ပြည်ပသတင်းများ

တရုတ်နိုင်ငံ၏ ပြည်တွင်းလက်လီရောင်းချရမှုသည် ယခင်နှစ် များထက် ကျော်လွန်တိုးတက်လာပြီဖြစ်ခြင်း

COVID-19 ကမ္ဘာ့ကပ်ရောဂါနှင့် ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ် လျက်ရှိသော်လည်း တရုတ်အမျိုးသားစာရင်းအင်း ဗျူရိုမှ ထုတ်ပြန်ကြေညာခဲ့သည့် အချက်အလက်အများအရ ၂၀၂၀  ပြည့်နှစ်၊ ဩဂုတ်လအတွင်း၌ နိုင်ငံ၏ အဓိကစီးပွားရေးအညွှန်းကိန်းများ ဆက်လက်တိုးတက် လျက်ရှိကြောင်းသိရှိရပါသည်။ အဆိုပါအချက်အလက်များအရ စက်မှုလုပ်ငန်းများမှ ထုတ်လုပ် ထွက်ရှိမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် လက်လီရောင်းချမှုများသည် ဆက်တိုက်မြင့်တက်လျက်ရှိပြီး ပြည်တွင်းလက်လီရောင်းချရမှုသည် နိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုများ စတင်ဖြစ်ပွားသည့်အချိန်မှ ပြီးခဲ့သည့် (၅) လတာအတွင်း၌ ဆက်တိုက်ပြန်လည် ကောင်းမွန်လာ ခဲ့ကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း၌ ပြည်တွင်းလက်လီရောင်းချရမှုပမာဏသည် ယခင်နှစ်များထက် ပိုမိုတိုးတက်ကောင်းမွန်သည့် အနေအထားသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း၌ ပြည်တွင်းလက်လီရောင်းချရမှု အမေရိကန်ဒေါ်လာ (၄၉၀) ဘီလီယံရရှိခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ကာလတူထက် (၀.၅) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိမှုသည် ပြီးခဲ့သည့်နှစ်ကာလတူထက် (၅.၆) ရာခိုင်နှုန်းတိုးတက်လာခဲ့ကြောင်း၊ မြို့ပြ၌ မရွေ့မပြောင်းနိုင်သည့် ပစ္စည်းများ ရင်းနှီးမြှုပ်နှံ မှုကဏ္ဍသည် ၂၀၂၀ ပြည့်နှစ်၊ ပထမ (၈) လတာကာလအတွင်း၌ ပြီးခဲ့သည့်နှစ်ကာလတူထက် (၀.၃) ရာခိုင်နှုန်းသာ ကျဆင်းခဲ့သည့်အတွက် ဖွံ့ဖြိုးမှုမြင့်တက်လာပြီဖြစ်ကြောင်း သိရှိရပါသည်။

Source: https://www.globaltimes.cn/content/1200976.shtml

ရွှေစင်ဦး၊ စီးပွားရေးသံမှူး

ပေကျင်းမြို့

Loading