ပြည်ပသတင်းများ

ပထဝီဝင်ဒေသညွှန်းဆိုင်ရာ မူပိုင်ခွင့်များပြုလုပ်လိုက် သည့် အီးယူနှင့် တရုတ်

ပထဝီဝင်အလိုက် လူသိများသော သစ်သီးဝလံများနှင့် ဟင်းသီး ဟင်းရွက်များကို ကာကွယ်နိုင်ရေး အထောက်အကူပြုရန် ရေးဆွဲထားသည့် ပထမဆုံး အီးယူ (ဉရောပ သမဂ္ဂ)-တရုတ်နှစ်နိုင်ငံကုန်သွယ်ရေးသဘောတူညီချက်အား ဉရောပသမဂ္ဂကောင်စီမှ အတည်ပြုလိုက်ပြီ ဖြစ်သည့်အတွက် အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်ခွင့်ကာကွယ်ရေးအကောင်အထည်ပေါ်လာရန် များစွာ မလိုတော့ကြောင်း သိရပါသည်။

             ၎င်းစာချုပ်တွင် ကနဉီးအနေဖြင့် Yantai ပန်းသီးနှင့် ပေါ်တူဂီမှ Pêra Rocha ပန်းသစ်တော်သီးကဲ့သို့သော သစ်သီးဝလံများအပါအဝင် ပထဝီဝင်ဒေသညွှန်းဆိုင်ရာ မူပိုင်ခွင့် (geographical indication-GI) ကာကွယ်ပေးမည့် နိုင်ငံတစ်နိုင်ငံစီမှ လယ်ယာစိုက်ပျိုးရေး အစားအစာ အမျိုး (၁၀၀) အား ထည့်သွင်းထားပါသည်။

             ဉရောပသမဂ္ဂလွှတ်တော်မှ အတည်ပြုချက်ရရှိပြီးသည်နှင့် ၂၀၂၀ ခုနှစ် နှောင်းပိုင်းတွင် ၎င်းစာချုပ် အသက်ဝင်လာဖွယ်ရှိပါသည်။ ၎င်းစာချုပ်အတွက် စေ့စပ်ညှိနှိုင်းမှုများကို ၂၀၁၀ ခုနှစ်၊ စက်တင်ဘာလကတည်းကစတင်ခဲ့ခြင်းဖြစ်ပါသည်။ သို့ရာတွင် နိုင်ငံများအကြား အချို့သော ကာကွယ်မှုများကို သီးခြား GI အစီအစဉ်များဖြင့် စတင်ပေးထားနှင့်ပြီဖြစ်ပါသည်။

             ပထဝီဝင်ဒေသညွှန်းဆိုင်ရာ မူပိုင်ခွင့် (geographical indication-GI) ဟူသည်မှာ ပစ္စည်းတစ်ရပ်၏ ပင်ရင်းဒေသကြောင့် နာမည်ဂုဏ်သတင်း ထင်ရှားကျော်ဇောခြင်း (သို့မဟုတ်) ထူးခြားသော အရည်အသွေးကို ပိုင်ဆိုင်ထားခြင်းနှင့် အထူးပြုပထဝီဝင်ဆိုင်ရာပင်ရင်းဒေသရှိ ခြင်းအပေါ် အသုံးပြုသည့် ထင်ရှားသောသင်္ကေတလက္ခဏာဖြစ်ပါသည်။

             အီးယူ-တရုတ်သဘောတူညီချက်က ကုန်စည်များ၏ အသိဉာဏ်ဆိုင်ရာပိုင်ဆိုင်ခွင့် များ ကာကွယ်ရေးနှင့် စိတ်ချလုံခြုံစေရေးတို့ကို အထောက်အကူပြုပေးမည်ဖြစ်ပါသည်။

             ဤစာချုပ်အသက်ဝင်လာပြီး (၄) နှစ်မြောက်သည့်အခါ ဤစာချုပ်ပါ ခြုံငုံမှုများကို နှစ်ဘက်စာချုပ်ဝင်နိုင်ငံများမှ GI အမည်ပေါင်း (၁၇၅) ခုကို ထပ်မံထည့်သွင်းမည်ဖြစ်ပါသည်။  ဤစာချုပ်တွင် ပထဝီဝင်ဒေသညွှန်းဆိုင်ရာမူပိုင်ခွင့်များ ပိုမိုထည့်သွင်းသွားရန် ယန္တရားထည့်သွင်း ချုပ်ဆိုထားပြီးဖြစ်ပါသည်။

             ပထမဆုံးပါဝင်သည့် ကုန်စည်အမယ်အမျိုး (၂၀၀) အနက် Gannan လိမ္မော်သီး၊ Fangxian မှို၊  Nanfeng လိမ္မော်ချို၊  Korla ပန်းသစ်တော်သီး၊ Anyue သံပယိုသီး၊ Jingning ပန်းသီးနှင့် Wuxi အာလူးတို့လည်း ပါဝင်ကြောင်း သတင်းရရှိပါသည်။

ရင်းမြစ်၊ fruitnet.com (၄-၈-၂၀၂၀)

ဒေါက်တာရွှေစင်ကို၊ စီးပွားရေးသံမှူး

နန်နင်းမြို့

Loading