ပြည်ပသတင်းများ

တရုတ်ပြည်မကြီး၏ ငွေကြေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရန် ဟောင်ကောင်ဒေသသည် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိကြောင်း ဟောင်ကောင်ဘဏ္ဍာရေး အတွင်းဝန် (ဝန်ကြီး) က ပြောကြားခြင်း

ဒေသတွင်းနှင့်ပြည်ပနိုင်ငံများ၌ ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်နိုင် သည့် ဟောင်ကောင်‌ဒေသအခြေစိုက် Alibaba Group Holding၊ Ant Group နှင့် Tencent Holdings အစရှိသည့် အင်အားကြီး ငွေကြေးနည်းပညာကုမ္ပဏီများရှိရာ တရုတ်ပြည်မကြီး၏ ငွေကြေး နည်းပညာဖွံ့ဖြိုးတိုးတက်ရန်အတွက် ဟောင်ကောင်ဒေသမှာ အ‌ရေးပါသည့်အခန်း ကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု ဟောင်ကောင်ဘဏ္ဍာရေးအတွင်းဝန် (ဝန်ကြီး) Mr. Paul Chan Mo-po က ပြောကြားခဲ့ကြောင်း ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ EnochYiu က “Chan sees key HK role in mainland fintech growth” ခေါင်းစဉ်ဖြင့် သတင်းဖော်ပြပါရှိပါသည်။

အဆိုပါသတင်းတွင် China Fintech Report 2020 အရ တရုတ်နိုင်ငံသည် အချိန်တို အတွင်း ငွေကြေးနည်းပညာ တိုးတက်မှုများရှိလာကြောင်း၊ တရုတ်ပြည်မကြီးသည် ငွေကြေး နည်းပညာများ ဆက်လက်တိုးချဲ့ဆောင်ရွက်နေမည်ဖြစ်ရာ ကမ္ဘာ့ငွေကြေးစင်တာတစ်ခုဖြစ်သည့် တရုတ်ပြည်မကြီး၏ ငွေကြေးစွမ်းအားများ မြင့်မားလာရန်နှင့် အရေးကြီးသည့် လုပ်ငန်းကြီးများ အတွက် ဝင်ထွက်ရာဒေသဖြစ်သည့် ဟောင်ကောင်ဒေသ၏ အခန်းကဏ္ဍမှာ အရေးပါလာမည်ဖြစ် ကြောင်း၊ ငွေကြေးနည်းပညာတိုးတက်ရန် အဓိကမောင်းနှင်အားမှာ တရုတ်ပြည်မကြီး၌ မိုဘိုင်း ဖုန်းများ အသုံးပြုမှု၊ အင်တာနက်ဝန်ဆောင်မှုစနစ်သုံးစွဲမှုနှုန်းမြင့်မားမှုကြောင့်ဖြစ်ခြင်းနှင့် အခြား သော အချက်များဖြစ်သည့် ဝင်ငွေများမြင့်တက်လာခြင်း၊ အကြွေးဝယ်သည့်စနစ်၊ ငွေကြေးရင်းနှီး မြှုပ်နှံမှုနှင့် အာမခံလုပ်ငန်းများ သိသာစွာကျယ်ပြန့်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သည် ၎င်း၏ငွေကြေး နည်းပညာများကို ငွေကြေးနည်းပညာ လိုအပ်လျက်ရှိသည့် ဖွံ့ဖြိုးဆဲနိုင်ငံ များသို့ တင်ပို့သွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် စားသုံးသူ (၉၀) ရာခိုင်နှုန်းခန့်မှာ ၎င်းတို့၏ နေ့စဉ်ငွေပေးချေမှုများကို မိုဘိုင်းဖုန်းဝန်ဆောင်မှုများ အသုံးပြုနေခြင်းကြောင့် အသေးစားနှင့် အလတ်စားလုပ်ငန်းအများစုမှာ ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် နည်းပညာများ အသုံးပြုလာကြောင်း၊ China Fintech Report 2020 တွင် တရုတ်ပြည်မကြီးသည် မိုဘိုင်းဖုန်းဖြင့် ငွေပေးချေသည့် ကမ္ဘာ့အကြီးဆုံး ဈေးကွက်ဖြစ်လာကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မိုဘိုင်းဖုန်းဖြင့် ငွေပေးချေမှုပမာဏ (၂၀၀) ထရီလီယံယွမ်ကျော်ရှိကြောင်း၊  ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်းတွင် Tencents၊ Wechat pay နှင့် Alibaba ၏ အဖွဲ့ဝင်ကုမ္ပဏီဖြစ်သည့် Ant’s Alipay တို့ကို အများဆုံး အသုံးပြု၍ ပစ္စည်းဝယ်ယူမှုများ၊ မိုဘိုင်းငွေပေးချေမှုများနှင့် ဒစ်ဂျစ်တယ်လ်ငွေပေးချေမှုတို့ကို တရုတ်ပြည်မကြီး၌ နေထိုင်သူ (၇၇၆) မီလီယံမှ အသုံးပြုလာကြောင်း၊ တရုတ်ပြည်မကြီး၌ အွန်လိုင်းမှ စတော့ရှယ်ယာ အများဆုံးရောင်းချသည့် ကြီးမားသည့် ဈေးကွက်ဖြစ်လာကြောင်းနှင့် အာမခံလုပ်ငန်းများနှင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုများကို အွန်လိုင်းမှ ဆောင်ရွက်မှုများ အရှိန် မြင့်တက်လာအောင်နှင့် တရုတ်ငွေကြေးအား ဒစ်ဂျစ်တယ်လ်စနစ် ဖွံ့ဖြိုးတိုးတက်လာအောင် အဓိကထား ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading