ပြည်ပသတင်းများ

လာမည့် ၁၂ လတာ ကာလအထိ ငွေကြေးဖောင်းပွမှုနှုန်း ၅.၅ ရာခိုင်နှုန်း ဆက်လက်ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်း

ဘရာဇီးလ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်း ၅.၅ ရာခိုင်နှုန်းသည် လာမည့် ၁၂ လတာ ကာလအထိ ဆက်လက်ဖြစ်ပေါ်နိုင်သည်ဟု ဘရာဇီးလ်ပြည်သူများက ယုံကြည်လျက်ရှိကြောင်း ၂၀၂၁ ခုနှစ်၊ မတ်လတွင် ပြုလုပ်ခဲ့သည့် သုတေသနရလဒ်များကို Getulio Vargas Foundation (FGV) က ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ငွေကြေးဖောင်းပွမှုနှုန်းသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ လတွင် FGV က လေ့လာတွက်ချက်ခဲ့သည့် ၅.၃ ရာခိုင်နှုန်းထက် ပိုမိုမြင့်မားနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

ဘရာဇီးလ်နိုင်ငံသားများ၏ ငွေကြေးဖောင်းပွမှုနှုန်း ခန့်မှန်းချက်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလနောက်ပိုင်းကာလများတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး ၇ ကြိမ်မြောက်ခန့်မှန်းချက် ထွက်ပေါ် ခဲ့ခြင်းဖြစ်သည်။ ဘရာဇီးလ်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းအပေါ် FGV က စားသုံးသူများ၏ အမြင်များအား အင်တာဗျူးအမေးအဖြေများပြု၍ သုတေသနရလဒ်များအား ထုတ်ပြန်ခဲ့ခြင်းဖြစ် ကြောင်း သတင်းတွင် ဖော်ပြထားသည်။

နိုင်ငံခြားငွေအမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုနှင့်အတူ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နိုင်ငံသားများ၏ စားသောက်မှုပုံစံ ပြောင်းလဲလာမှုနှင့် အစားအသောက်နှင့် အဖျော်ယမကာ ဈေးနှုန်းများ မြင့်တက်လာမှုတို့ကြောင့် ပြည်တွင်းတွင် ငွေကြေးဖောင်းပွမှုများ ဆက်လက်ဖြစ်ပေါ် နိုင်ကြောင်း ပြည်သူများ၏ ခန့်မှန်းပြောကြားချက်ကို သတင်းတွင် ဖော်ပြထားသည်။ ထို့အပြင် အခြေခံစားသောက်ကုန်ပစ္စည်းများသည် လူတစ်ဦးချင်းစီတိုင်းအတွက် နေ့စဉ် လိုအပ်ချက်ဖြစ်ရာ ငွေကြေးဖောင်းပွမှုကြောင့် ကုန်ဈေးနှုန်းများမြင့်တက်မှုလာသည် ဝင်ငွေနိမ့် ပြည်သူများအပေါ်တွင် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း FGV ၏ စီးပွားရေးပညာရှင် Claudia Perdigão က သတင်းဌာနသို့ ပြောကြားခဲ့သည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – Brazilians believe that inflation will be 5.5% in the next 12 months, correiobraziliense.com.br

Loading