ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် ဆီထွက်သီးနှံများ ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

ဆီထွက်သီးနှံများ ရောင်းဝယ်မှုအနေဖြင့် မြေပဲ (လုံးဆန်/ ဆီဆန်) တို့မှာ ယခင်နှစ်များ ကဲ့သို့ တရုတ်ဝယ်လက်မရှိခြင်း၊ ဆောင်းမြေပဲ လက်ကျန်များခြင်း၊ မိုးမြေပဲစတင်စိုက်ပျိုးချိန်ဖြစ် ခြင်းကြောင့် လှောင်လက်များမှထုတ်ရောင်းမှုရှိခြင်း၊ ဆီစက်လုပ်ငန်းများနှင့် မြို့တွင်းလုပ်ငန်းများ မှသာဝယ်ယူမှုရှိ၍ ယခင်အပတ်တွင် လုံးဆန် (၁၀၀) ပိဿာလျှင် ၂၇၇,၅၀၀ ကျပ်မှ ယခုအပတ်တွင် ၂၇၂,၅၀၀ ကျပ်သို့လည်းကောင်း၊ ဆီဆန် (၁၀၀) ပိဿာလျှင် ယခင်အပတ်တွင် ၂၅၅,၀၀၀ ကျပ်မှ ယခုအပတ်တွင်၂၄၅,၀၀၀ ကျပ်သို့လည်းကောင်း ဈေးနိမ့်သွားပါသည်။

နှမ်း (ဖြူ/ညို/နက်) တို့မှာ တရုတ်ဝယ်လက်နည်းခြင်း၊ နွေနှမ်းအသစ်များဝင်ချိန်ဖြစ် ခြင်း၊ ဆီစက်သမားနှင့်လုပ်ငန်းသမားဝယ်ယူမှုသာရှိခြင်းကြောင့် ယခင်အပတ်ထက် သုံးမျိုးလုံး ဈေးနိမ့်နေပါသည်။ ပန်းနှမ်းမှာ အထွက်နည်း အဝင်နည်းခဲ့သဖြင့် လက်ကျန်နည်းခြင်း၊ ပုံမှန် ဝယ်လိုအားရှိခြင်းကြောင့် (၄၅) ပိဿာလျှင် ယခင်အပတ်တွင် ၈၃,၀၀၀ ကျပ်မှ ယခုအပတ်တွင် ၈၄,၀၀၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။ နေကြာ ဈေးနှုန်းအနေဖြင့် မိုးနေကြာ အထွက်နည်း၊ အဝင် နည်းခြင်း၊ ဆီစက်သမားများမှ ပုံမှန်ဝယ်ယူမှုရှိခြင်းကြောင့် (၂၇) ပိဿာလျှင် ယခင်အပတ်တွင် ၄၂,၅၀၀ ကျပ်မှ ယခုအပတ်တွင် ၄၄,၅၀၀ ကျပ်သို့ ဈေးမြင့်သွားပါသည်။

Loading