ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် ဆန်ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ဆန်မျိုးစုံဈေးကွက်တွင် ပြည်တွင်း၌ ယခုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်မှုများ ကြောင့် ဆည်ရေရရှိမှုနည်းခဲ့ကာ ဆန်အထွက်နှုန်း လျော့ကျခဲ့ခြင်း၊ ပြည်တွင်း လက်ကျန်နည်း လာခြင်း၊ ပြည်တွင်း နိုင်ငံရေး အပြောင်းအလဲများကြောင့် ငွေသားစီးဆင်းမှု ခက်ခဲခြင်း၊ သယ်ယူပို့ဆောင်ရန်ခက်ခဲခြင်း၊ သယ်ယူစရိတ် မြင့်လာခြင်း၊ စားသုံးသူများမှ ကြိုတင်ဝယ်ယူမှု များခြင်းတို့ကြောင့် ဆန်ချော၊ ဆန်ကြမ်းများအား ဈေးမြင့်စေခဲ့သည်။ ပြည်ပသို့ တင်ပို့ရာတွင် လည်း ကိုဗစ်ရောဂါ ဖြစ်ပွားမှုများရှိနေခြင်းကြောင့် နိုင်ငံအချင်းချင်း ကူးသန်းရောင်းဝယ်ရာတွင် စည်းကမ်းချက်များ တိုးမြင့်ထားခြင်း၊ တန်ဆာခများ ဈေးမြင့်လာခြင်း၊ ပြည်ပငွေလဲနှုန်း မတည်ငြိမ်ခြင်း၊ အရောင်းအဝယ်အေးခြင်းတို့ကြောင့် ယခင်အပတ် ဈေးနှုန်းများဖြင့်သာ အမြင့် ဈေးဖြင့် ဆန်ချော၊ ဆန်ကြမ်းများ အရောင်းအဝယ်ဖြစ်ခဲ့သည်။ လတ်တလောတွင် တရုတ်၊ ဘင်္ဂလားဒေ့ရှ်စသော နိုင်ငံများသို့သာ တင်ပို့မှုရှိခဲ့ပြီး ရန်ကုန်ဈေးကွက်သို့ ဖျာပုံ၊ မော်ကျွန်း၊ ဘိုကလေး၊ ဒေးဒရဲ၊ ကွမ်းခြံကုန်း၊ ဝါးခယ်မ၊ ကော့မှူး၊ တွံတေး၊ မြောင်းမြ၊ ကျိုက်လတ်၊ လပွတ္တာ၊ ရွှေဘိုဒေသများမှ ဆန်ဝင်ရောက်မှုရှိကြောင်း သိရသည်။

Loading