ပြည်တွင်းသတင်းများ

(၁၅-၁-၂၀၂၁) ရက်နေ့ နံနက် (၉း၃၀) နာရီတွင် ရုံးအမှတ် (၁၅) ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည့် “ADS Awareness Raising Webinar” ကျင်းပသည့်သတင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာ ဗျူဟာအကောင်အထည်ဖော်ရေးပံ့ပိုးမှုယူနစ် (ADSISU) သည် “ADS Awareness Raising Webinar” ကို (၁၅-၁-၂၀၂၁) ရက်နေ့ နံနက် (၉း၃၀) နာရီတွင် ရုံးအမှတ် (၁၅) ၌ ကျင်းပခဲ့ပါသည်။

မြန်မာ့စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုမဟာဗျူဟာ (ADS) နှင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ရေးဆွဲဖော်ဆောင်မှုအခြေအနေအား ဝန်ကြီးဌာနရှိ တာဝန်ရှိသူများ ပိုမိုသိရှိလာစေရန်၊ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဒေသနှင့်ကိုက်ညီသည့် လုပ်ငန်း စဉ်များ၊ စီမံချက်များကို ရေးဆွဲအကောင်အထည်ဖော်ရာ၌ ဝန်ကြီးဌာနက ရေးဆွဲ ထားသည့် ADS နှင့် ချိတ်ဆက် ဆောင်ရွက်နိုင်ရေး အထောက်အကူပြုစေရန်၊ ADS ပါ လုပ်ငန်းစဉ်များနှင့် ကဏ္ဍပေါင်းစုံ ပါဝင်သော အမျိုးသားအာဟာရ ဖွံ့ဖြိုးမှုဆိုင်ရာစီမံကိန်း (MS-NPAN)၊ အာဟာရကဏ္ဍ ပြုပြင်ပြောင်းလဲရေးအစီအစဉ် (NSRC) နှင့် မြန်မာစဉ်ဆက် မပြတ် ဖွံ့ဖြိုးရေးစီမံကိန်း (MSDP) ပါ မိမိတို့ဝန်ကြီးဌာနနှင့်သက်ဆိုင်သည့် လုပ်ငန်းစဉ် များကို ထိရောက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်များရှိ မိမိဝန်ကြီးဌာန၏ အဖွဲ့အစည်းများ၊ ဌာနများအားလုံးတို့၏ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်ရန် ရည်ရွယ်ကာ ဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ဦးကျော်မင်းဦး၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးစီး ဌာနများမှ တာဝန်ရှိသူများ၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးတို့မှ တာဝန်ရှိ သူများနှင့် EU မှကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။

ရှေးဦးစွာ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး  EU မှ မြန်မာနိုင်ငံဆိုင်ရာ စိုက်ပျိုးရေးစီမံကိန်းမန်နေဂျာ Mr. Alvaro Ortega က မြန်မာ့ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး EU ၏ ပံ့ပိုးမည့် အစီအစဉ် အနှစ်ချုပ်ကိုလည်း ကောင်း၊ ADSISU အဖွဲ့ခေါင်းဆောင် ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ နှင့် ရင်းနှီးမြုပ်နှံမှုအစီအစဉ်အကြောင်း သိကောင်းစရာများ၊ ဝန်ကြီးဌာန၏အကောင်အထည်ဖော်မှု အခြေအနေတို့ကိုလည်းကောင်း ရှင်းလင်းကြရာ တက်ရောက်လာကြသူများက ပြန်လည်ဆွေးနွေးကြ၍ အမြဲတမ်းအတွင်းဝန်က နိဂုံးချုပ် အမှာစကားပြောကြားပြီး ဆွေးနွေးပွဲကို မွန်းတည့် (၁၂း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Loading