ပြည်တွင်းသတင်းများ

တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသတွင် ဖော်ဆောင်မည့် စီမံကိန်း များ ဆိုင်ရာ လုပ်ငန်း ညှိနှိုင်း အစည်းအဝေး ကျင်းပ

တိုင်းရင်းသားလူမျိုးများ နေထိုင်ရာဒေသတွင် ဖော်ဆောင်မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တောင်းခံလာသည့် စီမံကိန်းဆိုင်ရာအချက်အလက်များ ပေးပို့ရေးကိစ္စတွင် တွေ့ကြုံရသည့် အခက်အခဲများကို ညှိနှိုင်းဆွေးနွေးရန် ရည်ရွယ်၍ ညှိနှိုင်းအစည်း အဝေးကို  (၈-၁-၂၀၂၁) ရက်နေ့ (သောကြာနေ့)၊ နံနက် ၁၀:၀၀နာရီတွင် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ အစီအစဉ်(၅)ရပ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါ သည်။ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စီမံကိန်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန၊ တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနနှင့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှု ဦးစီးဌာနများမှ ညွှန်ကြားရေးမှုးချုပ်များ၊ စီမံကိန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှုးချုပ်နှင့် တာဝန်ရှိ သူများ အပါအဝင် စုစုပေါင်း (၂၂)ဦးခန့် တတ်ရောက်ခဲ့ပါသည်။

ပထမဦးစွာ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန  ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အစည်းအဝေး၏ အဓိကရည်ရွယ်ချက်မှာ တိုင်းရင်းသားလူမျိုးများနေထိုင်ရာ ဒေသများတွင် ဖော်ဆောင်မည့် စီမံကိန်း များနှင့်စပ်လျဉ်း၍ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးများ မဆုံးရှုံးစေရေး၊ ထိခိုက် နစ်နာမှုမရှိ စေရေးအတွက် ဥဒေကြောင်းအရ အလေးထားဆောင်ရွက်ရန်နှင့်  သဘောထား မှတ်ချက်တောင်းခံ ခြင်းဆိုင်ရာ ကိစ္စရပ်များတွင် ကြန့်ကြာမှုမရှိစေရေး ဝန်ကြီးဌာန အချင်းချင်း ညှိနှိုင်းဆောင်ရွက် လိုခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

တိုင်းရင်းသား လူမျိုးများရေး ရာဝန်ကြီးဌာန ဒုတိယ ဝန်ကြီးမှလည်း  စီမံကိန်းများ အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနနှစ်ခုအကြား နှစ်ဖက်လုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ပူးပေါင်းဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ပါသည်။ ထို့နောက် အစည်းအဝေးသို့ တတ်ရောက်လာသူများ မှ တိုင်းရင်းသားများ နေထိုင်ရာဒေသတွင် ဖော်ဆောင်မည့် စီမံကိန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

အစည်းအ ဝေးကို နေ့လယ် (၁၂ : ၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Loading