ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် ဟင်းသီးဟင်းရွက် ရောင်းဝယ်ဖောက်ကား မှု အခြေအနေ

ဟင်းသီး/ရွက်ဈေးနှုန်းများမှာ ခရမ်းချဉ်မှာ အဝေးသို့တင်ပို့ရမှု နည်းခြင်း၊ အရောင်းအဝယ် အေးသော်လည်း အင်းသီးများ အဝင်နည်းခြင်းကြောင့် (၂၀) ပိဿာဝင် တစ်သေတ္တာလျှင် ယခင် အပတ် ၂၈,၀၀၀ ကျပ်မှ ၃၈,၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။ အောင်ပန်းမှ ကျင်းသီးများလည်း တွေ့ရပြီး (၁၀)ပိဿာဝင် တောင်းများဖြင့်ထည့်ကာ တစ်တောင်း ၂၀,၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေ ပါသည်။ အောင်ပန်းမှ ဂေါ်ဖီထုတ်နှင့် ပန်းမုန်လာများ ဝင်ရောက်ပြီး အရည်အသွေးကောင်းခြင်း၊ အောင်ပန်းဒေသ တစ်ခုတည်းမှသာ ဝင်ရောက်မှုရှိခြင်း၊ စားသောက်ဆိုင်များ အဝယ်ရှိခြင်းကြောင့် ဂေါ်ဖီတစ်ထုတ်လျှင် ၅၀၀ ကျပ်၊ ပန်းမုန်လာတစ်ပွင့်လျှင် ၅၅၀ ကျပ်ဖြင့် ဈေးမြင့်နေပါသည်။ ငရုတ်စိုရှည်နှင့် လတ်မှာ ဈေးတည်ငြိမ်သော်လည်း ငရုတ်စို (ပွ) မှာ ယခင်အပတ်တွင် မုံရွာမှသာ ဝင်ရောက်ပြီး ယခုအပတ်တွင် တံတားဉီးဘက်မှပါဝင်ရောက်လာခြင်း၊ မြို့တွင်းစားသုံးမှု ပုံမှန်ဖြစ် ၍တစ်ပိဿာလျှင် ၁,၆၀၀ ကျပ်မှ ၁,၀၀၀ကျပ်သို့ ဈေးနိမ့်သွားပါသည်။ မုန်လာဉနီမှာ အဝင်နည်းခြင်း၊ အရည်အသွေးကောင်းခြင်းကြောင့် ယခင်အပတ်တွင် တစ်ပိဿာလျှင် ၈၀၀ ကျပ် မှ ၁,၁၀၀ ကျပ်သို့ ဈေးမြင့်လာသည်။

Loading