ပြည်ပသတင်းများ

Ant ကုမ္ပဏီ၏ လုပ်ငန်းတိုးချဲ့မှုအား ထိန်းသိမ်းနိုင်အောင် မူလအနေအထားဖြင့် ပြန်လည်လုပ်ဆောင်ရန် စည်းမျဉ်း စည်းကမ်းများ ထိန်းသိမ်းဆောင်ရွက်သည့်အဖွဲ့မှ ညွှန်ကြား ခဲ့ခြင်း

ပေကျင်းမှ လုပ်ငန်းများကို စည်းမျဉ်းစည်းကမ်းများဖြင့် တရားဝင်ထိန်းသိမ်းဆောင်ရွက်သောအဖွဲ့သည် ငွေကြေးကဏ္ဍ မှ စိန်ခေါ်မှုများကို မထိန်းချုပ်နိုင်မှုများ ကြီးထွားလာမှုကို ကာကွယ်ရန် ကမ္ဘာ့အကြီးဆုံး ငွေကြေးကုမ္ပဏီဖြစ်သည့် Ant Group ၏ ဝန်ဆောင်မှုလုပ်ငန်းကို နည်းပညာလွှမ်းမိုးမှုများမှ ထိန်းသိမ်းနိုင်ရန် မူလအနေအထားဖြင့် ပြန်လည်ဆောင်ရွက်ရန် ညွှန်ကြားခဲ့ကြောင်း၊ Ant Group အနေဖြင့် အွန်လိုင်းငွေပေးချေမှုများ၊ ပုံမှန်မဟုတ်သော ယှဉ်ပြိုင်မှုများမှ ကာကွယ်ရန်၊ စားသုံးသူများ၏ ကိုယ်ရေးအချက်အလက်များကို အကာအကွယ် ပေးရန်၊ ၎င်း၏ စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲရန် ငွေကြေးကုမ္ပဏီများထူထောင်ရန်၊ အာမခံ လုပ်ငန်းများ၊ ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုများ၊ အကြွေးဝယ်လုပ်ငန်းများတွင် ပုံမှန်မဟုတ်သော အချက် များကို ပြုပြင်ရန်၊ စည်းမျဉ်းစည်းကမ်းများအရ ငွေကြေးကဏ္ဍပိုင်ဆိုင်မှုနှင့် စီးပွားရေးလုပ်ငန်း များကို ဆောင်ရွက်ရန် အစရှိသော လုပ်ငန်းများကို မူလအနေအထားဖြင့် ပြန်လည်လုပ်ကိုင် ရမည်ဖြစ်ကြောင်း၊ Ant Group သည် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုအပ်ချက်များကို လိုက်နာ ဆောင်ရွက်ရန်နှင့် ဈေးကွက်လက်ဝါးကြီးအုပ် ဆောင်ရွက်မှုများနှင့် ပတ်သက်၍ လိုက်နာရန် ပျက်ကွက်မှုများရှိနေသည်ကို ထိန်းထားရန်ဖြစ်ကြောင်း၊ Ant Group အနေဖြင့် ပြန်လည် ကောင်းမွန်စေမည့် အစီအစဉ်များနှင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် အချိန်ဇယားကို ချက်ချင်းဆောင်ရွက်ရန်လိုအပ်နေကြောင်း၊ ဈေးကွက်များအကြား ဈေးကစားခြင်းများနှင့် ပတ်သက် သည့် စည်းမျဉ်းစည်းကမ်းများကိုလည်း လျစ်လျူရှုဆောင်ရွက်လျက်ရှိနေကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလအစောပိုင်းတွင် Dual Initial Public Offering ကို ရပ်ဆိုင်းခဲ့ရကြောင်း၊ Ant Group အနေဖြင့် ငွေကြေးများကို စည်းကမ်းမဲ့စွာ တိုးချဲ့နေခြင်းအား ကာကွယ်ပေးရန်နှင့် Ant Group ၏ လုပ်ဆောင်မှုများကို ယုံကြည်မှုရှိအောင် ကြိုးစားဆောင်ရွက်သွားရန်အတွက် ကွန်မြူနစ် ပါတီမှ ဆုံးဖြတ်ချက်ချသူများမှ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလတွင် ကတိပြုခဲ့ကြောင်း၊ Alibaba Group Holdings ၏ အဓိကလုပ်ငန်းကြီးနှစ်ခုဖြစ်သည့် Alibaba’se-commerce platform နှင့် လက်အောက်ခံကုမ္ပဏီဖြစ်သော Ant ၏ ငွေကြေးနည်းပညာ စီးပွားရေးလုပ်ငန်းတို့ကို ဆန့်ကျင် ၍ Ant Group က ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ဈေးကွက်စည်းမျဉ်းစည်းကမ်းများကို ကိုင်တွယ် စီမံဆောင်ရွက်သည့် ပြည်နယ်အဆင့် Antitrust regulator မှ Alibaba ၏ လုပ်ငန်းဆောင်ရွက် မှုများကို စစ်ဆေးခဲ့ပြီး ၂၀၁၄ မှ ၂၀၁၇ ခုနှစ်အကြား Intime Retail Group ၏ အရောင်းဆိုင် စီမံခန့်ခွဲသူ၏ ခေါင်းဆောင်မှု လွှဲယူခြင်းအား ထုတ်ဖော်ပြောဆိုမှု မရှိခဲ့ခြင်းကြောင့် သက်ဆိုင်ရာ ဌာနအား ဒဏ်ကြေးငွေပေးဆောင်ရန် ၁၄-၁၂-၂၀၂၀ ရက်နေ့ကချမှတ်ခဲ့ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Iris Ouyang က “Ant Ordered to return to roos as regulators seek to rein in expansion” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် Ant လုပ်ငန်း၏ စီမံခန့်ခွဲမှုစနစ်တွင်လည်း ကုမ္ပဏီ၏ လုပ်ဆောင် မှုများမှာ စားသုံးသူများ၏ ဥပဒေပိုင်းဆိုင်ရာအကျိုးအမြတ်များကို ထိခိုက်လျက်ရှိသည်ကို တွေ့ရှိရကြောင်း၊ Ant လုပ်ငန်းအနေဖြင့် ပြုပြင်ပြောင်းလဲသည့်လုပ်ငန်းအဖွဲ့ကို တည်ထောင် ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုများနှင့်ကိုက်ညီအောင် အကောင်အထည်ဖော်မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ငွေကြေးကဏ္ဍနှင့် ဆက်စပ်နေသည့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် အကျိုးရှိသည့် အနေအထားဖြင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးကို ပြန်လည်သုံးသပ်ပြု ပြင်ခြင်း၊ စီးပွားရေးလုပ်ငန်းများကို ဘက်စုံဖွံ့ဖြိုးတိုးတက်ရန်နှင့် လူမှုရေးရာတာဝန်ခံ ဆောင်ရွက် မှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်း၊ Ant သည် ငွေပေးချေမှုများကို Alibaba ၏ လက်ခွဲတစ်ခု အနေဖြင့် ၂၀၀၄ ခုနှစ်မှ စတင်၍ ဆောင်ရွက်ခဲ့ပြီး ယင်းအချိန်မှ စတင်၍ နည်းပညာနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ပံ့ပိုးသူအနေဖြင့် ဆောင်ရွက်ခဲ့ရာ ဝင်ငွေအများအပြားရရှိခဲ့ကြောင်း၊ Ant လုပ်ငန်းမှ Alipay ငွေပေးချေမှု ပလက်ဖောင်းကို ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းတွင် နှစ်စဉ်အသုံးပြုသူ (၁.၃) ဘီလီယံရှိကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေါ်အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading