ပြည်ပသတင်းများ

စပါးပြတ်လပ်မှုကြောင့် ကုန်သည်များနှင့်တန်ဖိုးမြင့် ထုတ် ကုန်ထုတ်လုပ်သူများကို ထိခိုက်လျက်ရှိခြင်း

Covid-19  နှင့်ရာသီဥတုဆိုးရွားမှုကြောင့် တရုတ်နိုင်ငံ တောင်ပိုင်းပြည်နယ်များရှိ ဆန်ကုန်သည်များနှင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်သည့် စက်ရုံများမှာ ဆန်စပါးပြတ်လပ်ပြီး အထိနာလျက်ရှိရာ လက်ကားရောင်းချသည့်‌ ဈေးနှုန်းများမှာ မြင့်တက်လျက်ရှိရာ  အနည်းဆုံး ၂၀၂၀ ပြည့်နှစ်၊ နှစ်ကုန်အထိ ‌ကြာမြင့်နိုင်သည်ဟု ခန့်မှန်းထားကြောင်း၊ တရုတ်နိုင်ငံမြောက်ပိုင်း ပြည်နယ်များတွင် စပါးရိတ်သိမ်းမှုများ ကောင်းမွန်မှုကြောင့် ဆန်စပါးဈေးနှုန်းများ ၁၂-၂-၂၀၂၁ ရက်နေ့ တရုတ်နှစ်သစ်ကူးမတိုင်ခင်အထိ ဈေးနှုန်းများသိသိသာသာ မြင့်တက်နိုင်ခြင်း မရှိနိုင် ကြောင်း တရုတ်နိုင်ငံဗဟိုအစိုးရက အာမခံပြောကြားခဲ့ကြောင်း ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ He Huifeng က “Rice Shortage hurts traders, processors”ခေါင်းစဉ်ဖြင့် သတင်းဖော်ပြပါရှိပါသည်။

ဆန်စပါးဈေးမှာ ဆောင်းဦးကာလ စပါးရိတ်သိမ်းသည့် ‌အောက်တိုဘာလတွင် နှစ်စဉ် လျော့ကျတတ်သော်လည်း ယခုနှစ်တွင် သီးနှံထွက်ရှိမှုလျော့နည်းခြင်းကြောင့် တရုတ်ပြည်မကြီး ၏ ဆန်စပါးအဓိကထုတ်လုပ်သည့် ကျန်းရှီ (Jiangxi)၊ ဟူနန် (Hunan) နှင့် ဟူဘေ(Hubei) ပြည်နယ်တို့၌ ဆန်စပါးထုတ်လုပ်မှု လျော့ကျမှုကြောင့် ဆန်စပါးများ‌ ပေးရမည်ဖြစ်ရာ ယခင်နှစ် များနှင့် ပြောင်းပြန်ဖြစ်ပြီး ဈေးနှုန်းမြင့်တက်သွားခြင်းဖြစ်ကြောင်း၊ ဟူနန်ပြည်နယ်၌ ဆန်စက် တည်ထောင်ထားသူမှ ပြောကြားရာတွင် Covid-19  နှင့် စပါးမရိတ်သိမ်းမီ (၂) လကြာ ရေလွှမ်း မိုးမှုကြောင့် ဆန်စပါးမျိုး အားလုံးမှာ ပြင်းထန်စွာ ထိခိုက်လျက်ရှိရာ ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် စပါးထွက်ရှိမှု (၃၀) ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ ရိတ်သိမ်းမှုအဆင်မပြေခြင်းကြောင့် ရောင်းချရန် စပါးကုန်ကြမ်း ပြတ်လပ်လျက်ရှိပြီး ယခုအခါ တရုတ်နိုင်ငံတစ်ဝှမ်းရှိ ဆန်စက်များမှာ စပါး ဝယ်ယူမှုအား အရှိန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ စက်ရုံလည်ပတ်နေသူများမှာ အစားအစာ တန်ဖိုးကွင်းဆက်အတွက် ဖိအားများ ဖြစ်ပေါ်လျက်ရှိရာ တစ်နေ့တည်းတွင် ကြိမ်ဖန်များစွာ ဈေးမြှင့်၍ ဝယ်ယူမှုများ ပြုလုပ်လာကြောင်း၊ စပါး (၅၀) ကီလိုဂရမ်လျှင် ယွမ် (၁၄၀) မှ (၁၈၀) အတွင်းရှိကြောင်း၊  စပါး (၅၀) ကီလိုဂရမ်လျှင် ယွမ် (၁၄၀) မှာ လွန်ခဲ့သော (၅) နှစ်အတွင်း အမြင့်ဆုံး ဖြစ်သော်လည်း အချို့သော လယ်သမားများမှာ ဈေးနှုန်းထပ်မံမြင့်တက်လာရန် စောင့်ဆိုင်းလျှက် ရှိပြီး လက်ကျန်များ သိုလှောင်ထားကြောင်း၊ ယခုနှစ် အထွက်နှုန်းမှာ (၀.၀၇) ဟက်တာလျှင် ၂၀၁၉ ခုနှစ်က (၆၀၀) ကီလိုဂရမ်ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် (၅၀၀) ကီလိုဂရမ်သို့ ကျဆင်းခဲ့ ကြောင်း၊စပါးဈေးနှုန်းများ မြင့်တက်နေသော်လည်း အလုပ်သမားများ၏လုပ်ခမှာ လျော့ကျလျက် ရှိကြောင်း၊ သို့သော် တရုတ်နိုင်ငံသည် (၆) နှစ်တာကာလအတွင်း ယခုနှစ်တွင် စပါးတန် (၆၇၀) မီလီယံကျော် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading