ပြည်ပသတင်းများ

ဘရာဇီးလ်နိုင်ငံ၏ နောက်ကျနေသည့် ပဲပုတ်စေ့ရိတ်သိမ်းမှု ၆၇ ရာခိုင်နှုန်းခန့် ပြီးစီး

ကမ္ဘာ့ပဲပုတ်စေ့ ဈေးကွက်သို့ အများဆုံး တင်ပို့နေသည့် ဘရာဇီးလ်နိုင်ငံ၏ ၂၀၂၀-၂၀၂၁ ခုနှစ် ပဲပုတ်စေ့ရိတ်သိမ်းမှုသည် ၆၆.၉ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်း၊ ယခုနှစ် ပဲပုတ်သီးနှံ ရိတ်သိမ်းမှုသည် ယခင်နှစ် သီးနှံရိတ်သိမ်းချိန်ထက် နောက်ကျခဲ့ကြောင်း စိုက်ပျိုးရေးအကြံပေး ကုမ္ပဏီ Safras & Mercado က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယခင်အပတ်က ရိတ်သိမ်းမှုတွင် စုစုပေါင်းသီးနှံစိုက်ပျိုးဧရိယာ၏ ၅၉.၅ ရာခိုင်နှုန်း ပြီးစီး ခဲ့ကြောင်း၊ သီးနှံရိတ်သိမ်းမှုအား ကာလတူနှိုင်းယှဉ်ပါက ယခင်နှစ်က ၇၄.၄ ရာခိုင်နှုန်းပြီးစီးခဲ့ ကြောင်း၊ ရိတ်သိမ်းချိန်ကာလတစ်ခုလုံး၏ ပျမ်းမျှရိတ်သိမ်းပြီးစီးရမည့် ၆၉.၆ ရာခိုင်နှုန်းအောက် လျှော့နည်းလျက်ရှိနေကြောင်း အကြံပေးကုမ္ပဏီက ပြောကြားထားသည်။

ပဲပုတ်အဓိကစိုက်ပျိုးသည့် Rio Grande do Sul ပြည်နယ်တွင် သီးနှံအတွက် လိုအပ် သော မိုးရေချိန် ရရှိခဲ့သဖြင့် ယခုနှစ်ဆီထွက်သီးနှံများ ရိတ်သိမ်းပြီးစီးပါက တန်ချိန် ၁ သန်းကျော် ပိုမိုထွက်ရှိနိုင်ကြောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ် သီးနှံရိတ်သိမ်းချိန်ပြီးစီးပါက ပဲပုတ်တန်ချိန် ၁၃၄.၀၉ သန်း ထွက်ရှိရန် ခန့်မှန်းထားပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၅.၄ ရာခိုင်နှုန်း ပိုမိုထွက်ရှိနိုင်ကြောင်း Safras ကုမ္ပဏီက ခန့်မှန်းထားသည်။

ထွန်းအောင်ဇော်၊ စီးပွာ‌ရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – noticiasagricolas.com.br

Loading