ပြည်ပသတင်းများ

ဟောင်ကောင်ဒေသ၌ အလုပ်လက်မဲ့နှုန်းမြင့်တက်လာခြင်းနှင့် ပတ်သက်၍ သတိပေးပြောကြားလိုက်ခြင်း

ကမ္ဘာ့ကပ်ရောဂါ COVID-19 ကြောင့် ဟောင်ကောင်ဒေသ၌ အလုပ်လက်မဲ့နှုန်း မြင့်တက်မှုမှာ မှတ်တမ်းဝင်နိုင်ကြောင်း၊ လာမည့်လတွင် တရုတ်နှစ်သစ်ကူးပွဲတော်ကျင်းပမည် ဖြစ်ရာ ပန်းရောင်းချသူများ အုတ်အော်သောင်းနင်း ရောင်းချမှုမရှိအောင် ဈေးကွက်ကန့်သတ်မှု များ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း အလုပ်လက်မဲ့နှုန်း (၆.၄) ရာခိုင်နှုန်း (၁၆၀,၀၀၀) ဦးရေရှိကြောင်း၊ ဆိုင်များ အလုပ်ချိန်လျှော့ချ ခြင်း၊ ကုမ္ပဏီများ ပိတ်သိမ်းမှုနှင့် ဒေဝါလီခံမှုကြောင့် အလုပ်လက်မဲ့နှုန်း မြင့်တက်လာခြင်း ဖြစ်ကြောင်းနှင့် စီးပွားရေးနှင့် လူမှုဘဝနေထိုင်မှုအပေါ် ဖိအားများ ဖြစ်ပေါ်စေကြောင်း၊ COVID-19 ထိန်းချုပ်နိုင်ခြင်းမရှိလျှင် တရုတ်နှစ်သစ်ကူးပြီးလျှင် စီးပွားရေးလုပ်ငန်းများ ထပ်မံပိတ်သိမ်း နိုင်ပြီး ဝန်ထမ်းများအား လုပ်ငန်းမှ ထပ်မံရပ်နားနိုင်ကြောင်း ဟောင်ကောင်ဘဏ္ဍာရေးအတွင်းဝန် (ဝန်ကြီး) Mr. Paul Chan Mo-po က ပြောကြားခဲ့ကြောင်း ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ ထုတ် South China Morning Post သတင်းစာ၌ Kathleen Magramo က “Finance Chief Warns of Higher Unemployment ” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ၂၀၂၀ ပြည့်နှစ်အတွင်း ကုမ္ပဏီများ ဒေဝါလီခံရန် လျှောက်ထားမှု (၆.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စားသောက်ဆိုင်လုပ်ငန်းနှင့် လက်လီလုပ်ငန်းကဏ္ဍတွင် တရုတ်နှစ်သစ်ကူးအားလပ်ရက်အပြီး ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့ အတွင်း အရောင်းအဝယ်အေးနေမည်ဖြစ်ကြောင်း၊ တရုတ်နှစ်သစ်ကူးမတိုင်မီ နှစ်စဉ်ကျင်းပပြုလုပ်နေကြ ပွဲတော်များ၊ပန်းပွဲတော်များ ပယ်ဖျက်မှုကြောင့် ပန်းရောင်းချသူများမှာ ကျန်းမာရေးအာဏာပိုင် များနှင့် ဆွေးနွေးပွဲ အပြင်းအထန်ပြုလုပ်ခဲ့ကြောင်း၊ ၎င်းတို့အနေဖြင့် ပန်းပွဲတော်၌ ရောင်းချရန် သန်းပေါင်းများစွာသော မျိုးစေ့များ စိုက်ပျိုးရန် ငွေကြေးများစွာ အကုန်ကျခံထားခဲ့ရရာ ဝင်ငွေ ပြန်လည်ရရှိရန် လိုအပ်ကြောင်း၊ သို့ဖြစ်ရာ တရုတ်နှစ်သစ်ကူး ဈေးပွဲတော်အား COVID-19  ကူးစက်မှုထိန်းချုပ်နိုင်ရေး စည်းမျဉ်းစည်းကမ်းများအတိုင်း ကျင်းပပြုလုပ်နိုင်ရန် ဒေသအစိုးရမှ ဆုံးဖြတ်ခဲ့ကြောင်း၊ ပန်းရောင်းချသည့်နေရာသို့ ဝင်ရောက်မည့် လူဦးရေအား ကန့်သတ်ထားရန် နှင့် ဝင်ရောက်မှု ကြာမြင့်ချိန် သတ်မှတ်ထားရန် လိုအပ်သည်ဟု ကျန်းမာရေးပညာရှင်များက ပြောကြားခဲ့ကြောင်း၊COVID-19ကြောင့် ထိခိုက်မှုလျော့နည်းစေရန် သက်သာခွင့် ဟောင်ကောင် ဒေါ်လာ (၃၁၀) ဘီလီယံ ပံ့ပိုးခဲ့မှုမှာ လိုအပ်သည့် ပမာဏထက် အနည်းငယ်သာရှိကြောင်းနှင့် စီးပွားရေးလုပ်ငန်းအများစုမှာ အခက်အခဲ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း၊ ACE Centre For Business and Economic Research ၏  Director ဖြစ်သူ Mr. Andy Kwan Cheuk-chiu က ပြောကြားရာတွင် ၂၀၂၁ ခုနှစ်၊ ပထမသုံးလပတ်အတွင်း ဆက်လက်မြင့်တက် နေမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှုမှာ မျှော်လင့်ထားသည်ထက် ကာလကြာရှည် နေမည်ဖြစ်ရာ စီးပွား‌ရေး လုပ်ငန်းများမှာ ဆက်လက်ကျဆင်းနေမည်ဖြစ်ကြောင်း၊ ဘဏ္ဍာလိုငွေ ဖြစ်ပေါ်မှုမှာလည်း မှတ်တမ်းဝင်နိုင်ကြောင်း၊၂၀၂၀ ပြည့်နှစ်အတွင်း ဘဏ္ဍာလိုငွေ (၃၀) ရာခိုင်နှုန်း ရှိခဲ့ကြောင်း၊ COVID-19 ၏ ရိုက်ခတ်မှု ပြင်းထန်စွာခံရသည့် လုပ်ငန်းများကိုသာ ထောက်ပံ့ငွေ ပေးခြင်းကြောင့်လည်း စီးပွားရေးလုပ်ငန်းများကို ဒေဝါလီခံရန် ပိုမိုတွန်းအားပေးသကဲ့သို့ဖြစ်စေ ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စတုတ္ထသုံးလပတ်အတွင်း အလုပ်လက်မဲ့နှုန်းမှာ (၆.၅) မှ (၆.၆) ရာခိုင် နှုန်းခန့်ရှိကြောင်း၊ အသွားအလာကန့်သတ်မှုများနှင့် တစ်ဦးနှင့်တစ်ဦး အချင်းချင်းခပ်ခွာခွာ နေထိုင်ရန် ကန့်သတ်မှုများကြောင့် စားသောက်ကုန်လုပ်ငန်းနှင့် လက်လီလုပ်ငန်းကဏ္ဍတွင် အလုပ်လက်မဲ့နှုန်းမှာ အတက်အကျများစွာ ရှိနေကြောင်း၊ အလုပ်လက်မဲ့နှုန်းဖြစ်ပွားမှု ဖြေရှင်း ရန် အကောင်းဆုံးနည်းလမ်းမှာ ကျန်းမာရေးလေ့ကျင့်သည့် အားကစားရုံများနှင့် စားသောက်ဆိုင် များ၌ တစ်ဦးနှင့်တစ်ဦး အချင်းချင်းခပ်ခွာခွာနေထိုင်ရန် ကန့်သတ်မှုများကို ဖြေလျှော့ပေးရမည် ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading