ပြည်တွင်းသတင်းများ

“Agri-Food Safety Roadmap (မူကြမ်း) အပေါ် ဆွေးနွေးသုံးသပ်သည့် Online Meeting ကျင်းပ”

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် German Development Cooperation (GIZ) တို့ပူးပေါင်းရေးဆွဲလျက်ရှိသည့် Agri-Food Safety Roadmap (စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် အစားအစာဘေးအန္တရာယ်ကင်းရှင်းရေး လမ်းပြမြေပုံ) (မူကြမ်း) အပေါ် ဆွေးနွေးသုံးသပ်သည့် Online Meeting ကို ၁၀.၉.၂၀၂၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေးသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးကျော်ဆွေလင်း ဉီးဆောင်၍ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ခင်မာဦး၊  GIZ မှ SAFI စီမံကိန်း၏ Head of Project ဖြစ်သူ Mr. Peter Hinn ၊ Consultant-Mr. Alain Peyer နှင် GIZ မှတာဝန်ရှိသူများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ Food Safety Roadmap ၏ Taskforce အဖွဲ့ဝင်များ၊ ပြင်ပဆက်စပ်အဖွဲ့အစည်းများဖြစ်သည့် Myanmar Consumers Union ၊ MEDA ၊  MFVP ၊ ILO (Agriculture sector) နှင့် USAID ၏ ACDI-VOCA (Myanmar) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

 အဆိုပါ Online Meeting  ၌  Food Safety တိုးတက်လာရေးအတွက် ခိုင်မာသည့် မူဝါဒများ၊ ပိုမိုကောင်းမွန်သည့် ဓာတ်ခွဲခန်းများ၊ ပညာပေး/သင်တန်းများ ဆောင်ရွက်ရေးနယ်ပယ်များစွာတွင် ရေရှည် ရင်းနှီးမြှုပ်နှံရန်၊ Food Safety သည် နိုင်ငံတိုင်း၊ ဒေသတိုင်း၏အရေးကိစ္စဖြစ်ပြီး ပေါင်းစပ်ဆောင်ရွက်ရမည့် ကိစ္စဖြစ်သဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း ဝန်ကြီးဌာနတစ်ခုတည်းက ဆောင်ရွက်၍မရနိုင်ဘဲ  ဆက်စပ် ဝန်ကြီးဌာနများမှ သက်ဆိုင်ရာဌာနများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်၊ ယခု Roadmap (မူကြမ်း) သည် FDA မှ ရေးဆွဲထုတ်ပြန်မည့် Food Law နှင့် လိုက်လျောညီထွေဖြစ်စေရန်နှင့်  Food Definition ကိုလည်း Food Law ပြဌာန်းချိန်တွင် ကိုက်ညီစေရေးပြင်ဆင်ရန်၊ Roadmap (မူကြမ်း) တွင် Supply chain တစ်လျှောက် အဆင့်အားလုံးတွင် လွှမ်းခြုံဆောင်ရွက်နိုင်ရေး၊ Sanitary and Phyto-sanitary (SPS)  Control Authority နှင့်ပတ်သက်၍ ဌာနများ၏ Role and Function များပိုမိုရှင်းလင်းစွာ ဖော်ပြနိုင်ရေး၊ Traceability ပိုင်းတွင် Modern Technology (IT Based) အသုံးပြုနိုင်ရေးစသည်ဖြင့် ထပ်မံ ဖြည့်စွက် သင့်သည့်အချက်များကိုလည်းကောင်း၊ Roadmap (မူကြမ်း) အရ အကောင်အထည်ဖော် ဆောင်ရွက်မည့် မူဝါဒပိုင်း၊ အဖွဲ့အစည်းပိုင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းစသည့်ကဏ္ဍများအလိုက် ဆောင်ရွက်ရမည့် Action Plan များအပေါ် အကြံပြု သုံးသပ်ချက်များကိုလည်းကောင်း ဝိုင်းဝန်း ဆွေးနွေးခဲ့ကြပြီး အစည်း အဝေးကို နေ့လည် (၁၂:၃၀) တွင်ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ Roadmap (မူကြမ်း) ကို ၆-၃-၂၀၂၀ ရက်နေ့တွင် ကျင်းပခဲ့သည့် Agri-Food Safety Roadmap ရေးဆွဲရေးဆိုင်ရာ ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲမှ ရရှိခဲ့သည့်အကြံဉာဏ်များ/ရလဒ်များ ကိုအခြေခံ၍ အဆင့်ဆင့်ပြင်ဆင်ရေးဆွဲထားခြင်းဖြစ်ပြီး ယနေ့အစည်းအဝေးမှ သုံးသပ်အကြံပြုချက်များ အပေါ် ပြန်လည်စိစစ်ထည့်သွင်း၍ ပိုမိုပြည့်စုံသော Roadmap (မူကြမ်း) ဖြစ်ပေါ်လာရေး ဆက်လက်ဆောင် ရွက်သွားရမည်ဖြစ်ပါသည်။

Loading