ပြည်ပသတင်းများ

ဇန်နဝါရီလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၁.၈၃ ဘီလီယံ ဝင်ရောက်ခဲ့ပြီး ၁၅ နှစ်တာကာလအတွင်း အနိမ့်ဆုံး ဝင်ရောက်မှုဖြစ်

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံခြားငွေစာရင်း၌ အမေရိကန်ဒေါ်လာ ၇.၂၅ ဘီလီယံ လိုငွေပြခဲ့ပြီး ၃ နှစ်အတွင်း အနည်းဆုံးကွာဟချက်ဖြစ်ကြောင်းဘရာဇီးလ်နိုင်ငံဗဟိုဘဏ်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် ဘရာဇီးလ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက် မှုမှာ အမေရိကန်ဒေါ်လာ ၁.၈၃၈ ဘီလီယံရှိကြောင်း ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန် သော ဗဟိုဘဏ်၏ စာရင်းများတွင် ဖော်ပြထားသည်။ ၂၀၂၀ ခုနှစ် ကာလတူတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုမှာ ၂.၆၅၄ ဘီလီယံရှိခဲ့သဖြင့် နှိုင်းယှဉ်ပါက ၃၀.၇ ရာခိုင်နှုန်း လျှော့နည်းခဲ့ကြောင်း ဖော်ပြထားသည်။

၎င်းအခြေအနေသည် ၂၀၀၆ ခုနှစ် (US$ ၁.၄၇၂ ဘီလီယံ) မှ ယနေ့ကာလအထိ ၁၅ နှစ်တာကာလအတွင်း ဘရာဇီးလ်နိုင်ငံ၏ စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး ဝင်ရောက် မှုဖြစ်ကြောင်းဖော်ပြထားသည်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှုကြောင့် အစိုးရ အသုံးစရိတ်များအတွက် အကြပ်အတည်းဖြစ်ပေါ်နေချိန်နှင့် အရေးပေါ်ထောက်ပံ့မှုများ လျှော့နည်းလာချိန်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းနေခြင်းဖြစ်သည်။

၂၀၂၀ ပြည့်နှစ်တွင် ဘရာဇီးလ်နိုင်ငံသို့ဝင်ရောက်ခဲ့သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာဘီလီယံ ၃၄.၁၆၇ ဖြစ်ပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅၀.၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ ၂၀၀၉ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း အနိမ့်ဆုံးပမာဏ ဖြစ်ခဲ့သည်။

ကူးစက်ရောဂါဆိုင်ရာထိန်းချုပ်မှုများ ဖြေလျှော့မှုအပါအဝင် နိုင်ငံအတွင်းရှိ နိုင်ငံခြား သားကုမ္ပဏီများ အကျိုးဖြစ်ထွန်းစေမည့် ဖြေလျှော့မှုများကို ဆောင်ရွက်ပေးခဲ့သဖြင့် ဘရာဇီးလ် နိုင်ငံအတွင်းသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်မှုသည် အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ အထိ ရောက်ရှိနိုင်ကြောင်း ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလတွင် ဗဟိုဘဏ်၏ ကြိုတင်ခန့်မှန်းချက်၌ ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံခြားငွေစာရင်း၌ အမေရိကန်ဒေါ်လာ ၇.၂၅၃ ဘီလီယံလိုငွေပြခဲ့ပြီး ၂၀၂၀ ခုနှစ် ကာလတူတွင် လိုငွေပြခဲ့သည့် အမေရိကန်ဒေါ်လာဘီလီယံ ၁၀.၃၀၅ နှင့် နှိုင်းယှဉ်ပါက ၂၉.၆ ရာခိုင်နှုန်းလျှော့နည်းခဲ့ကြောင်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ရင်းနှီးမြှုပ်နှံမှုလိုငွေသည် အမေရိကန် ဒေါ်လာဘီလီယံ ၆.၇၇၈ သာဖြစ်ပေါ်ခဲ့ပြီး ၃ နှစ်တာကာလအတွင်း လိုငွေပြမှု အနည်းဆုံး ဖြစ်ခဲ့သည်။

လတ်တလောကာလတွင် နိုင်ငံခြားဝင်ငွေ အဓိကရရှိသည့် ကဏ္ဍများမှာ ကုန်သွယ်မှု ကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍနှင့် ပြည်ပမှရရှိသည့်ဝင်ငွေများ (လုပ်အားခ၊ အတိုးနှုန်းများနှင့် အမြတ်ငွေ) ဖြစ်သည်။

ယခင်နှစ်က နိုင်ငံခြားဝင်ငွေစာရင်းတွင် လိုငွေအမေရိကန်ဒေါ်လာ ၁၂.၅၁၇ ဘီလီယံ ဖြစ်ပေါ်ခဲ့သည်။ နိုင်ငံအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည်ဦးမော့နိုင်မှု၊ ပြည်ပဝယ်လိုအား တိုးတက်နိုင်မှုနှင့် ကိုဗစ်-၁၉ ရောဂါဆေးဝါးများနှင့် ပတ်သက်သည့် ဖြေလျှော့မှုများကြောင့် ဗဟိုဘဏ်၏ ယခင်နှစ်ဒီဇင်ဘာလခန့်မှန်းချက်တွင် ၂၀၂၁ ခုနှစ်၏ နိုင်ငံခြားဝင်ငွေစာရင်း၌ ကွာဟချက် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံအထိ ဖြစ်ပေါ်နိုင်ကြောင်း ဖော်ပြထားသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် – Foreign investment totals US $ 1.83 billion in January, lowest value for the month in 15 years, letsgobahia.com.br

Loading