ပြည်ပသတင်းများ

အီးယူနှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်အား ဗီယက်နမ်နိုင်ငံမှ အတည်ပြုခဲ့ခြင်း

ဥရောပသမဂ္ဂနှင့် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် တစ်ရပ်အား ဗီယက်နမ် နိုင်ငံက ၈-၆-၂၀၂၀ နေ့တွင် အတည်ပြုခဲ့ကြောင်း၊ ယင်းသဘောတူညီချက်သည် အီးယူနှင့် ဗီယက်နမ်နိုင်ငံတို့အကြား ကုန်စည်ကုန်သွယ်မှုတွင် အကောက်ခွန်များ၏ (၉၉) ရာခိုင်နှုန်းကို ဖယ်ရှားပေးမည်ဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါအလွန်ကာလတွင် ဗီယက်နမ်နိုင်ငံ၏ စီးပွားရေးပိုမိုတိုးတက်စေရေးအတွက် လိုအပ်ချက်များအား ပံ့ပိုးပေးနိုင်မည်ဖြစ်ကြောင်း၊ အဆိုပါ အီးယူ-ဗီယက်နမ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်ကို ဗီယက်နမ်နိုင်ငံ၊ အမျိုးသား လွှတ်တော်တွင် ထောက်ခံမဲ (၉၄) ရာခိုင်နှုန်းကျော်ဖြင့် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အီးယူ-ဗီယက်နမ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်သည် စင်ကာပူနိုင်ငံ ပြီးလျှင် ဥရောပသမဂ္ဂအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံနှင့် လက်မှတ်ရေးထိုးခဲ့သည့် ဒုတိယမြောက် သဘောတူညီချက်တစ်ရပ်ဖြစ်ပြီး၊ ဗီယက်နမ်နိုင်ငံအနေဖြင့် မော်တော်ကားကဲ့သို့ သော သွင်းကုန်ပစ္စည်းအချို့အတွက် ကူးပြောင်းချိန်ကာလအဖြစ် (၁၀) နှစ် အချိန်ရရှိမည်ဖြစ် ကြောင်း၊ ယင်းသဘောတူညီချက်အရ စာတိုက်လုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ သင်္ဘောလိုင်းနှင့် အစိုးရဝယ်ယူရေးလုပ်ငန်း စသည်တို့အပါအဝင် ဗီယက်နမ်နိုင်ငံ၏ ဝန်ဆောင်မှုလုပ်ငန်းများကို ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ အီးယူ၏ အစားအသောက်နှင့် အဖျော်ယမကာထုတ်ကုန်များ ဖြစ်သည့် ပြင်သစ် ရှန်ပိန်၊ ဂရိ feta cheese ကဲ့သို့သော ထုတ်ကုန်များအတွက် ဗီယက်နမ်နိုင်ငံ အတွင်း၌ တုပပြုလုပ်ခြင်းများကို အကာအကွယ်ပေးခြင်း၊ စံချိန်စံညွှန်းများ ကိုက်ညီစေခြင်းတို့ လည်းပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

ယင်းသဘောတူညီချက်တွင် လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ ကတိကဝတ်များ ပါဝင်သော်လည်း  ယင်းတို့နှင့် စပ်လျဉ်းသည့် ဗီယက်နမ်နိုင်ငံ၏ မှတ်တမ်းများ ကို ဥရောပတွင် ဝေဖန်မှုများလည်းရှိကြောင်း၊  အီးယူ-ဗီယက်နမ် လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက်သည် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဗီယက်နမ်နိုင်ငံ၏ GDP ကို (၂.၄) ရာခိုင် နှုန်းနှင့် ပို့ကုန်တင်ပို့မှုကို (၁၂) ရာခိုင်နှုန်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး၊ လူဦးရေသိန်းပေါင်း များစွာကိုလည်း ဆင်းရဲနွမ်းပါးမှုမှ လွတ်မြောက်စေနိုင်မည်ဟု ကမ္ဘာ့ဘဏ်က ပြောကြားထား ကြောင်း၊ ဗီယက်နမ်နိုင်ငံအနေဖြင့် COVID-19 ကပ်ရောဂါကို တုန့်ပြန်ဆောင်ရွက်နေချိန်တွင် ထိုကဲ့သို့သော အကျိုးကျေးဇူးများသည် စီးပွားရေးတိုးတက်မှုအတွက် အထူးသဖြင့် အရေးကြီး သည်ဟု ကမ္ဘာ့ဘဏ်မှ ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ရင်းမြစ် –  (euractiv.com)

ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး

ဘရပ်ဆဲလ်မြို့

Loading