ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် သစ်သီးဝလံ ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

သစ်သီး၀လံဈေးနှုန်းအနေဖြင့် ဖရဲသီးမှာ တရုတ်၀ယ်လက် မရှိသေးခြင်း၊ မြို့တွင်းသုံးစွဲ မှုသာရှိြခင်း၊ အရည်အသွေးပေါ်မူတည်၍ တစ်လုံးလျှင် ၅၀၀ – ၆၀၀ ကျပ်၀န်းကျင်သာ ရောင်းဝယ် နေရပါသည်။ ပန်းသီး (တရုတ်) အဝင်နည်းပြီး ယိုးဒယားပန်းသီးများသာ ဝင်ရောက်ပြီး (၁၀၀) လုံးဝင် တစ်သေတ္တာလျှင် ၃၃,၀၀၀ ကျပ်ရှိကြောင်း သိရပါသည်။ သီပေါနာနတ်သီးများ ဝင်ရောက်မှုရှိပြီး အရည်သွေးပေါ်မူတည်၍ ၂၀၀ – ၄၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။ သေင်္ဘာသီးများ အရည်သွေးကောင်းလာသဖြင့် တစ်လုံးလျှင် ၇၀၀ – ၉၀၀ ကျပ်ထိ ရောင်းဝယ်နေပါသည်။

မူဆယ်ကားဂိတ် ကုန်စည်ပို့ဆောင်မှုအနေဖြင့် ကျင်စန်ကျော့ဂိတ်တစ်ခုသာ ဖွင့်ထားပြီး ပဲတီစိမ်းနှင့် နှမ်းတင်ပို့မှုရှိပြီး တစ်ပိဿာလျှင် ၁၆၀ ကျပ်ဈေးဖြင့် တင်ဆောင်ခ ပေးရပါသည်။ တစ်ရက်လျှင် ကုန်စည်ရရှိမှု အခြေအနေပေါ်မူတည်၍ တွဲကား ၅၀ စီးမှ ၁၀၀ စီးထိ ထွက်ရှိ ကြောင်း ကားဂိတ်မှ သိရပါသည်။

ခင်မေကြည်၊ လ/ထ ညွှန်ကြားရေးမှူး

စီမံကိန်းဦးစီးဌာန

၁၆.၆.၂၀၂၁

Loading