ပြည်ပသတင်းများ

ဟောင်ကောင်ဒေသ ဆိုးရွားစွာထိခိုက်နစ်နာလျှင် တရုတ်နှင့်အမေ ရိကန်နိုင်ငံတို့လည်း ဆုံးရှုံးနိုင်ခြင်း

တရုတ်နှင့်အမေရိကန်နိုင်ငံတို့အကြား တင်းမာမှုများကြောင့် ဖြစ်ပေါ် လာသည့်အခက် အခဲများအတွက် ‌ပေးဆပ်ရမှုများမှာလည်း ရှောင်လွဲ၍ မရကြောင်း၊ ဟောင်ကောင်ဒေသမှာ တရုတ်နှင့် အမေရိကန်တို့အကြား တင်းမာမှုများ၏ အလယ်တွင်ရှိနေပြီး အမျိုးသားလုံခြုံရေး ဥပဒေကြောင့်လည်း အမေရိကန်မှ ဟောင်ကောင်ကို ပေးအပ်ထားသည့် အထူးအခွင့်အရေးများ ဖြစ်သည့် အထူးကုန်သွယ်ခွင့်များနှင့် ဘဏ်လုပ်ငန်းများကို ပေးအပ်ထားသည့် အခွင့်အရေးများ ကို ရုပ်သိမ်းခြင်း၊ အစိုးရအရာရှိများကို ကန့်သတ်တားမြစ်မှုများ ပါရှိမည့် ညွှန်ကြားချက် (Executive Order) ကို အ‌မေရိကန်သမ္မတက လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ဟောင်ကောင်ဒေသ မှာ နှစ်နိုင်ငံလုံးအတွက် အရေးကြီးသည့်ကဏ္ဍ၌ ပါဝင်လျက်ရှိရာ ဟောင်ကောင်ဒေသ ထိခိုက် နစ်နာလျှင် နှစ်နိုင်ငံလုံးအတွက်လည်း ဆုံးရှုံးမှုဖြစ်နိုင်ကြောင်း၊ အမေရိကန်မှ ဟောင်ကောင်‌ဒေသ ကိုပေးအပ်ထားသည့်စီးပွားရေး၊ နိုင်ငံရေးနှင့် လုံခြုံရေး အထူးအခွင့်အ‌ရေးများကို ရုတ်သိမ်းခဲ့ရာ ဟောင်ကောင်ဒေသအတွက် လိုအပ်သည့် နည်းပညာများ တင်ပို့မှုကန့်သတ်ခြင်း၊ ဟောင်ကောင် လူမျိုးများ အမေရိကန် ဗီဇာရရှိရန် ပိုမိုခက်ခဲနိုင်ခြင်း၊ ဟောင်ကောင်ရဲများကို သင်တန်းပို့ချမှုများ ဖျက်သိမ်းခြင်းနှင့် တရားခံလွှဲပြောင်း‌ပေးရေး သဘောတူစာချုပ်အား ဖျက်သိမ်းခြင်း အစရှိသည် တို့ ရုပ်သိမ်းလိုက်ကြောင်း၊ Executive Order သည် ဟောင်ကောင်ဒေသအား တရုတ်ပြည်မကြီး ကဲ့သို့ တန်းတူထား ဆက်ဆံသွားမည်ဖြစ်ကြောင်း၊ ဟောင်ကောင်‌ဒေသ၏ စတော့ရှယ်ယာ ဈေးကွက်ပေါ် သက်ရောက်မှုများဖြစ်နိုင်ကြောင်း၊ ဟောင်ကောင်ဒေသရှိ ဘဏ်လုပ်ငန်းများမှာ ခက်ခဲသည့်အနေအထားတွင် ရှိနေပြီး ဒေသ၌ ဆက်လက်လုပ်ကိုင်ခြင်းနှင့် အခြားဒေသများသို့ ပြောင်း‌‌ရွှေ့ခြင်းဖြင့် ရရှိနိုင်မည့် အကျိုးအမြတ်ကိုလည်း အကဲဖြတ်ဆန်းစစ်လျက်ရှိကြောင်း၊ သို့သော် ဟောင်ကောင်‌ဒေသသည် အခွန်ကောက်ခံနှုန်း နည်းပါးခြင်းနှင့် တရုတ်ပြည်မကြီးနှင့် ကပ်လျက်ရှိသောကြောင့် ပို့ဆောင်ဆက်သွယ်‌ရေးအချက်အချာ ကျသည့်ဒေသအဖြစ် ဆက်လက် ဆွဲ‌ဆောင်မှုရှိနေကြောင်း၊ ဆယ်စုနှစ်များစွာအတွင်း တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံ ရေးမှာ အဆိုးရွားဆုံးဖြစ်သော်လည်း စီးပွားရေးအရ အကျိုးအမြတ်ရရှိမှုမှာ အချင်းချင်း မှီခိုလျက် ရှိသည်မှာ ငြင်းဆိုနိုင်ခြင်းမရှိကြောင်း၊ ၎င်းတို့ နှစ်နိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှုမှာ မြင့်မား လျက်ရှိပြီး ဟောင်ကောင်ဒေသမှာလည်း နှစ်နိုင်ငံအတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် အရေးကြီးသည့်နေရာအဖြစ် ဆက်လက်တည်ရှိဆဲဖြစ်ကြောင်း၊ အမေရိကန် ဒေါ်လာလဲလှယ်မှုကို ဟောင်ကောင်နှင့် လွတ်လပ်စွာ ဆက်လက်လုပ်ကိုင်ရန် ထရန့်ကလည်း နားလည်ကြောင်း၊ ဟောင်ကောင်သည် အာရှဒေသ၏ အချက်အချာကျသည့်မြို့ဖြစ်ရာ တရုတ်နှင့် အမေရိကန်တို့သည်လည်း ၎င်းတို့၏ အကျိုးအမြတ်များ ထိခိုက်နိုင်သောကြောင့် ဆက်လက် ဆောင်ရွက်ရန် ရှိသည်များကို သေချာစဉ်းစားလုပ်ကိုင်သင့်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့ထုတ် South China Morning Post သတင်းစာ၌ “Both US and China to lose if Hong Kong is badly damaged” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အေးသီခိုင်၊ စီးပွားရေးသံမှူး

ဟောင်ကောင်မြို့

Loading