ပြည်တွင်းသတင်းများ

၂၀၂၁ – မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးမည့် အသိပေးကြေညာချက်

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ တောင်သူလယ်သမားဦးကြီးများသို့ စိုက်ပျိုးစရိတ်ချေးငွေများကို ဘဏ်စတင်တည်ထောင်သည့် ၁၉၅၃ ခုနှစ်မှစ၍ နှစ်စဉ်ထုတ်ချေးပေးလျက်ရှိပါသည်။ တောင်သူလယ်သမားကြီးများကလည်း သီးနှံပေါ်ချိန်တွင် ချေးငွေများ အချိန်မီပြေကျေစွာ ပေးဆပ်ပြီးနောက် ချေးငွေသစ် ထပ်မံရယူခြင်းဖြင့် မြန်မာ့စိုက်ပျိုးရေးကဏ္ဍ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ဘဏ်နှင့်တောင်သူဦးကြီးများအကြား နှစ်ကာလရှည်ကြာစွာ အတူလက်တွဲ ဆောင်ရွက်ခဲ့ကြပါသည်။

၂။ COVID-10 ကပ်ရောဂါဖြစ်ပွားမှုအခြေအနေကြောင့် ၂၀၂၀-မိုးရာသီ ချေးငွေပေးဆပ်ရန် ငွေကြေးအခက်အခဲများရှိနေသည့် တောင်သူများ အဆင်ပြေစေရေးအတွက် နိုင်ငံတော်မှ ၂၀၂၀-မိုးချေးငွေ နောက်ဆုံးပေးဆပ်ရန် ကာလသတ်မှတ်ချက်ကို ၂၀၂၁ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့အစား ၂၀၂၁ခုနှစ်၊ ဇူလိုင်လ (၃၁) ရက်နေ့ထိ တိုးမြှင့်ပြင်ဆင် ဖြေလျှော့ပေးထားပြီး ဖြစ်ပါသည်။

၃။ ယခုအခါ ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ၂၆-၅-၂၀၂၁ ရက်နေ့မှစ၍ ၃၀-၉-၂၀၂၁ ရက်နေ့အထိ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ခရိုင်နှင့် မြို့နယ်ဘဏ်ခွဲများတွင် ထုတ်ချေးပေးမည်ဖြစ်ပါသဖြင့် ချစ်ခင်လေးစားအပ်ပါသော တောင်သူလယ်သမားဦးကြီးများအနေဖြင့် ချေးငွေဟောင်း ပြေကျေအောင် ပေးဆပ်ပြီး ၂၀၂၁-မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ယူနိုင်ရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန်ဖြစ်ပါကြောင်း လေးစားစွာဖြင့် အသိပေးကြေညာအပ်ပါသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်

Loading