ပြည်ပသတင်းများ

ဟောင်ကောင်ဒေသ၏ ကြွေးမြီစာချုပ်များမည်ကဲ့သို့ မြင့်တက် နိုင်မည်လဲ

တရုတ်ပြည်မကြီးမှ ပြည်ပတွင် ရင်းနှီးမြှုပ်နှံထားသော ကုမ္ပဏီအများစုမှာ ဟောင်ကောင် ဒေသစတော့ဈေးကွက်ကြောင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ဟောင်ကောင်ဒေသ၌ ဒုတိယ အများဆုံး ပြုလုပ်လာကြကြောင်း၊ သို့သော် ဟောင်ကောင်ဒေသ၏ ကြွေးမြီစာချုပ် ဈေးကွက်မှာ ကန့်သတ်ထားဆဲဖြစ်သောကြောင့် ဂျပန်နိုင်ငံကဲ့သို့သော အာရှဈေးကွက်နိုင်ငံများ၏နောက်တွင် သာရှိသေးကြောင်း၊ စတော့ရှယ်ယာများ လွှဲပြောင်းမှုတိုင်းအတွက် မှတ်ပုံတင်ခြင်း၊ ငွေပေးချေ ခြင်းနှင့် ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းအတွက် စီမံခန့်ခွဲမှုတွင် ထိရောက်စွာဆောင်ရွက်နိုင်ရန် Central Securities Depository (CSD) အမည်ရှိ Post Trade Financial Infrastructure တို့ လိုအပ် ကြောင်း၊ ဒေသတွင်း စာချုပ်ဈေးကွက်အတွက် ဟောင်ကောင်ငွေကြေးအာဏာပိုင်အဖွဲ့မှ ထူထောင်ထားသော (CSD) ဖြင့် ဆောင်ရွက်ပြီး နယ်စပ်ဖြတ်ကျော် ငွေလွှဲပြောင်းမှုများအတွက် International Central Securities Depository (ICSD) ဖြင့် ဆောင်ရွက်ကြောင်း၊ အဓိက (ICSDs) နှစ်ခုမှာ ဘယ်လ်ဂျီယံနှင့်လူဇင်ဘတ်နိုင်ငံတို့တွင်ရှိကြောင်း၊ အာရှဒေသမှ ငွေလွှဲပြောင်း မှုများမှာ ဥရောပရှိ ICSD နှင့် ဆောင်ရွက်လျက်ရှိပြီး ငွေလွှဲပြောင်းမှုနှင့် ငွေပေးချေမှုများအတွက် စိန်ခေါ်မှုများ မြင့်မားလျက်ရှိကြောင်း၊ အာရှဖွံ့ဖြိုးရေးဘဏ်စာရင်းအရ Euroclear Bank အချင်းချင်း စာရင်းရှင်းလင်းမှုကုန်ကျစရိတ်မှာ  ယူရို ဆင့် (၃၀) ဟောင်ကောင်ဒေါ်လာအားဖြင့် (၃) ဒေါ်လာ နှင့် ငွေလွှဲပြောင်းမှုအတွက် ပေါင်စတာလင် (၁.၅၀) သာ ကုန်ကျကြောင်း၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့တွင် ငွေလွှဲပြောင်းခများမှာ အမေရိကန် ဒေါ်လာ(၂၀) မှ (၈၀) အထိ ကုန်ကျကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “ How Hong Kong can sharpen its bond edge” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် ICSDs တည်ထောင်ခြင်းဖြင့် နိုင်ငံတကာငွေလွှဲပြောင်းမှု ကုန်ကျ စရိတ်လျော့ကျရန်သာမက ကြွေးမြီစာချုပ်ဈေးကွက် ဖွံ့ဖြိုးရန်အတွက်လည်း လွယ်ကူချောမွေ့ စေပြီး အာရှဒေသတွင် ငွေကြေးကဏ္ဍအသုံးပြုမှု တိုးတက်နိုင်မည်ဖြစ်ကြောင်း၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနိုင်ငံတို့နှင့် ယှဉ်လျှင် ဟောင်ကောင်ဒေသသည် အာရှဒေသ၏ ICSD တည်ထောင်ရန် ပိုမိုကောင်းမွန်သည့် အနေအထားတွင် ရှိကြောင်း၊ The Central Market Unit သည် ဉရောပ၏ ICSDs နှစ်ခုနှင့် တရုတ်ပြည်မကြီးမှ CSDs (၃) ခုနှင့် တိုက်ရိုက် ချိတ်ဆက် လျက်ရှိကြောင်း၊ တရုတ်ပြည်မကြီးမှ ငွေကြေးစည်းမျဉ်းရေးဆွဲသူများမှာ ပြည်ပမှရင်းနှီးမြှုပ်နှံ သူများကို ကန့်သတ်တားမြစ်ချက်များအား လွန်ခဲ့သော (၂) နှစ်မှစတင်၍ ဖြေလျှော့ပေးလျက် ရှိကြောင်း၊ တရုတ်ပြည်မကြီး၏ အဓိကဝင်ထွက်ရာဂိတ်ဖြစ်သော ဟောင်ကောင်ဒေသသည် ကမ္ဘာ့တတိယအကြီးဆုံး ကြွေးမြီစာချုပ်ဈေးကွက်ဖြစ်နိုင်ပြီး စာချုပ်များဖြင့် ချိတ်ဆက်ခြင်းဖြင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ မြင့်တက်လာနိုင်ပြီး ဟောင်ကောင်ဒေသအတွက် တိုက်ရိုက် အကျိုးရှိနိုင်ကြောင်း၊ ဟောင်ကောင်ဒေသတွင် ICSD တည်ထောင်ခြင်းဖြင့် ငွေကြေးအခြေခံ အဆောက်အအုံများ တောင့်တင်းခိုင်မာလာနိုင်ကြောင်း၊ နယ်စပ်ဖြတ်ကျော် ငွေလွှဲပြောင်းမှုများ၊ တရုတ်ပြည်မကြီး၌ ငွေကြေးကဏ္ဍ ဖြေလျေှာ့မှုများနှင့် ယွမ်ငွေကြေးကို နိုင်ငံတကာတွင်  အသုံး ပြုနိုင်ရေး အစရှိသည့်အခွင့်အလမ်းကောင်းများ ရရှိနိုင်ပြီး ဟောင်ကောင်ဒေသအား နိုင်ငံတကာ ငွေကြေးစင်တာအနေဖြင့် ဦးဆောင်လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေါ်အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading