ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် စားဖိုဆောင်သီးနှံ ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

စားဖိုဆောင်သီးနှံများအနေဖြင့် ငရုတ်ခြောက် (ရှည်) တစ်ပိဿာ ၃,၅၀၀ကျပ်၊ ငရုတ်ခြောက် (လတ်) ၄,၅၀၀ကျပ်၊ ငရုတ်ခြောက် (ပွ)မှာ ဆင်ဖြူကျွန်း (ပွ)နှင့် ဧရာဝတီပွ နှစ်မျိုးလုံးဝင်ရောက်မှုရှိပြီး တစ်ပိဿာလျှင် ၈,၀၀၀ကျပ် မှ ၉,၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပါ သည်။ ကြက်သွန်ဖြူ (တရုတ်) မှာ လမ်းပမ်းအခြေအနေကြောင့် အဝင်နည်းခြင်းကြောင့် တစ်ပိဿာလျှင် ၂,၉၀၀ ကျပ်ဖြင့်လည်းကောင်း၊ ဘန့်ဘွေး၊ ရေဉီး၊ ပခုက္ကူမှ အာလူးများ မဝင်တော့ ဘဲ အောင်ပန်းမှ အာလူးများသာ ဝင်ရောက်မှုရှိပြီး (အိုကေ) တစ်ပိဿာ ၇၅၀ကျပ်၊ (အေဝမ်း) တစ်ပိဿာ ၆၀၀ကျပ်၊ (ဆွဲ) တစ်ပိဿာ ၅၈၀ကျပ်ဖြင့် ရောင်းဝယ်နေပါသည်။ အောင်ပန်းမှ ချင်းဉမ တစ်ပိဿာလျှင် ၁၀၀၀ ကျပ်၊ အခက်ကြီးမှာ တစ်ပိဿာလျှင် ၈၀၀ ကျပ် ဈေးရှိပြီး ယခုအပတ်တွင် အရောင်းအဝယ်အေးကြောင်း သိရသည်။

Loading