ပြည်ပသတင်းများ

နောက်ဆုံးပေါ်နည်းပညာ ဒီဂျစ်တယ် လယ်ယာစိုက်ပျိုး မွေးမြူရေးစနစ်ကို Australia Beef 2021 တွင် ပြသမည်

ဩစတြေးလျနိုင်ငံ၊ ကွင်းစလန်ပြည်နယ်ရှိ ရော့ဟန်တန်တွင် မေလ ၂ ရက် နေ့မှ ၈ ရက်နေ့အထိ ကျင်းပမည့် Australia Beef 2021 တွင် ဩစတြေးလျ အသားနှင့်မွေးမြူရေး အဖွဲ့အစည်းက လယ်ယာစိုက်ပိုးမွေးမြူရေးစနစ်ဆိုင်ရာ နောက်ဆုံးပေါ်နည်းပညာနှင့် Data-driven Products များကို ခင်းကျင်းပြသမည်ဖြစ်ရာ ထုတ်လုပ်သူများအနေဖြင့် လေ့လာစူးစမ်း ခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။ Digital Farm သည် Beef Australia 2021 ၏ လယ်ယာ စိုက်ပျိုးရေးဆိုင်ရာနည်းပညာနှင့် တီထွင်ဖန်တီးမှုဆုံမှတ်၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး၊ ရေ၊ မြေဆီလွှာ၊ မွေးမြူရေးစီမံခန့်ခွဲမှုနှင့် လယ်ယာစိုက်ပျိုး မွေးမြူရေးဆိုင်ရာ ထုတ်လုပ်မှုနှင့် အမြတ်အစွန်းရရှိမှုတို့အတွက် အကူအညီပေးနိုင်မည့် အခြေခံအဆောက်အဦဆိုင်ရာ နောက်ဆုံး ပေါ်နည်းပညာများကို ခင်းကျင်းပြသသွားမည့်အပြင် လက်တွေ့သရုပ်ပြမှုများကိုပါ ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Digital Farm သည် အနီရောင် အသားထုတ်လုပ်သူများအတွက် ဖြစ်ပေါ်တိုးတက်မှု အသစ်များကို မြင်တွေ့ရမည့် အလွန်ကောင်းသော အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း သိရှိရပါ သည်။ လယ်ယာစိုက်ပျိုးမွေးမြူရေး ထုတ်လုပ်မှုပိုင်းတွင် ဒီဂျစ်တယ်နည်းပညာနှင့် ဒေတာတို့ အကြား ကွဲပြားခြားနားမှုများကို သရုပ်ဖော်ပြသမည်ဖြစ်ပြီး၊ ကုန်ထုတ်စွမ်းအား တိုးတက်စေမည့် ဆုံးဖြတ်ချက်ချရာတွင် အထောက်အကူပြုစေမည့်ကိရိယာများကို ခင်းကျင်းပြသမည်ဖြစ်ပါသည်။

ခင်းကျင်းပြသမှုနှင့် သရုပ်ဖော်တင်ပြမှုများတွင် ရေစီမံခန့်ခွဲမှုဆိုင်ရာ အာရုံခံကိရိယာ များနှင့် မိုးလေဝသစခန်း Applications များ၊ မြေဆီလွှာအစိုဓာတ်အာရုံခံကိရိယာနှင့် ဂြိုလ်တု  စနစ်သုံး စားကျက်စီမံခန့်ခွဲမှုစနစ်နှင့် သီးနှံကျန်းမာရေးစနစ်များ၊ မွေးမြူရေး စီမံခန့်ခွဲမှုဆိုင်ရာ Smart Tags  အမဲသား အဆင့်အတန်းသတ်မှတ်ချက် ကင်မရာများ၊ ကျွဲ၊ နွားစောင့်ကြည့်ရေး လည်ပတ်များနှင့် လျှပ်စစ်ခြံစည်းရိုး စောင့်ကြည့်ရေး ကိရိယာများ၊ လယ်ယာမြေစီမံခန့်ခွဲမှုမှတ် တမ်းနှင့် အသားတင် ဝင်ငွေအတိုင်းအတာတွက်ချက်သည့်ကိရိယာများ အစရှိသည်တို့ပါဝင် မည်ဖြစ်ကြောင်း သိရှိရပါသည်။

 ရှင်စောသု၊ စီးပွားရေးသံမှူး

 ကင်ဘာရာမြို့

 Source: www.mla.com.au

Loading