ပြည်ပသတင်းများ

ယခုနှစ် ပထမနှစ်ဝက်အတွင်း ပို့ကုန်သွင်းကုန်ပမာဏ လျော့ကျခဲ့သော်လည်း သိသာစွာဖွံ့ဖြိုးလာခဲ့သည့် နန်နင်းလေဆိပ်

ယခုနှစ် ပထမနှစ်ဝက်အတွင်း Nanning Wuxu အပြည်ပြည်ဆိုင်ရာလေဆိပ်၏ ပို့ကုန်သွင်းကုန်ပမာဏမှာ တန်ချိန် (၃,၁၇၁,၇၉၀) တန်ရှိခဲ့ပြီး (၆.၆၁) ဆ တိုးတက်လာခဲ့သည်ကို တွေ့ရပါသည်။

             ကပ်ရောဂါကာလအတွင်း ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည့်အချိန်နှင့်တစ်ပြိုက်နက် လုပ်ငန်းများ ထုတ်လုပ်မှု ပြန်လည်စတင်ရေးကို ကူညီပေးရန် နိုင်ငံခြားကုန်သွယ်မှုများ တည်ငြိမ်စေရေးကိုပါ လေဆိပ်အကောက်ခွန်ဌာနက စီမံဆောင်ရွက်ခဲ့ ပါသည်။ လေဆိပ်၏ ကုန်စည်ထောက်ပံ့ပို့ဆောင်မှုများ ဖွံ့ဖြိုးလာစေရေး မြှင့်တင်ပေးသည့် အနေဖြင့် တစ်ဆင့်ခံထုတ်လုပ်သည့် လယ်ယာစိုက်ပျိုးရေးကုန်ပစ္စည်းများအတွက် “အစိမ်းရောင် လမ်းကြောင်း” ကို တည်ထောင်ပေးထားပါသည်။

             ယခုနှစ် ပထမနှစ်ဝက်၌ လေဆိပ်အကောက်ခွန်ဌာနက လတ်ဆတ်သော ရေထွက်ကုန် ပစ္စည်းတင်သွင်းမှု တန်ချိန် (၁,၅၃၅,၉၅၀) တန်ကို ဆောင်ရွက်ပေးခဲ့ကာ (၁၆၁.၃) ဆ တိုးတက် လာခဲ့ပါသည်။ ထို့ပြင် ခရီးသည်တင်လေကြောင်းလိုင်းများ ရပ်နားထားရစဉ်အတွင်း ခရီးသည် တင် လေယာဉ်များကို ကုန်သေတ္တာတင်ဆောင်ကြရန် အားပေးတိုက်တွန်းလျက် လေဆိပ်၏ ကုန်သေတ္တာတင်ဆောင်နိုင်စွမ်းအား ထပ်မံမြှင့်တင်သွားရန် ဆောင်ရွက်ထားပါသည်။

ဇူလိုင်လ ၃၁ ရက်နေ့အထိ လေဆိပ်အကောက်ခွန်ဌာနက လေယာဉ်ပေါင်း (၁၁၆) စင်းအား ခရီးသည်တင်လေယာဉ်များအဖြစ်မှ ကုန်သေတ္တာတင်လေယာဉ်များအဖြစ် ပြောင်းလဲ ရာတွင် ကြီးကြပ်ပေးခဲ့ပြီး၊ တင်ပို့တင်သွင်းသော ကုန်ပစ္စည်းတန်ချိန် (၈၆၉.၀၉) တန်အား လုပ်ငန်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ Nanning Daily   (၇-၈-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading