ပြည်ပသတင်းများ

အိန္ဒိယ၏ လယ်ယာကဏ္ဍမှ ပို့ကုန်တန်ဖိုး ဒေါ်လာ ၄၁ ဘီလီယံအထိ မြင့်တက်ခဲ့ခြင်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ဆောင်မှု များအပေါ် သက်ရောက်ထိခိုက်မှုများရှိနေသော်လည်း  အိန္ဒိယနိုင်ငံသည် ၃၁-၃-၂၀၂၁ နေ့တွင် ကုန်ဆုံးသည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လယ်ယာကဏ္ဍမှ ပြည်ပတင်ပို့မှုမှာ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၄၁.၂၅ ဘီလီယံ ရရှိခဲ့ပြီး ယခင်နှစ်တင်ပို့နိုင်မှုအပေါ် ၁၇.၃၄% တိုးတက်ခဲ့ကြောင်း၊ ရူပီးငွေ တန်ဖိုးဖြင့် ဖော်ပြပါက ရူပီး ၃၀၅ ထရီလီယံရှိပြီး ၂၂.၆၂% တိုးတက်ခြင်းဖြစ်ကြောင်း အိန္ဒိယ ကူးသန်း ရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါ သည်။

အိန္ဒိယ၏ ၂၀၂၀-၂၁ ဘဏ္ဍာနှစ် လယ်ယာကဏ္ဍ သွင်းကုန်တန်ဖိုးမှာ ဒေါ်လာ ၂၀.၆၇ ဘီလီယံဖြစ်ရာ ကုန်သွယ်မှုစာရင်းမျှခြေ၌ ပိုငွေ ဒေါ်လာ ၂၀.၅၈ ဘီလီယံ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ် ကထက် လယ်ယာကဏ္ဍကုန်သွယ်မှုပိုငွေ ၄၂.၁၆% ပိုမိုတိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။

အဆိုပါဝန်ကြီးဌာနမှ အတွင်းဝန် Mr. Anup Wadhawan က အိန္ဒိယ၏ လယ်ယာ ကဏ္ဍမှ ပြည်ပတင်ပို့မှုမှာ ပြီးခဲ့သည့် ၃ နှစ် ကာလအတွင်း တိုးတက်မှု တုန့်ဆိုင်းနေရာမှ ၂၀၂၀-၂၁ ဘဏ္ဍာ နှစ်၌ ထူးကဲစွာတိုးတက်မှု ရရှိခဲ့ခြင်းဖြစ်ကြောင်း ၁၀-၆-၂၀၂၁ နေ့၌ သတင်း ဌာနများသို့ ပြောဆို ပါသည်။ အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ လယ်ယာကဏ္ဍ ပြည်ပပို့ ကုန်တန်ဖိုးမှာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၈.၄၃ ဘီလီယံ၊ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်၌ ဒေါ်လာ ၃၈.၇၄ ဘီလီယံနှင့် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဒေါ်လာ ၃၅.၁၆ ဘီလီယံ အသီးသီးရရှိခဲ့ ကြောင်း တွေ့ရှိရသည်။

၂၀၂၀-၂၁ ခုနှစ်အတွက် ရေထွက်ကုန်နှင့် နှစ်ရှည်စိုက်ခင်းထွက်ကုန်များ ပါဝင်မှု မရှိသော စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၂၉.၈၁ ဘီလီယံ ပါဝင်လျက် ရှိရာ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်၌ တင်ပို့နိုင်မှုထက် ၂၈.၃၆% တိုးတက်ခဲ့ကြောင်း၊ အထူးသဖြင့် နှံစားသီးနှံများအား ပိုမိုတင်ပို့နိုင်ခဲ့ပြီး ဘာစမာတီမဟုတ်သောဆန်များတင်ပို့မှု တန်ဖိုး ဒေါ်လာ ၄၇၉၄.၅၄ သန်း (တိုးတက်မှု ၁၃၆.၀၄%)၊ ဂျုံတင်ပို့မှု တန်ဖိုး ဒေါ်လာ ၅၄၉.၁၆ သန်း (တိုးတက်မှု ၇၇၄.၁၇%) နှင့် ပြောင်းနှင့် နှံစားပြောင်းတို့အပါအဝင် အခြားနှံစားသီးနှံများ တင်ပို့မှု တန်ဖိုး ဒေါ်လာ ၆၉၄.၁၄ သန်း (တိုးတက်မှု ၂၃၈.၂၈%) အသီးသီးရှိကြောင်း၊ အခြား သော သိသာစွာတိုးတက်မှုရရှိသည့် စိုက်ပျိုးရေးပို့ကုန်များမှာ ဟင်းသီးဟင်းရွက်ဆီ (ဒေါ်လာ ၆၀၂.၇၇ သန်း၊ တိုးတက်မှု ၂၅၄.၃၉%)၊ ဆီထွက်သီးနှံစားသောက်ကုန် (ဒေါ်လာ ၁၅၇၅.၃၄ သန်း၊ တိုးတက်မှု ၉၀.၂၈%)၊ ဝါဂွမ်းကုန်ကြမ်း (ဒေါ်လာ ၁၈၉၇.၂၀ သန်း၊ တိုးတက်မှု ၇၉.၄၃%) နှင့် သကြား (ဒေါ်လာ ၂၇၈၉.၉၇ သန်း၊ တိုး တက်မှု ၄၁.၈၈%) တို့ဖြစ်ကြောင်း အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဖော်ပြပါသည်။

အိန္ဒိယ၏ လယ်ယာကဏ္ဍပို့ကုန် အဓိကဈေးကွက်များမှာ အမေရိကန်၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဗီယက်နမ်၊ ဆော်ဒီအာရေဘီးယား၊ အင်ဒိုနရှား၊ နီပေါ၊ အီရန်နှင့် မလေးရှား နိုင်ငံများဖြစ်ကြသည်။ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အတွင်း လယ်ယာ ကဏ္ဍပို့ကုန် တိုးတက်မှု အများဆုံးအဖြစ် အင်ဒိုနီးရှားနိုင်ငံ (၁၀၂.၄၂%)၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ (၉၅.၉၃%) နှင့် နီပေါနိုင်ငံ (၅၀.၄၉%) တို့ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယနိုင်ငံသည် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်၌ နှံစားသီးနှံများအား ဈေးကွက်နိုင်ငံအသစ် များသို့ တိုးချဲ့တင်ပို့ရာတွင် ဆန်ကို တီမောလက်စ်၊ ပွာတိုရီကိုနှင့် ဘရာဇီးနိုင်ငံများသို့ လည်း ကောင်း၊ ဂျုံသီးနှံအား ယီမင်၊ အင်ဒိုနီးရှားနှင့် ဘူတန်နိုင်ငံများသို့လည်းကောင်း၊ အခြားနှံစား သီးနှံများကို ဆူဒန်နှင့် ပိုလန်ဘိုလီယီးယားနိုင်ငံများသို့လည်းကောင်း ပထမဆုံးအကြိမ် တင်ပို့ နိုင်ခဲ့ကြောင်း သိရှိရပါသည်။

Source:         India registered excellent growth in Agriculture Exports during 2020-21, 10-6-2021, Press Information Bureau of India

နေအေးလွင်၊ စီးပွားရေးသံမှူး

ဒေလီ

Loading