ပြည်ပသတင်းများ

ရောင်းလိုအား မြင့်တက်လာသည့်အတွက် ငွေကြေး ဖောင်းပွမှုနှုန်း ကျဆင်းလာပြီဖြစ်ခြင်း

ငွေကြေးဖောင်းပွမှု၏ အဓိကအညွှန်းကိန်းဖြစ်သည့် စားသုံးသူ ဈေးဆနှုန်းကိန်း (CPI) သည် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လအတွင်း (၂.၇) ရာခိုင်နှုန်းရှိခဲ့ရာမှ ဩဂုတ်လအတွင်း (၂.၄) ရာခိုင်နှုန်း ဖြင့် တည်ငြိမ်လျက်ရှိကြောင်း တရုတ်နိုင်ငံ၊ အမျိုးသားစာရင်းအင်းဗျူရိုမှ ထုတ်ပြန်ကြေညာ ခဲ့ပါသည်။ အစားအသောက်ဈေးနှုန်းများအနက် ဝက်သားရောင်းလိုအား မြင့်တက်လာသော်လည်း ဈေးကွက်အတွင်း၌ ဝယ်လိုအား ဆက်လက်မြင့်တက်လျက်ရှိသည့်အတွက် ဈေးနှုန်း (၁.၂) ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ ကြက်သားနှင့် ဘဲသားဈေးနှုန်းများမှာမူ (၁.၆) ရာခိုင်နှုန်းနှင့် (၀.၉) ရာခိုင်နှုန်း အသီးသီးကျဆင်းခဲ့ကြောင်း သိရှိရပါသည်။ နိုင်ငံအတွင်း၌ ဖြစ်ပေါ်ခဲ့သည့် ရေကြီး နစ်မြှုပ်မှုများအား ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့သည့်အတွက် ဈေးကွက်အတွင်း အစားအစာ ရောင်းလိုအားများ ပြန်လည်မြင့်တက်လာခြင်းကြောင့် ငွေကြေးဖောင်းပွမှုတည်ငြိမ်လာခြင်း ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့် ဈေးကွက်လိုအပ်ချက်များကြောင့် ထုတ်လုပ်သူဈေးဆနှုန်းကိန်း (PPI) မှာမူ ဩဂုတ်လအတွင်း၌ ဆက်လက်တိုးတက်လာခဲ့ကြောင်း၊ ထိုကဲ့သို့ တိုးတက်လာခြင်း သည် နိုင်ငံ့စီးပွားရေး တိုးတက်ကောင်းမွန်လာခြင်းနှင့် ထုတ်လုပ်ရေးလုပ်ငန်းများ တိုးတက်လာ ခြင်းကြောင့်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်စည်ဈေးနှုန်းများသည် လိုက်ပါမြင့်တက်လျက်ရှိကြောင်း၊ ရေကြီးရေလျှံမှုများသည် ဩဂုတ်လကုန်တွင် ပြီးဆုံးသွားပြီဖြစ်သည့်အတွက် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ နဂိုမူလအခြေအနေသို့ ပြန်လည်ရောက်ရှိလာတော့မည်ဖြစ်ပြီး လာမည့်လများ အတွင်း၌ ပြည်တွင်းအစားအသောက်ရောင်းလိုအား ပြန်လည်မြင့်တက်လာတော့မည်ဖြစ်သည် ဟု တရုတ်နိုင်ငံ၊ အမျိုးသားစာရင်းအင်ဗျူရိုမှ ကျွမ်းကျင်သူက ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

Source: https://www.globaltimes.cn/content/1200338.shtml

ရွှေစင်ဦး၊ စီးပွားရေးသံမှူး

ပေကျင်းမြို့

Loading