ပြည်ပသတင်းများ

အစိုးရအနေဖြင့် လူထုအခြေပြု စီးပွားရေးလုပ်ငန်းများအား e-Commerce ဆိုင်ရာ အသိပညာရပ်များ ဖြန့်ဝေပေးခြင်း

စက်မှုမြှင့်တင်ရေးဉီးစီးဌာန Department of Industrial Promotion (DIP) အနေဖြင့် လူထုအခြေပြုစီးပွားရေးလုပ်ငန်းများCommunity Enterprises အား e-Commerce ဆိုင်ရာ အသိပညာရပ်များဖြန့်ဝေပေးခြင်းဖြင့်Covid-19 ကပ်ရောဂါကာလအတွင်း ရှင်သန်နေထိုင်နိုင်စေ ရန်နှင့် ဈေးကွက်တွင်ကောင်းမွန်စွာ ယှဉ်ပြိုင်နိုင်စေရန်အတွက် အကူအညီ အထောက်အပံ့များ ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရှိရပါသည်။

DIP၏အဆိုအရ ဇွန်လ(၁၁)ရက်နေ့မှ စတင်ကာ(၅)ရက်ကြာ ဖွင့်လှစ်သင်ကြားမည့် Marketing Training and Consultancy သင်တန်းတွင် ၎င်းတို့အား အွန်လိုင်း ချယ်နယ်(Online Channels)များအား အသုံးပြုခွင့်ပေး၍ ၎င်းတို့၏ထုတ်ကုန်များအား ရောင်းချခွင့်ကို ပေးအပ် မည်ဖြစ်ကြောင်း သိရှိရပါသည်။

အစိုးရအနေဖြင့် Covid-19 ကပ်ရောဂါသက်ရောက်မှုကြောင့် ထိခိုက်ခံစားခဲ့ရသည့် လူထု အခြေပြုစီးပွားရေးလုပ်ငန်းများအား ကယ်တင်ရန်အကူအညီပေးလိုကြောင်း၊ DIP ၏ အကြီးအကဲ Passakorn Chairat ကပြောကြားခဲ့ကြောင်းသိရှိရပါသည်။ ၄င်းက ယခုVirtual Event ပွဲမှာ အထည်ချုပ်၊ အဝတ်အထည်၊ ဆေးဖက်ဝင်အပင်များ၊ စားသုံးသူထုတ်ကုန်များ၊ အစားအစာ၊ အဖျော်ယမကာနှင့် ပရိဘောဂများထုတ်လုပ်သည့် လုပ်ငန်းများစသည့်များစွာသော စက်မှုလုပ်ငန်းစု အသီးသီးမှလူထုအခြေပြု စီးပွားရေးလုပ်ငန်းပေါင်း (၁၄၀) ခန့် အိမ်ရှင်အဖြစ်တက်ရောက်ပြသ ကျင်းပဆောင်ရွက်ကြမည်ဟု ခန့်မှန်းထားကြောင်းသိရှိရပါသည်။

လူထုအခြေပြုစီးပွားရေးလုပ်ငန်းတစ်ခုဆိုသည်မှာ အနီးအနား  ပတ်ဝန်းကျင်ရှိတူညီ သောစီးပွားရေးလုပ်ငန်းတစ်ခုကို အတူတစ်ကွလုပ်ကိုင်ကြသော ရွာသူရွာသားများကိုဆိုလိုသည်။ ၄င်းကို အစိုးရတွင်မှတ်ပုံတင်ခြင်းဖြင့်  တည်ထောင်နိုင်ကြောင်း   သိရှိရပါသည်။ စက်မှုဝန်ကြီးဌာန လက်အောက်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူထုအခြေပြုစီးပွားရေးလုပ်ငန်းပေါင်း (၅၇၀) ခန့်ရှိကြောင်း သိရှိရပါသည်။ အသက်မွေးဝမ်းကျောင်းအတွက် ဝင်ငွေရရန်  ရွာသူရွာသားများအား အတူတစ်ကွ စုရုံးရန်နှင့် စီးပွားရေးလုပ်ငန်းထူထောင်ရန် တိုက်တွန်းဆောင်ရွက်ခြင်းသည် အောင် မြင်နိုင်ပါကြောင်း၊ သို့ရာတွင်များစွာသော လူထုအခြေပြုစီးပွားရေးလုပ်ငန်းများအနေဖြင့် အနှောင့် အယှက်အဟန့် အတားများနှင့်ကြုံတွေ့ရပါကြောင်း၊ များစွာသောလူထုအခြေပြု စီးပွားရေး လုပ်ငန်းများအနေဖြင့် ဘဏ္ဍာရေးအဖွဲ့အစည်းများထံမှ ချေးငွေ (Soft loan) များ  ရရှိခြင်းမရှိ ကြောင်း၊  အချို့မှာကုန်ကြမ်းနှင့် အလုပ်သမားမလုံလောက်မှု ပြဿနာများနှင့် ရင်ဆိုင်ရုန်းကန်နေ ကြရကြောင်း DIP ၏အဆိုအရ သိရှိရပါသည်။

Covid-19 ကပ်ရောဂါ တတိယလှိုင်း၏ ပိုမိုအားကောင်းလာမှုကြောင့် စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းကျဆင်းလာခြင်းကလည်း ၄င်းတို့၏ ပြဿနာများကို    ပိုမိုတိုးပွားလာစေကြောင်း၊ ရလဒ်အနေဖြင့်လူထုအခြေပြု စီးပွားရေးလုပ်ငန်းများအနေဖြင့်ရပ်တည်ရန် ခက်ခဲလာကြကြောင်း ၄င်းကပြောကြားခဲ့ပါသည်။ အစိုးရအနေဖြင့် ကပ်ရောဂါ ကာလအတွင်းတိုးတက်ကြီးထွားလာသော e-commerce အီလက်ထရောနစ်ကူးသန်းရောင်းဝယ်မှုနှင့် ဒီဂျစ်တယ်ကရိယာ Tools များဖြင့် လူထုအခြေပြုစီးပွားရေးလုပ်ငန်းများ၏ ရောင်းအားမြှင့်တင်ရန်နှင့် ၄င်းတို့၏ထုတ်ကုန်များကို ပြည်ပဈေးကွက်များသို့ ချဲ့ထွင်ရောင်းချနိုင်ရေးအတွက် အကူအညီဖြစ်စေလိမ့်မည်ဟု မျှော်လင့် ထားကြောင်းသိရှိရပါသည်။

DIP အနေဖြင့် ဒေသခံလယ်သမားများကို နည်းပညာအကူအညီဖြင့် သမရိုးကျလယ်ယာ စိုက်ပျိုးရေး Traditional Agricultural မှ Smart Agriculture သို့ ကူးပြောင်းရန် အစိုးရ၏ အစီအစဉ်နှင့်အညီ ဒေသခံလယ်သမားများကို အကူအညီပေးရန် အာရုံစိုက်လျှက်ရှိ ကြောင်းသိရှိရ ပါသည်။ အစိုးရအနေဖြင့် ထိုင်းနိုင်ငံ၏ Thailand 4.0 မူဝါဒနှင့်အညီ နည်းပညာ တိုးတက်မှုနှင့် အဆင့်မြင့်ဝန်ဆောင်မှုလုပ်ငန်းများအဖြစ်သို့ အထူးဉီးစားပေး  စတင်ပြောင်းလဲခြင်းဖြင့် ထိုင်းနိုင်ငံ ၏ စီးပွားရေးလုပ်ငန်းများကိုခေတ်မီစေချင်ကြောင်းသိရှိရပါသည်။

Bangkok Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး

ဗန်ကောက်မြို့

Loading