ပြည်ပသတင်းများ

အသေးစား လက်လီလုပ်ငန်းများ ချေးငွေရရှိရန် အခက် အခဲများနှင့် ရုန်းကန်လှုပ်ရှား ရင်ဆိုင်နေရခြင်း

အသေးစား လက်လီလုပ်ငန်းများမှာ စားသုံးသူများ သုံးစွဲမှု ပြန်လည်ကောင်းမွန်လာမှု မှာ အားနည်းလျက်ရှိသောကြောင့် တရုတ်နိုင်ငံမှ ချေးငွေချေးပေးမှုများမှ ချေးငွေရရှိရန် အခက် အခဲများ ရင်ဆိုင်နေရကြောင်း၊ လက်လီလုပ်ငန်းများအတွက် ချေးငွေချေးပေးခြင်း ငြင်းပယ်မှု နှုန်းမှာ ၂၀၂၀ ပြည့်နှစ်၊ တတိယသုံးလပတ်တွင် (၁၄) ရာခိုင်နှုန်းမှ စတုတ္ထသုံးလပတ်တွင် (၃၈) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး တစ်ချိန်တည်းမှာပင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက် (၁၄) ရာခိုင်နှုန်းမှ (၂၄) ရာခိုင်နှုန်းသို့လည်းကောင်း၊ အငယ်စားလုပ်ငန်းများအတွက် (၁၆) ရာခိုင်နှုန်းမှ (၃၀) ရာခိုင်နှုန်းသို့လည်းကောင်း၊ အကြီးစားလုပ်ငန်းများအတွက် (၁၀) ရာခိုင် နှုန်းမှ (၁၂) ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီးမြင့်တက်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ လ ၃၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Andrew Mullen က “Small Retailers face Struggle to Get Loans” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ချေးငွေချေးမှုအား ငြင်းပယ်မှုများ တစ်ဟုန်ထိုးမြင့်တက်လာမှု ကြောင့် လက်လီလုပ်ငန်းများငွေချေးယူမှုမှာ ၂၀၂၀ ပြည့်နှစ်၊ စတုတ္ထသုံးလပတ်အတွင်း ကျဆင်း ခဲ့ကြောင်း၊ အဆိုပါချေးငွေငြင်းပယ်မှုများကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ အတွက်လည်း စိုးရိမ်ဖွယ်အနေအထားရှိနေကြောင်း၊ လုပ်ငန်းကြီးများမှာ ချေးငွေရရှိနိုင်သမျှ ပမာဏများများ ဆက်လက်ရရှိနိုင်သည့် အနေအထားရှိကြောင်း၊ COVID-19 ကြောင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်နလန်ထူနိုင်ရန် ပေကျင်းမှ အသေးစားလုပ်ငန်းများကို ငွေကြေးသက်သာမှု ထောက်ပံ့သည့် အစီအစဉ်နှင့်ဘဏ်ချေးငွေများကို ပံ့ပိုးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းများ၊ သင်္ဘောဖြင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများမှ စီးပွားရေးပြန်လည်နလန်ထူနိုင်ရန် အဓိက ကူညီလျက်ရှိ ကြောင်း၊ စားသောက်ဆိုင်လုပ်ငန်းများနှင့် ခရီးသွားလုပ်ငန်းများမှာ နောက်ကျကျန်ရှိလျက် ရှိကြောင်း၊ တရုတ်နိုင်ငံတွင် စားသုံးသူများမှ အနုတ်လက္ခဏာပြမှုမှာ (၁၁) နှစ်အတွင်း ပထမဆုံး အကြိမ်ဖြစ်ပြီး စားသုံးသူညွှန်းကိန်းမှာ ၂၀၂၀ ပြည့်နှစ် အစောပိုင်းတွင် အနုတ်(၀.၅) ရာခိုင်နှုန်း အထိ လျော့ကျသွားကြောင်း ဖော်ပြပါရှိပါသည်။

ဒေါ်အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading