ပြည်ပသတင်းများ

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် စဉ်းစားနေကြောင်း အီးယူ၏ ကုန်သွယ်ရေး ကော်မရှင်နာ Phil Hogan အတည်ပြုပြောကြားခဲ့ခြင်း

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (World Trade Organization-WTO) ၏ အကြီးအကဲရာထူး နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ရန် စဉ်းစားနေကြောင်းကို အီးယူ၏ ကုန်သွယ်ရေးကော်မရှင်နာ ဖြစ်သူ Mr. Phil Hogan က အတည်ပြုပြောကြားခဲ့ကြောင်း၊ ၎င်းအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာအတွက် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ရန် နည်းလမ်းကို ရှာဖွေလျက်ရှိသည်ဟု အီးယူ၏ ဝန်ကြီးများနှင့်အစည်းအဝေးအပြီး ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး အား ပိုမိုထိထိရောက်ရောက် လည်ပတ်နိုင်ရေးအတွက် ပြုပြင်ပြောင်းလဲရေးဆောင်ရွက်ရမည့် လုပ်ငန်းများစွာ ရှိနေရုံသာမက COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာအသိုက်အဝန်းအပေါ် ဆိုးကျိုးသက် ရောက်မှုများဖြစ်ပေါ်စေသည့် အရေးပါသော ကုန်သွယ်မှုဆိုင်ရာကိစ္စရပ်များစွာ ကိုလည်း ဖြေရှင်းဆောင်ရွက်ရန် လိုအပ်နေသည်ဟု ၎င်းအနေဖြင့် ထင်မြင်ယူဆထားကြောင်း လည်း ပြောကြားခဲ့ပါ သည်။

အီးယူနိုင်ငံများအနေဖြင့် ဥရောပတစ်ခုလုံးအတွက် ကိုယ်စားလှယ်လောင်းတစ်ဦး တည်းကိုသာ တင်သွင်းသင့်ကြောင်းကိုလည်း အစည်းအဝေးအဖွင့်တွင် Phil Hogan က ထည့်သွင်းပြောကြားခဲ့ကြောင်း၊ အီးယူသည် နိုင်ငံစုံစနစ်တွင် ခိုင်မာအားကောင်းသော အရည် အသွေးများရှိပြီး၊ နိုင်ငံစုံ ကုန်သွယ်မှုစနစ်အားအကာအကွယ်ပေးရန်နှင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီးအား ထောက်ကူပေးထားနိုင်သော အင်အားစုတစ်ရပ်အဖြစ်လည်း အသိအမှတ်ပြုထား ကြပါကြောင်း၊ ယင်းအချက်ကြောင့် အီးယူအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး၏ ညွှန်ကြားရေးမှူးချုပ်ရာထူးနေရာကို အဆိုပြုရန် အနေအထားသို့ ရောက်ရှိစေကြောင်း၊ လာမည့် သီတင်းပတ်များတွင် အီးယူကိုယ်စားလှယ်လောင်းတစ်ဦး ရွေးချယ်သတ်မှတ်နိုင်ရေး ထပ်မံ ညှိနှိုင်းမှုများ ပြုလုပ်သွားရန်ကို ၎င်းအနေဖြင့် အဆိုပြုလိုကြောင်း ပြောကြားခဲ့သည်ဟု သိရှိရ ပါသည်။

အီးယူနိုင်ငံများအနေဖြင့် ၎င်း၏ ကိုယ်စားလှယ်လောင်းနေရာအတွက် ထောက်ခံမှုရှိ/ မရှိ မေးမြန်းချက်များနှင့် ပတ်သက်၍ အီးယူအဖွဲ့ဝင်နိုင်ငံများစုသည် ဥရောပသမဂ္ဂကို ကိုယ်စား ပြု၍ ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကသာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ညွှန်ကြားရေးမှူးချုပ် ရာထူးနေရာ ဝင်ရောက်ယှဉ်ပြိုင်ရေးကို ပိုမိုထောက်ခံလိုကြသည်ကို သိရှိရကြောင်း၊ သို့ရာတွင် ယင်းကိစ္စရပ်နှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်နေဆဲဖြစ်သည်ဟု ၎င်းကပြောကြားခဲ့ကြောင်း Politico ၏ ၉-၆-၂၀၂၀ နေ့တွင် သတင်းဖော်ပြထားမှုအရ သိရှိရပါသည်။

ရင်းမြစ် –  (Politico)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading