ပြည်ပသတင်းများ

(၂၀၂၀) ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ရွှေလုပ်ငန်းကဏ္ဍ တည်ငြိမ်စွာဆောင်ရွက်နိုင်ခဲ့

(၂၀၂၀) ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ရွှေလုပ်ငန်းကဏ္ဍတွင် အမြတ်ရရှိမှု တိုးတက် လာခြင်းနှင့် လုပ်ငန်းဆိုင်ရာဖွဲ့စည်းတည်ဆောက်ပုံတို့အား အမြင့်ဆုံးဖြစ်စေရန် ဆောင်ရွက် နိုင်ခဲ့ခြင်းတို့ဖြင့် တည်ငြိမ်စွာ လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ကြောင်းစက်မှုနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန Ministry of Industry and Information Technology – MIIT) မှ ထုတ်ပြန်ချက်အရ သိရပါသည်။

(၂၀၂၀) ခုနှစ်တွင် တရုတ်နိုင်ငံ၏ ရွှေထုတ်လုပ်မှုမှာ တန်ချိန် (၄၇၉.၅) တန်ရှိခဲ့ပြီး ယခင်နှစ်ကထက် (၄.၂) ရာခိုင်နှုန်းကျသွားခဲ့ကြောင်း တရုတ်ရွှေအသင်းမှ ထုတ်ပြန်သည့် စာရင်း အရ သိရပါသည်။

(၂၀၂၀) ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ ရွှေဝယ်လိုအားမှာ တန်ချိန် (၈၂၁) တန်သာ ရှိခဲ့ကာ ဝယ်လိုအားလျော့သွားခဲ့ပြီး ယခင်နှစ်ကထက် (၁၈.၁)ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

သို့ရာတွင် (၂၀၂၀) ခုနှစ်အတွင်း ရှန်ဟိုင်းရွှေအရောင်းအဝယ်၌ ရွှေပေါ်မှ အမြတ်ငွေ ရရှိမှုမှာ ယွမ်ငွေ (၂၂.၅၅) ထရီလီယံ (အမေရိကန်ဒေါ်လာ ၃.၅ ထရီလီယံ) မြင့်တက်ခဲ့ရာ ယခင် နှစ်ကထက် (၄.၉) ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ အလားတူပင် ရှန်ဟိုင်းကြိုရောင်းကြိုဝယ် ဈေးကွက်၌ အမြတ်ရရှိမှုမှာ ယွမ်ငွေ  (၄၁.၄၇) ထရီလီယံရှိခဲ့သည့်အတွက် ယခင်နှစ်ကထက် (၃၈.၃) ရာခိုင်နှုန်းမြင့်တက်ခဲ့ပါသည်။

(၂၀၂၁) ခုနှစ်တွင် ရွှေလုပ်ငန်းကဏ္ဍသည် လုပ်ငန်းကဏ္ဍဆိုင်ရာအခင်းအကျင်းအား အမြင့်ဆုံးဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကာ၊ လုပ်ငန်းများပေါင်းစည်းခြင်းအား အရှိန်မြှင့် တင်သွားမည်ဖြစ်ပါသည်။ ထို့ပြင် သဘာဝပတ်ဝန်းကျင်နှင့် သင့်လျော်သည့် အသွင်ပြောင်းလဲမှု အား အကောင်အထည်ဖော်သွားမည်ဖြစ်ကာ၊ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင် ရန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအား နက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ် သည်ဟု MIIT က ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ရင်းမြစ်၊ Xinhua(၁၄-၂-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading