ပြည်ပသတင်းများ

တရုတ်သို့ ဆိုက်ရောက်လာသည့် အပြည်ပြည်ဆိုင်ရာလေကြောင်း လိုင်းများအတွက် ပထမဆုံးဝင်ရောက်သည့် နေရာအစီအမံများ ပြင်ဆင်မှုအား တရုတ်လေကြောင်းအာဏာပိုင်များပြုလုပ်ခဲ့

တရုတ်နိုင်ငံသို့ပျံသန်းလာသည့် အပြည်ပြည်ဆိုင်ရာခရီးသည်တင် လေကြောင်းလိုင်းများအတွက် ဇွန်လ (၈) ရက်နေ့မှစတင်၍ ချန်ဒူး၊ ကျန်းရှ၊ ဟာဖေနှင့် လန်ကျိုးတို့၏ မြို့တော် များအား ပထမဆုံးဝင်ရောက်နိုင်သည့် နေရာအသစ်များအဖြစ် ထပ်မံထည့်သွင်းလိုက်ကြောင်း တရုတ်မြို့ပြလေကြောင်းလိုင်းစီမံခန့်ခွဲရေးက အွန်လိုင်းပေါ်မှ ထုတ်ပြန်ကြေငြာခဲ့ပါသည်။

ပြင်ဆင်ချက်အရ တီရန်ကျန်း၊ ရှီကျားကျွမ်း၊ ထိုင်ယွမ်၊ ဟူးဟော့၊ ကျီနန်၊ ချင်းတောင်၊ နန်ကျင်း၊ ရှန်းရန်၊ တလျန်၊ ကျန်းကျိုးနှင့် ရှီအန်းတို့အပါအဝင် စုစုပေါင်းမြို့တော် (၁၆) မြို့တို့မှာ တရုတ်သို့ ဝင်ရောက်နိုင်သည့် ပထမဆုံးနေရာများ ဖြစ်လာကြပါသည်။ သို့ရာတွင် ရှန်ဟိုင်းအား ပထမဆုံးဝင်ရောက်နိုင်သည့်နေရာအဖြစ် သတ်မှတ်ထားရာမှ ဖြုတ်ချလိုက်ပြီး ဝူဟန်မြို့အား ထည့်သွင်းလိုက်ပါသည်။

တရုတ်နိုင်ငံသည် မတ်လအတွင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများအား တရုတ်၏ မြို့တော် (၁၂) မြို့သို့ ဆင်းသက်ရန် ညွှန်ကြားလျက် လေကြောင်းလိုင်းများကို စတင် ပြေးဆွဲခဲ့ပြီး လိုက်ပါစီးနင်းလာကြသည့် ခရီးသည်များက လေယာဉ်မစီးနင်းမီ တရုတ်နိုင်ငံမှ လိုအပ်သော ကျန်းမာရေးအထောက်အထားများကို တင်ပြရန် လိုအပ်ကြကာ၊ တရုတ်သို့ ရောက်ရှိချိန်တွင် အကောက်ခွန်ရှင်းလင်းခြင်းနှင့် သီးခြားနေထိုင်ခြင်းစသည့် လိုအပ်ချက်များကို လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

ရင်းမြစ်၊ ဆင်ဟွာ (၂၀၂၀ ဇွန်လ ၉  ရက်)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading