ပြည်တွင်းသတင်းများ

မန္တလေးဈေးကွက် ဆန်မျိုးစုံ ရောင်းဝယ်ဖောက်ကားမှု အခြေအနေ

မန္တလေးဈေးကွက်တွင်ဆန်ဈေးနှုန်းအနေဖြင့် ရန်ကုန်ပေါ်ဆန်း မနောသုခ၊ ရွှေဘိုမနော် ဇီယာတို့မှာ ယခင်အပတ်အတိုင်း ဈေးတည်ငြိမ်နေပြီး ရွှေဘိုပေါ်ဆန်းမှာ အသစ်ဝင်ရောက်မှုရှိပြီး အသစ်တစ်တင်းခွဲလျှင် ၄၈,၀၀၀ ကျပ်၊ အဟောင်း ၅၈,၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေပြီး ငစိန် အသစ် တစ်တင်းလျှင် ၂၆,၀၀၀ ကျပ်၊ အဟောင်း ၃၀,၀၀၀ ကျပ်ရှိပြီး ဇီယာဆန်တစ်တင်းခွဲလျှင် ၂၆,၀၀၀ ကျပ်ဖြင့် ရောင်းဝယ်နေကြပါသည်။ ရံဖန်ရံခါ မိုးမိတ်၊ ရွှေကူသို့တင်ပို့မှုရှိပြီး မြို့တွင်း သုံးရန် ဝယ်ယူမှုများကြောင်း သိရသည်။

Loading