ပြည်ပသတင်းများ

လာမည့်နှစ်တွင် နယ်သာလန်နိုင်ငံ၏ စီးပွားရေးပြန်လည် တိုးတက်ရန် မျှော်မှန်းထားပြီး ကိုဗစ် (၁၉)၏ သက်ရောက်မှု များ ဆက်လက်တည်ရှိနိုင်

နယ်သာလန်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ်တွင် ၅ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ကျဆင်း နိုင်ပြီး၊ စီးပွားရေးပြန်လည်နိုးထမှုသည် နှစ်ကုန်ပိုင်းတွင် ပြန်လည်စတင်နိုင်ကာ ၂၀၂၁ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းဖြင့် ပြန်လည်တိုးတက်နိုင်ကြောင်း နယ်သာလန်နိုင်ငံ၊ ဗဟိုစီမံကိန်းရုံး (CPB) ၏ မေခရိုစီးပွားရေးလေ့လာခန့်မှန်းချက်များက ဆိုသည်။ သို့ရာတွင် လာမည့်နှစ်အတွင်း အလုပ် လက်မဲ့နှုန်း ၇ ရာခိုင်နှုန်းသို့ မြင့်တက်မှုနှင့်အတူ ကိုဗစ် (၁၉) ၏ သက်ရောက်မှုများဆက်လက် တည်ရှိလိမ့်မည်ဖြစ်ကြောင်း သိရသည်။

လာမည့်နှစ်တွင် စီးပွားရေးအစိတ်အပိုင်းအားလုံး အတိုင်းအတာတစ်ခုအထိ ပြန်လည် နာလန်ထူလာနိုင်မည်ဟု နယ်သာလန်နိုင်ငံ၊ ဗဟိုစီမံကိန်းရုံး (CPB) က မျှော်လင့်ထားသည်။ အိမ်ထောင်စုများ၏ စားသုံးမှုသည် ယခုနှစ်တွင် ၅ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းမည်ဖြစ်ပြီး၊ လာမည့် နှစ်တွင် ၄ ဒသမ ၁ ရာခိုင်နှုန်းတိုးတက်မည်ဖြစ်ကြောင်း၊ ယခုနှစ်၏ ရင်းနှီးမြှုပ်နှံမှုသည် (-၇ ဒသမ ၅) ရာခိုင်နှုန်းဖြင့် ကျဆင်းခဲ့ပြီး၊ လာမည့်နှစ်တွင် ၄ ဒသမ ၄ ရာခိုင်နှုန်းဖြင့် တိုးတက်မည်ဟု ခန့်မှန်း ထားသည်။ အလားတူ ပို့ကုန်အပိုင်း၌ ယခုနှစ်တွင် ၅ ဒသမ ၂ ရာခိုင်နှုန်းကျဆင်းမည်ဖြစ်ပြီး၊ လာမည့်နှစ်တွင် ၄ ဒသမ ၇ ရာခိုင်နှုန်းဖြင့် တိုးတက်မည်ဟုလည်းကောင်း၊ ယခုနှစ်၏ သွင်းကုန် သည် (-၃ ဒသမ ၇) ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၄ ရာခိုင်နှုန်း သို့ တိုးတက်မည်ဟုလည်းကောင်း ယင်းက ခန့်မှန်းထားပါသည်။

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် နယ်သာလန်နိုင်ငံ၏ စီးပွားရေးကို မကြုံစဖူးခက်ခဲ သည့်အခြေအနေသို့ တွန်းပို့ခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ထိခိုက်မှုရှိမည်ဟု CPB ၏ ဒါရိုက်တာ ဖြစ်သူ Pieter Hasekamp ကပြောကြားခဲ့သည်။ နယ်သာလန်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၀ ပြည့်နှစ်၏ ဒုတိယသုံးလပတ်ကာလတွင် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၈ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၏ ဒုတိယသုံးလပတ်နှင့် နှိုင်းယှဉ်ချက်အရ ၉ ဒသမ ၅ ရာခိုင်နှုန်း အထိကျဆင်းခဲ့ပြီး၊ နယ်သာလန်နိုင်ငံ၏သမိုင်းတွင် အကြီးများဆုံး စီးပွားရေးကျဆင်းမှုဖြစ်ခဲ့ ကြောင်း Statistics Netherlands ၏ ပြီးခဲ့သည့် သီတင်းပတ် အစီရင်ခံစာများအရ သိရသည်။

ရင်းမြစ် –  (နယ်သာလန်တိုင်းမ်)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading