ပြည်ပသတင်းများ

ဒစ်ဂျစ်တယ်လ်စီးပွားရေးလုပ်ငန်းအတွက် ကျဲ့ကျန်းပြည်နယ် မှ နည်းဥပဒေများ ထုတ်ပြန်လိုက်ခြင်း

တရုတ်နိုင်ငံရှိ ကျဲ့ကျန်း (Zhejiang) မှ တရားဥပဒေ ရေးဆွဲသူများသည် နည်းပညာ ပိုင်းဆိုင်ရာ အင်အားကြီးမားသည့် Alibaba Group Holding နှင့် NetEase တို့၏လုပ်ငန်းများ အား မူလအနေအထားသို့ ပြန်လည်ဆောင်ရွက်ရန်နှင့် ဒစ်ဂျစ်တယ်လ်စီးပွားရေးလုပ်ငန်းအတွက် စည်းမျဉ်းစည်းကမ်းများ ချမှတ်လိုက်ကြောင်း၊ အဆိုပါ လမ်းညွှန်ချက်များတွင် အချက်အလက် များ (Data) မျှဝေခြင်းများ၊ ဒစ်ဂျစ်တယ်လ်အခြေခံအဆောက်အအုံများနှင့် ပြည်နယ်အတွင်း လုပ်ငန်းများအား ဒစ်ဂျစ်တယ်လ်နည်းစနစ်ဖြင့် အသုံးပြုနိုင်ရေးတို့ပါဝင်ကြောင်း၊ အဆိုပါဥပဒေသစ် မှာ ၂၀၂၁ ခုနှစ်၊ မတ်လတွင် သက်ဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဥပဒေအရလုပ်ငန်းများ ဒစ်ဂျစ်တယ်လ်ဖြင့် ဆောင်ရွက်နိုင်မှုအပေါ် လွှမ်းမိုးနိုင်မှုအတွက် နည်းပညာဖြင့် ဦးဆောင်နိုင် သည့် သမိုင်းမှတ်တိုင်လည်းဖြစ်ကြောင်း၊ ဒေသတွင်းဒစ်ဂျစ်တယ်လ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အားကောင်းပြီး အဆင့်အားလုံးအတွက် တန်းတူဆောင်ရွက်နိုင်ရန် သေချာကြောင်း၊ အဆိုပါ ဥပဒေမှာ အချက်အလက်များ (Data) ပေါ်တွင် အဓိကထား ဆောင်ရွက်ပြီး ကမ္ဘာတစ်ဝှမ်းရှိ စည်းမျဉ်းရေးဆွဲသူများမှာ ကိုယ်ရေးကိုယ်တာအချက်အလက်များအား လျှို့ဝှက်ထားပေးခြင်း နှင့် အချက်အလက်များ မျှဝေခြင်းများကို ဟန်ချက်ညီအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃၀ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Coco Fengက “Zhejiang issues rules on digital economy” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထား ပါသည်။

သတင်းအချက်အလက်များ ကောက်ခံမှုတိကျရန် ဒေသရှိအာဏာပိုင်များတွင် တာဝန် ရှိကြောင်းနှင့် လုပ်ငန်းများ၊ လူမှုအသိုက်အဝန်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး မူဝါဒအသစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျဲ့ကျန်း၏ စည်းမျဉ်းစည်းကမ်းတွင် နိုင်ငံတစ်ဝှမ်းရှိဒေတာများ၊ ဒစ်ဂျစ်တယ်လ်အခြေခံအဆောက်အအုံများအပေါ် အာရုံစိုက်အလေး ထားဆောင်ရွက်မည်ဖြစ်ကြောင်း၊ “Integrated National Big Data Centre and Innoviation Centre” နှင့် “ National Fundamental Strategic Resources and Important Production Element”တို့နှင့် ပတ်သက်၍ ၂၂-၁၂-၂၀၂၀ ရက်နေ့တွင် လမ်းညွှန်ချက်များ ထုတ်ပြန်ခဲ့ကြောင်း၊ ကျဲ့ကျန်းသည်လွန်ခဲ့သော ဆယ်စုနှစ်ကျော်ကတည်းက ဒစ်ဂျစ်တယ်လ်စီးပွားရေးကို လုပ်ကိုင် နေခြင်းဖြစ်ကြောင်း၊ ကျဲ့ကျန်း၏ မြို့တော်ဖြစ်သည့် ဟန်ကျိုးမြို့တွင် Alibaba နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများဖြစ်သည့် Ant Group နှင့် NetEase တို့၏ ရုံးချုပ်များလည်းရှိကြောင်း ဖော်ပြပါရှိပါသည်။

ဒေါ်အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading