ပြည်ပသတင်းများ

China-ASEAN Sugar, Agriculture Machinery & Sugarcane Mechanization Exhibition ပြပွဲအား တရုတ်နိုင်ငံ၊ နန်နင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ Nanning International Convention and Exhibition Center (NICEC) ၌ The China-ASEAN Sugar, Agriculture Machinery & Sugarcane Mechanization Exhibition (The Sugar All Expo) အား ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်နေ့မှ (၂၁) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၎င်းပြပွဲ၏ ရည်ရွယ်ချက်မှာ သကြားလုပ်ငန်းတစ်ခုလုံး၏ ဘက်စုံပူးပေါင်းဆောင်ရွက် မှုအား မြှင့်တင်ရန်၊ တရုတ်နှင့် အာဆီယံနိုင်ငံများအကြား ကြံသကြားကဏ္ဍ၌ စက်များဖြင့် ဆောင်ရွက်ပြီး အသွင်ပြောင်းလဲအဆင့်မြှင့်တင်သွားရန်တို့ဖြစ်သဖြင့် ၎င်းပြပွဲ၌ တရုတ်နှင့် အာဆီယံ နိုင်ငံများက ၎င်းတို့၏ သကြားကဏ္ဍဖွံ့ဖြိုးတိုးတက်မှုများအား ပါဝင်ခင်းကျင်းပြသခဲ့ကြပါသည်။ (၃) ရက်ကြာကျင်းပခဲ့သည့် အဆိုပါပြပွဲအား တရုတ်-အာဆီယံကုန်စည်ပြပွဲ ကျင်းပရေး အတွင်းရေးမှူးရုံး၊ တရုတ်သကြားအသင်းနှင့် တရုတ်လယ်ယာစိုက်ပျိုးရေးဆိုင်ရာ စက်ကိရိယာ များအသင်းတို့က ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ပါသည်။

စတုရန်းမီတာ (၄၉,၀၀၀) ကျယ်ဝန်းသည့် ၎င်းပြပွဲကာလအတွင်း သကြား၊ သကြားမှ ထုတ်လုပ်သည့်/ သကြားဖြင့် ထုတ်လုပ်သည့် အစားအစာများ၊ လယ်ယာစိုက်ပျိုးရေးစက်ပစ္စည်း များနှင့်သကြားထုတ်လုပ်မှုဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအား စုစည်းပြသခဲ့ခြင်းဖြစ်ပါသည်။ ပြပွဲကာလအတွင်း တရုတ်အဆင့်မြင့်သကြားဖိုရမ်၊ တရုတ်-အာဆီယံ ခေတ်မီလယ်ယာစိုက်ပျိုး ရေးဆိုင်ရာ စက်ကိရိယာပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးဖိုရမ်၊ အဆင့်မြင့်နည်းပညာသုံး သကြားလုပ်ငန်းဖွံ့ဖြိုးမှုဖိုရမ်တို့ကိုလည်း ကျင်းပခဲ့ပါသည်။

တရုတ်နိုင်ငံ၏ သကြားထုတ်လုပ်မှုတွင် အရှုံးပေါ်နေသည်များအား ပြန်လည်နာလန်ထူ လာနိုင်စေရန် (၂၀၁၉) ခုနှစ်နှင့် (၂၀၂၀) ခုနှစ်များအတွင်း နှစ်နှစ်ဆက်တိုက် ဆောင်ရွက်နိုင်ခဲ့ ကြောင်း၊  စက်မှုလုပ်ငန်းဆိုင်ရာဝန်ဆောင်မှုစွမ်းရည် တိုးတက်စေရန် စက်ကိရိယာများနှင့် စနစ်များဖြင့် ပြုပြင်ပြောင်းလဲလျက် ရှေ့သို့တည်ငြိမ်စွာ တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ အပြည်ပြည်ဆိုင်ရာဘက်စုံယှဉ်ပြိုင်နိုင်စွမ်း ထပ်ဆောင်းတိုးတက်လာစေရန် ပြည်တွင်း ပြည်ပရင်းမြစ်များအား အပြည့်အဝအသုံးချသွားမည်ဖြစ်ကြောင်း China National Light Industry Council မှ ဒုတိယဉက္ကဋ္ဌ JiaZhiren က မှတ်ချက်ပြုပြောကြားခဲ့ပါသည်။

ကွမ်ရှီးဒေသသည် တရုတ်နိုင်ငံတွင် ကြံသကြား အများဆုံးစိုက်ပျိုးရာဒေသဖြစ်ပြီး၊ ၎င်းဒေသမှ ကြံသကြားထုတ်လုပ်မှုမှာ တရုတ်တစ်နိုင်ငံလုံးမှ ကြံသကြားထုတ်လုပ်မှု၏ (၆၀) ရာခိုင်နှုန်းဝန်းကျင်ရှိပါသည်။နန်နင်းမြို့အခြေစိုက်ထိုင်းကောင်စစ်ဝန်ချုပ် Benjamas Tanvetyanont က သကြားလုပ်ငန်း၌ ထိုင်းနှင့် ကွမ်ရှီးတို့က ကာလရှည်ကြာ ဆက်သွယ်ပူးပေါင်းဆောင်ရွက် လာခဲ့ကြောင်း၊ ကွမ်ရှီး၏ သကြားလုပ်ငန်းတွင် ထိုင်းကုမ္ပဏီများ လာရောက်ရင်းနှီးမြှုပ်နှံနေ သည်မှာ (၂၈)နှစ်ရှိပြီဖြစ်ကြောင်း သူမ၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

ရင်းမြစ်၊ en.gxzf.gov.cn (၂၁-၁၂-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading