ပြည်ပသတင်းများ

သီးနှံရိတ်သိမ်းရာသီချိန်တွင် ပဲပုတ်စေ့တစ်အိတ်ဈေးနှုန်း ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သဖြင့် နောင်အနာဂတ်တွင် ဈေးနှုန်းကျဆင်းမှုများ မကြုံတွေ့စေရန် စီမံဆောင်ရွက်မည်

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်တန်ချိန် ၆ သန်းမှ ၇.၉၉ သန်းအတွင်း တင်ပို့နိုင်ခဲ့ကြောင်း ယခင်အပတ်က စာရင်းများနှင့် နှိုင်းယှဉ်၍ ဘရာဇီးလ်နိုင်ငံ ကောက်ပဲသီးနှံတင်ပို့သူများအသင်း (National Association of Cereal Exporters –Anec) က ၁၇-၂-၂၀၂၁ ရက်နေ့တွင် ခန့်မှန်းပြောကြားခဲ့သည်။

လတ်တလောကာလတွင် ပဲပုတ်စေ့တန်ချိန် ၆ သန်းသာ တင်ပို့ထားသော်လည်း ယခင်အပတ်က ခန့်မှန်းချက်များအရ ယခုဖေဖော်ဝါရီလအတွင်း ပဲပုတ်စေ့တင်ပို့မှုပမာဏသည် တန်ချိန် ၇.၆၃ သန်းအထိရောက်ရှိနိုင်ကြောင်း အသင်းကပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလကာလတူတွင် ပဲပုတ်စေ့တန်ချိန် ၆.၆၁ သန်း တင်ပို့ခဲ့ကြောင်း အသင်းက ပြောကြား ခဲ့သည်။

Loading