ပြည်ပသတင်းများ

ထောက်ပံ့ပိုးဆောင်ရေးလုပ်ငန်းပိုင်ဆိုင်မှု ရင်းနှီးမြှုပ်နှံမှုများ သည် စီးပွားရေးတိုးတက်မှုအတွက် မောင်းနှင်အားများအဖြစ် ဆောင်ရွက်နိုင်ဖွယ်ရှိခြင်း

စားသောက်ကုန် လက်လီရောင်းချသူများ၊ ကျန်းမာရေး ဝန်ဆောင်မှုလုပ်ငန်းများ၊ e-commerce လုပ်ငန်း ဆောင်ရွက်သူများ၏ လိုလားချက်များ ဆက်လက်ရှိနေသောကြောင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် မောင်းနှင်အားအဖြစ်ရှိနေမည် ဖြစ်ပြီး အာရှ-ပစိဖိတ်ဒေသ၌ အိမ်ရာမြေအဆောက်အအုံများနှင့် ပိုင်ဆိုင်မှုများ ရင်းနှီးမြှုပ်နှံမှု သည် ၂၀၂၁ ခုနှစ်တွင် (၁၅) ရာခိုင်နှုန်းမှ (၂၀) ရာခိုင်နှုန်းသို့ ပြန်လည်မြင့်တက်နိုင်ကြောင်း၊ မိသားစု အများအပြား ငှားရမ်းနေထိုင်နိုင်သည့် လူနေအိမ်ရာ အဆောက်အအုံများ၊ ကျောင်းသားများ အတွက် အဆောင်များ၊ သက်ကြီးရွယ်အိုစောင့်ရှောက်မှုဂေဟာများအစရှိသည့် အခြေခံအဆောက် အအုံများ ရင်းနှီးမြှုပ်နှံမှုမှာ ၂၀၂၁ ခုနှစ်တွင် မြင့်တက်လာမည်ဖြစ်ကြောင်း၊ ရေရှည်တွင် ရင်းနှီး မြှုပ်နှံမှုများအနေဖြင့် အတိုးနှုန်းဆက်လက်နိမ့်ပါးရန် မျှော်လင့်နေကြမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကပ် ရောဂါ COVID-19 ကာလအတွင်းမှာပင် အာရှ-ပစိဖိတ်ဒေသသည် ဆက်လက်၍ ကြံ့ကြံ့ခိုင်နေ မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ပထမနှစ်ဝက်အတွင်းတွင်  ပိုင်ဆိုင်မှုလွှဲပြောင်းမှုပမာဏမှာ (၃၂) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလစာရင်းအရ ထောက်ပံ့ ပို့ဆောင်ရေးပမာဏများမှာ (၆) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ အချက်အလက် (Data) စင်တာများ၊ မိမိဘာသာသိုလှောင်ထားနိုင်ရန် လိုအပ်သည့် အထောက်အပံ့ပစ္စည်းများနှင့် အခြေခံအဆောက် အအုံများ၊ ဆေးပစ္စည်းများအစရှိသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စီးပွားရေးလုပ်ငန်းများမှာ ကမ္ဘာ့ကပ် ရောဂါကြောင့် လုပ်ငန်းဆောင်ရွက်မှု အရှိန်မြင့်တက်လျက်ရှိပြီး ရေရှည်ဝယ်လိုအားများ ရှိနေ ခြင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုတင်သွင်းခြင်းဆိုင်ရာ ကန့်သတ်မှုရှိနေမည်ဖြစ်ရာ အဆိုပါလုပ်ငန်း များအတွက် ငွေကြေးစီးဆင်းမှုများမှ ဆက်လက်အကျိုးရှိနေမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Cheryl Heng က “Logistics assets to draw investments as growth driver” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြ ထားပါသည်။

အဆိုပါသတင်းတွင် တရုတ်နိုင်ငံအတွက် မဟာပင်လယ်ကွေ့ဒေသရှိ တုံကွမ်း (Dongguan) တွင် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သည့်အထောက်အပံ့ပစ္စည်း များ၊ အခြေခံအဆောက်အအုံလိုလားချက်များမှာ အားကောင်းဆဲဖြစ်ကြောင်း၊ တုံကွမ်းမြို့သည် ကုန်ထုတ်လုပ်ငန်းများ အများအပြားလုပ်ကိုင်သည့်မြို့ဖြစ်ပြီး အဝေးပြေးလမ်းမကြီးများ၊ မီးရထား လမ်းများနှင့် ချိတ်ဆက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားသည့်မြို့ဖြစ်ကြောင်း၊ ကွမ်ကျိုး၊ ရှန်းကျန့်အစရှိသည့်မြို့ကြီးများနှင့် အလွယ်တကူ ချိတ်ဆက်သွားလာနိုင်ရာအချက်အချာကျသည့် နေရာတွင် တည်ရှိနေပြီး စားသုံးသူအများအပြားရှိသောကြောင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း များအတွက် အခြေခံအဆောက်အအုံများ လိုလားချက်မှာ အားကောင်းဆဲဖြစ်ကြောင်း၊ အာရှ- ပစိဖိတ်ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှု အများအပြားရှိလာမည်ကို မြင်တွေ့ နိုင်ကြောင်း၊ အာရှ၏ အကြီးဆုံးထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းအတွက် အိမ်ခြံမြေကုမ္ပဏီ ESR Cayman Company သည် Singaporean sovergin wealth fund GIC နှင့် Joint Venture ပြုလုပ်ပြီး အမေရိကန်ဒေါ်လာ (၇၅၀) မီလီယံကို အိန္ဒိယနိုင်ငံ စက်မှုလုပ်ငန်းနှင့် ထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၌ e-commerce လုပ်ငန်း များ ရေရှည်ဆက်လက်ဖွံ့ဖြိုးရန် အင်တာနက် ထိုးဖောက်မှု မြှင့်တင်နိုင်ရန် အားပေးဆောင်ရွက် မည်ဖြစ်ကြောင်း၊ ဟောင်ကောင်အခြေစိုက် Kerry Logistics Network’s Thai subsidiary မှလည်း ပါဆယ်ထုပ်များ ဖြန့်ဖြူးပို့ပေးသည့် ၎င်း၏ဝန်ဆောင်မှုလုပ်ငန်းများကို အရှေ့တောင် အာရှနိုင်ငံများတွင် လုပ်ငန်းတိုးချဲ့ရန် စီစဉ်ထားကြောင်း၊ Kerry Express Thailand ကလည်း ထိုင်းနိုင်ငံတွင် စတော့ရှယ်ယာ (၃၀၀) မီလီယံ ရောင်းချပြီး သယ်ယူပို့ဆောင်ရေးစနစ်နှင့် လုပ်ငန်း စွမ်းဆောင်ရည်များတိုးတက်စေရန် ရင်းနှီးမြှုပ်နှံမှုကို ထိုင်းဘတ် (၈.၄) ဘီလီယံ (ဟောင်ကောင် ဒေါ်လာ၂ ဘီလီယံ) အထိ တိုးမြှင့်ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားကြောင်း ဖော်ပြပါရှိပါသည်။

ဒေါ်အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading