ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် ပဲမျိုးစုံ ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ပဲမျိုးစုံဈေးနှုန်းအနေဖြင့် မတ်ပဲဈေးနှုန်းမှာ ပစ္စည်းလက်ကျန် နည်းခြင်း၊ ရန်ကုန်ဝယ်လက် ရှိခြင်း၊ လှောင်လက်ထံမှ ဝယ်ယူရခြင်းကြောင့် ယခင်အပတ်တွင် (၆၀) ပိဿာလျှင် ၁၀၃,၀၀၀ ကျပ် မှ ယခုအပတ်တွင် ၁၀၉,၀၀၀ ကျပ်သို့ ဈေးမြင့်လာသည်။ ပဲစဉ်းငုံ (ဖြူ/နီ) တို့မှာ ပစ္စည်းရှားခြင်း၊ ဈေး ကွက်မျှော်လင့်ချက်ဖြင့် ဈေးထိမ်းရောင်းချခြင်းကြောင့် ပဲစဉ်းငုံ (ဖြူ) (၆၀) ပိဿာလျှင် ၈၉,၀၀၀ ကျပ် မှ ၉၄,၅၀၀ ကျပ်သို့လည်းကောင်း ပဲစဉ်းငုံ (နီ) (၆၀) ပိဿာလျှင် ၉၉,၀၀၀ ကျပ်မှ ၁၀၄,၅၀၀ ကျပ် သို့ဈေးမြင့်လာပါသည်။ ပဲကြီး (ကြီး/သေး)တို့မှာလည်း တရုတ်ဝယ်လက်ရှိခြင်း၊ အဝင်နည်းခြင်း၊ လှောင်သမားထံမှ ဝယ်ရခြင်းကြောင့် ပဲကြီး(ကြီး) (၅၆.၂၅) ပိဿာလျှင် ၁၀၈,၅၀၀ ကျပ်မှ ၁၂၆,၀၀၀ ကျပ်သို့လည်းကောင်း ပဲပုတ် (မြန်မာ/ ရှမ်း) တို့မှာ ဆောင်းလက်ကျန်နည်းပြီး မိုးစိုက် စတင်စိုက်ပျိုးစကာလဖြစ်၍ ပစ္စည်းနည်းခြင်းကြောင့် ပဲပုတ် (မြန်မာ) (၅၃.၂၅) ပိဿာလျှင် ၈၉,၆၀၀ ကျပ်မှ ၉၁,၅၀၀ ကျပ် သို့ဈေးမြင့်လာသည်။ ကုလားပဲ (လုံးဝါကြီး၊ ကုဖြူကြီး)၊ ထောပတ်ပဲ၊ ပဲလွန်းပြာ၊ ပဲပုတ် (ရှမ်း) မြေထောက်ပဲ၊ ပဲယင်းတို့မှ အဝင်ပုံမှန် ဝယ်ယူမှုပုံမှန်ဖြင့် ဈေးတည်ငြိမ် နေပါသည်။

Loading