ပြည်ပသတင်းများ

ဖေဖော်ဝါရီလအတွင်း ဘရာဇီးလ်နိုင်ငံမှ ပဲပုတ်တန်ချိန် ၇.၉ သန်းအထိ တင်ပို့နိုင်ရန် ခန့်မှန်းထားကြောင်း National Association of Cereal Exporters (Anec) က ပြောကြားခဲ့

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဘရာဇီးလ်နိုင်ငံ၏ ပဲပုတ်စေ့တင်ပို့မှုသည် တန်ချိန် ၆ သန်းနှင့် ၇.၉၉ သန်းအတွင်း ရောက်ရှိနိုင်ကြောင်း National Association of Cereal Exporters (Anec) က ၁၇-၂-၂၀၂၁ (ဗုဒ္ဓဟူးနေ့) ရက်နေ့တွင် ပြောကြားခဲ့သည်။ အနည်းဆုံး ပဲပုတ် တန်ချိန် ၆ သန်းအား တင်ပို့ထားပြီးဖြစ်သဖြင့် ဖေဖော်ဝါရီလအတွင်း ပဲပုတ်တင်ပို့မှုသည် တန်ချိန် ၇.၆၃ သန်းအထိ ရောက်ရှိနိုင်ကြောင်း ပဲပုတ်တင်ပို့နေမှုနှင့်ပတ်သက်၍ ယခင်အပတ် က ခန့်မှန်းခဲ့ခြင်းဖြစ်သည်။

ပဲပုတ်စိုက်ပျိုးရာသီချိန်တွင် မိုးခေါင်မှုကြုံတွေ့ခဲ့ရခြင်းနှင့် ပဲပုတ်ရိတ်သိမ်းချိန်ဖြစ် သည့် ဇန်နဝါရီလတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေချိန်တွင် အဆိုပါခန့်မှန်းသုံးသပ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထို့အပြင် လတ်တလောကာလတွင် မိုးရွာသွန်းမှုမရှိသည့်ဒေသများ၌ ရိတ်သိမ်းမှုများ ဆောင်ရွက်ရန် ပဲပုတ်စိုက်ခင်းများသို့ စတင် ဝင်ရောက်နေပြီဖြစ်ပြီး ဆိပ်ကမ်းတွင် သင်္ဘောတင်မည့်အချိန်ဇယားများကလည်း ခန့်မှန်းချက် ၏ အမြင့်ဆုံးပမာဏသို့ ရောက်ရှိနိုင်သည်ကို ဖော်ပြနေကြောင်း အသင်းက ပြောကြားခဲ့သည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလကာလတူတွင် ပဲပုတ်စိုက်တောင်သူများနှင့် ကုန်သည်လုပ်ငန်းရှင် များက ပဲပုတ်တန်ချိန် ၆.၆၁ သန်းအား တင်ပို့ခဲ့ကြောင်း အသင်း၏သတင်းထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ပြောင်းတင်ပို့မှုနှင့်ပတ်သက်၍ ပြောင်းတန်ချိန် ၅၃၄,၈၀၀ အား ယခင်အပတ်က တင်ပို့နိုင်ခဲ့ပြီး ခန့်မှန်းချက်ကို ပြည့်မီအောင် တင်ပို့နိုင်ခဲ့သဖြင့် ဖေဖော်ဝါရီလကုန်ဆုံးချိန်တွင် ပြောင်းတန်ချိန် ၅၄၅,၁၀၀ အထိတင်ပို့သွားနိုင်ရန် အသင်းက ခန့်မှန်းထားသည်။ ယခင်နှစ် ကာလတူတွင် ပြောင်းတန်ချိန် ၄၁၅,၃၀၀ အား တင်ပို့နိုင်ခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပဲပုတ်စေ့မှ ထုတ်လုပ်သည့် စားသောက်ကုန်တင်ပို့မှုသည် တန်ချိန် ၉၆၀,၀၆၀ တင်ပို့ ပြီးဖြစ်သော်လည်း ကြိုတင်ခန့်မှန်းထားသည့် တန်ချိန် ၁.၂၄၈ သန်းအောက်သို့ လျှော့ကျခဲ့ သည်။ ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် ဘရာဇီးလ်နိုင်ငံ၏သင်္ဘောတင်ပို့မှုသည်တန်ချိန် ၁.၀၂ သန်းရှိခဲ့ကြောင်း အသင်း၏သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထွန်းအောင်ဇော်၊ စီးပွားရေးသံမှူး

ဘရာဇီးလ်နိုင်ငံ

သတင်းရင်းမြစ် –     Anec improves soybean export forecast from Brazil in February to up to 7.9mt, the REUTERS news agency

Loading