ပြည်တွင်းသတင်းများ

ရန်ကုန်ဈေးကွက် အစေ့ထုတ်ပြောင်း ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ အိမ်နီးချင်း စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်စသော နိုင်ငံများသို့ ပင်လယ်ရေကြောင်းမှ တင်ပို့မှုနည်းခဲ့သော်လည်း ပြည်တွင်း လက်ကျန်နည်းလာ ခြင်း၊ မိုးရွာသွန်းမှုများခြင်းကြောင့် သယ်ယူပို့ဆောင်ရန် ခက်ခဲခြင်း၊ သယ်ယူစရိတ်မြင့်ခြင်း၊ ဈေးကွက်သို့ ကုန်ဝင်ရောက်မှုနည်းခြင်း၊ တရုတ်နှင့် ထိုင်းဝယ်လက်များမှ ပုံမှန်ဝယ်ယူမှု ရှိခြင်း၊ နယ်စပ်ဂိတ်များမှ တင်ပို့မှုရှိခြင်း၊ ပြည်ပငွေလဲနှုန်းများ မတည်ငြိမ်ခြင်း၊ ပြည်တွင်း အစာစပ်လုပ်ငန်းများမှ ဝယ်ယူမှုများခြင်းတို့ကြောင့့် အစေ့ထုတ်ပြောင်း (၅၄) ပိဿာလျှင် ယခင်အပတ် ဈေးနှုန်းမှာ (၃၃,၄၈၀) ကျပ် မှ ယခုအပတ်တွင် (၃၅,၁၀၀) ကျပ်သို့ ယခင်အပတ် ထက် ဈေးမြင့်ခဲ့သည်။

Loading