ပြည်ပသတင်းများ

COVID-19 ကာကွယ်ဆေးများနှင့် ဆက်နွယ်သည့် ရာဇဝတ်မှုများအား အရှိန်မြှင့်တင် နှိမ်နှင်းသွားမည့် တရုတ်နိုင်ငံ

COVID-19 ကာကွယ်ဆေးအတုများ ရောင်းချနေခြင်း အပါအဝင် ကာကွယ်ဆေးနှင့် ဆက်နွယ်သည့် ရာဇဝတ်မှုများ ပေါ်ပေါက်လာမှုအပေါ် နှိမ်နင်းမှုများအား အရှိန်မြှင့်တင်သွား မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ထိပ်တန်းအာဏာပိုင်များက ကတိပြုလိုက်ပါသည်။

တရုတ်နိုင်ငံ၏ စစ်ဆေးရေးဆိုင်ရာအဖွဲ့အစည်းများက (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့အထိ  ကာကွယ်ဆေးရာဇဝတ်မှု (၂၁) မှု အပါအဝင် သံသယဖြစ်ဖွယ် လူဉီးရေ (၇၀) အား ဖမ်းဆီးထားကြောင်း Supreme People’s Procuratorate (SPP) မှ ထုတ်ပြန်ချက် အရ သိရပါသည်။

SPP မှ ဖော်ထုတ်ခဲ့သော ရာဇဝတ်မှုတစ်ခုအရ သံသယဖြစ်ဖွယ် ထုတ်လုပ်သူအချို့ က ယွမ်ငွေ (၁၈)သန်း (အမေရိကန်ဒေါ်လာ ၂.၈သန်း) နီးပါးတန်ဖိုးရှိ ကာကွယ်ဆေးအတု (၅၈,၀၀၀) နီးပါးကို ထုတ်လုပ်ခဲ့ကာ တရားမဝင်ရောင်းချခဲ့ကြကြောင်းတွေ့ရှိပါသည်။

တရုတ်နိုင်ငံတစ်ဝှမ်းမှ စစ်ဆေးရေးအရာရှိများအား COVID-19 ထိန်းချုပ်ကာကွယ် ရေးလုပ်ငန်းများအား ဉပဒေကြောင်းအရအာမခံမှုများဖြင့် အထောက်အပံ့ပေးနိုင်ရန် ကာကွယ် ဆေးနှင့် ဆက်နွယ်သည့်ရာဇဝတ်မှုများအား ပြတ်ပြတ်သားသား နှိမ်နှင်းဆောင်ရွက်သွားကြ ရေးအတွက် SPP က တောင်းဆိုထားပါသည်။

ရင်းမြစ်၊ Xinhua (၁၅-၂-၂၀၂၁)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading