ပြည်ပသတင်းများ

ဟောင်ကောင်ဒေသသည် ပတ်ဝန်းကျင်ကို ထိခိုက်မှုနည်း သော ရေရှည်တည်တံ့စေမည့် ငွေကြေးကဏ္ဍ ဆောင်ရွက်ရန် အဓိကကျလျက်ရှိခြင်း

တရုတ်နိုင်ငံသည် ကာဗွန်ကင်းစင်မှုကို ၂၀၆၀ ပြည့်နှစ်တွင် အပြည့်အဝ‌ဆောင်ရွက် နိုင်ရန် စက်တင်ဘာလကကတိကဝတ်ပြုခဲ့ပြီး ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့ကလည်း ၂၀၅၀ ပြည့်နှစ်တွင် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှုကို သုညအထိ လျှော့ချနိုင်ရန်နှင့်ဟောင်ကောင် ဒေသမှလည်း ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ကင်းစင်ရန် ကတိပြုခဲ့ကြောင်း၊  ဥရောပအဖွဲ့ဝင်နိုင်ငံ များကလည်း ကာဗွန်ကင်းစင်ရန် အဆိုပါအချိန်ကာလအပိုင်းအခြားအတွင်း လိုက်ပါဆောင်ရွက် လျက်ရှိကြောင်းနှင့် အမေရိကန်နိုင်ငံအနေဖြင့်လည်း နောင်လာမည့်အုပ်ချုပ်မှုအသစ် လက်ထက် တွင် အလားတူကတိကဝတ်များ ပြုလုပ်ရန် မျှော်လင့်ကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများနှင့် သုံးစွဲသူများမှ ကာဗွန်များကို နှစ်ပေါင်း (၃၀ မှ ၄၀) အတွင်း အမြင့်ဆုံး ပမာဏမှ သုညအထိလျှော့ချရန်မှာ ငွေကြေးပမာဏ အမြောက်အမြားလိုအပ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၉ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ Christine Loh က “HK Key to green finance” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆိုပါသတင်းတွင် အခြေခံအဆောက်အအုံများရင်းနှီးမြှုပ်နှံမှုနှင့် မြို့တော်စီမံခန့်ခွဲမှု အတွက် ရာသီဉတုပြောင်းလဲမှုကြောင့် ဖြစ်ပွားသော မြေပြိုမှုများ၊ ရေလွှမ်းမိုးမှုများနှင့် မုန်တိုင်း များ ဝင်ရောက်တိုက်ခတ်မှု၏ သက်ရောက်မှုများကိုလည်း လက်ခံဆောင်ရွက်နိုင်ရန် လိုအပ်လျက် ရှိကြောင်း၊ ဟောင်ကောင်ငွေကြေးဈေးကွက်မှာ ဟောင်ကောင်ဒေါ်လာ (၄၅.၇) ထရီလီယံရှိပြီး ငွေကြေးဝန်ဆောင်မှုပေးနိုင်သည့်‌ အချက်အချာကျသည့် ဒေသအဖြစ် နိုင်ငံတကာတွင် သိသာ ထင်ရှားလျက်ရှိကြောင်း၊ The Green and Sustainable Finance Cross-Agency Steering Group ကို ၂၀၂၀ ပြည့်နှစ်၊ မေလတွင် စတင်ဖွဲ့စည်းခဲ့ပြီး  Hong Kong Monetary Authority (HKMA) မှ တွဲဖက်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်များအနေဖြင့် စတော့အိတ် ချိန်း၊ အာမခံလုပ်ငန်းနှင့် ပတ်သက်သည့် တာဝန်ရှိသူများ၊ အိုနာစာရန်ပုံငွေ (Mandatory Provident Fund) အစီအစဉ် အာဏာပိုင်၊ သဘာဝပတ်ဝန်းကျင်ဗျူရိုနှင့် ငွေကြေးဝန်ဆောင်နှင့် စာချုပ်ဗျူရိုတို့ပါဝင်ကြောင်း၊ ဟောင်ကောင်ဒေသအား ပတ်ဝန်းကျင်ထိခိုက်မှုနည်းသော ရေရှည် တည်တံ့စေမည့် ငွေကြေးကဏ္ဍ အချက်အချာကျသည့်ဒေသအဖြစ် ဆောင်ရွက်နိုင်အောင် ကူညီရန် The Green and Sustainable Finance Cross-Agency Steering Group က ထုတ်ပြန်ခဲ့ ကြောင်း၊နိုင်ငံတကာမှ အစိုးရများမှ ကာဗွန်အနည်းဆုံးနှင့် ရေရှည်တည့်တံ့စေမည့် အစိမ်းရောင် မူဝါဒကို တင်းကျပ်စွာ ဆောင်ရွက်လာကြရာ ကာဗွန်ပါဝင်မှုမြင့်မားပြီး ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်ပေါ်စေသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအတွက် စိတ်ခေါ်မှုများဖြစ်စေကြောင်း၊ ရင်းနှီးမြှုပ်နှံ သူအများစုမှာ ကာဗွန်ပါဝင်မှုနည်းပြီး ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေရှိသော ရင်းနှီးမြှုပ်နှံ မှုများကို ပိုမိုရှာဖွေလာရာ အဆိုပါအချက်အလက်နှင့် ကိုက်ညီသောကုမ္ပဏီများမှာ ဖျက်သိမ်းရန် မလိုအပ်သောကြောင့် ၎င်းတို့၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် သက်ဆိုင်ရာအချက်အလက်များ က ပတ်ဝန်းကျင်ဆိုင်ရာ စိန်ခေါ်မှုများနှင့် ဆက်စပ်နေမှုများကို သိရှိနိုင်ရန်အထောက်အပံ့ဖြစ်စေ မည်ဖြစ်ကြောင်း၊ ဥရောပ၊ ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတို့တွင် အဆိုပါအချက်များကို ဆောင်ရွက်နေပြီဖြစ်ပြီး လုပ်ငန်းများတွင် Environmental Social and Governance (ESG) disclosures ကို လုပ်ကိုင်ဆောင်ရွက်လာကြပြီဖြစ်ကြောင်း၊ ကာဗွန်ပါဝင်မှု နည်းပါးပြီး ရေရှည် တည်တံ့နိုင်မည့် စံချိန်မီ ငွေကြေးအစီရင်ခံစာအသစ် ဖြစ်ပေါ်လာအောင် တရုတ်နှင့် ဥရောပ နိုင်ငံတို့ ပူးပေါင်းဆောင်ရွက်နိုင်ရန် ဟောင်ကောင်မှ ပါဝင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဟောင်ကောင်ဒေသ၌ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း Sustainable and Green Exchange ကိုလည်းကောင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲသူ မန်နေဂျာများအတွက် အချက် အလက်များ ရရှိနိုင်ရန် online portal designed တို့ကိုလည်းကောင်း စတင်ဆောင်ရွက် ခဲ့ကြောင်း၊ ဟောင်ကောင်အစိုးရ၏ Carbon Neutrality Plan ကို ၂၀၂၁ ခုနှစ်၊ နှစ်လယ်တွင် ထုတ်ပြန်နိုင်ရန် မျှော်လင့်ထားကြောင်း၊ ရေရှည်တွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် ဆက်စပ် လျက်ရှိသော လျှပ်စစ်၊ ရေနှင့် ရေရှည်တည်တံ့စေမည့် သစ်တောများ ထိန်းသိမ်းထားနိုင်ရန်တို့ အတွက်လည်း ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဒေါ်အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading