ပြည်ပသတင်းများ

အမေရိကန်ဒေါ်လာ ငွေလဲနှုန်းများ အမြင့်ဈေးဖြင့် ရောင်း ဝယ်မှုများရှိနေပြီး ပြည်တွင်းငွေတန်ဖိုး မတည်ငြိမ်မှုများ ဖြစ်ပေါ်

စီးပွားရေးလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာငွေကြေးအား ယုံကြည်စွာသုံးစွဲမှုနှင့် ဘရာဇီးလ်နိုင်ငံ၏ အခွန်ဆိုင်ရာ ပြဌာန်းချက်များ အမျိုးမျိုး ပြောင်းလဲနေမှုတို့ကြောင့် ကမ္ဘာ့နိုင်ငံ များ၏ စီးပွားရေးကျဆင်းမှုနှင့်အတူ ဘရာဇီးလ်ဟဲရာတန်ဖိုးပါ ကျဆင်းလျက်ရှိရာ ဘဏ် ပိတ်ရက်များ ကုန်ဆုံးပြီးချိန်တွင် အမေရိကန်ဒေါ်လာတန်ဖိုးသည် အမြင့်ဈေးဖြင့် တည်ငြိမ် လျက်ရှိခဲ့သည်။

၁၇-၂-၂၀၂၁ ရက်နေ့တွင် အမေရိကန် ၁ ဒေါ်လာပေါက်ဈေးသည် ဟဲရာ ၅.၄၃၄ နှင့် ၅.၃၇၄ အကြားတွင် အတက်အကျဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန် ၁ ဒေါ်လာငွေလဲနှုန်း သည် ၀.၇၇ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဘရာဇီးလ်ဟဲရာ ၅.၄၁၅ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – Soy has lost 55% of the value of the bag in this harvest; but could have avoided the loss with options in the future, The REUTERS

Loading