင်းရွက် (၅၀) ရာခိုင်နှုန်းအသီးသီးထုတ်လုပ်နိုင်ပြီး ဝက်သား၊ ဂျုံ၊ဆန်၊ လက်ဘက်၊ ဝါနှင့် ငါးထုတ်လုပ်မှု တွင် ကမ္ဘာ့အများဆုံးဖြစ်ကြောင်း၊ မကြာခင်ကာလကကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှု ကြောင့် တရုတ်နိုင်ငံရှိ ကျေးလက်ဒေသများတွင်လည်း ဒစ်ဂျစ်တယ်လ်နည်းပညာများအပေါ် မှီခိုမှု မြင့်တက်လာကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သည့် တောင်သူလယ်သမားများ စမတ်ဖုန်း နှင့် နည်းပညာများ ပိုမိုအသုံးပြုလာခြင်းဖြင့် စိုက်ပျိုးရေးဆိုင်ရာအချက်အလက်များကို လိုအပ် သည့်အချိန်တွင် ရရှိနိုင်ပြီး အကျိုးအမြတ်ရရှိမှုလည်း ပြောင်းလဲသွားနိုင်ကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လ၂၄ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Planting the idea of digital” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်း၌ Pinduoduo platform ကို အသုံးပြုခြင်းဖြင့် မလိုအပ်သော ကြားခံ အရာများကို လျှော့ချနိုင်ပြီး စားသုံးသူများအနေဖြင့် ဈေးနှုန်းချိုသာစွာဖြင့် လတ်ဆတ်သော စိုက်ပျိုးရေးထွက်ကုန်များကို ဝယ်ယူနိုင်ပြီး၊ စိုက်ပျိုးထုတ်လုပ်သူများအတွက်လည်း ဝင်ငွေပိုမို ရရှိနိုင်ပြီး လုပ်ငန်းတွင် ပိုမိုပြန်လည်ရင်းနှီးမြှုပ်နှံနိုင်ခြင်းနှင့် ဝယ်ယူမှုအမှာစာများလည်း ပိုမိုရရှိ နိုင်ကြောင်း၊ ဈေးကွက်တွင် ပွင့်လင်းမြင်သာမှု ပိုမိုရှိလာပြီး ဝယ်လိုအားများ ပိုမိုမြင့်မားလာသော ကြောင့် ကုန်ပစ္စည်းဖြန့်ဖြူးသူများအပေါ် မှီခိုမှုလျော့နည်းလာပြီး စားသုံးသူများထံ တိုက်ရိုက် ရောင်းချနိုင်ကြောင်း၊                 အဆိုပါ ဒစ်ဂျစ်တယ်လ်ပလက်ဖောင်းဖြင့် တောင်သူလယ်သမားများအား ဈေးကွက်သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ပြီး ကုန်ပစ္စည်းဖြန့်ဖြူးမှု ကုန်ကျစရိတ်နည်းပါး ပြီး ကုန်ပစ္စည်းဝယ်ယူသည့် အမှာစာအမြောက်အများ ရရှိနိုင်ပါကြောင်း၊ ထို့ပြင် ငွေပေးချေမှုစနစ် တွင် ဒစ်ဂျစ်တယ်လ်ယွမ်ငေွ ပြောင်းလဲအသုံးပြုမှုကြောင့် Blockchain technology ကို လက်ခံ အသုံးပြုရန် စိတ်ဝင်စားမှုများ မြင့်မားလာကြောင်း၊ စိုက်ပျိုးရေးကဏ္ဍကို ဒစ်ဂျစ်တယ်လ်စနစ်ဖြင့် အကောင်အထည်ဖော်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန်အတွက် Blockchain platform မှာ နောက်တစ်ဆင့်ဖြစ်ပြီး ‌တောင်သူလယ်သမားများအတွက် မျိုးစေ့ဝယ်ယူမှုများနှင့် သီးနှံစီမံခန့်ခွဲ မှုများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading