ပြည်ပသတင်းများ

ထိုင်းကုန်သွယ်ရေးဦးစီးဌာနမှ ပြည်ပသို့ဝက်သားတင်ပို့မှုအား ကန့် သတ်

ပြည်တွင်းဝယ်လိုအားနှင့် တရုတ်နှင့်အိမ်နီးချင်းနိုင်ငံများသို့ ဝက်သား တင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့် ဝက်သားလက်လီဈေးနှုန်းသည် (၁၀) နှစ်တာကာလအတွင်း တစ်ကီလိုဂရမ်လျှင် ဘတ်ငွေ (၁၇၀-၁၈၀) သို့ မြင့်တက်ခဲ့ပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနရှိ ကုန်သွယ်ရေးဉီးစီးဌာနမှ ပြည်ပသို့ ဝက်သားတင်ပို့မှုကို ကန့်သတ်ရန် ရည်ရွယ်ထားပါသည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမည်မဖေါ်လိုသူတစ်ဉီး၏ ပြော ကြားချက်အရ ဝန်ကြီးဌာနအနေဖြင့် ဒေသများစွာတို့တွင် ဝက်သားဈေးနှုန်းများ အဆက်မပြတ် မြင့်တက်နေခြင်းနှင့်ပတ်သက်၍ ပြည်သူလူထုထံမှ တိုင်ကြားစာများစွာ လက်ခံရရှိခဲ့သည်ဟုဆိုပါ သည်။ ယခုနှစ်အစောပိုင်းကဌာနအနေဖြင့် ဝက်သားတင်ပို့သူအုပ်စုနှင့် သဘောတူညီချက်အရ ဝက်သားတစ်ကီလိုလျှင်ဘတ် (၈၀) ထက် ကျော်လွန်ပါက ပြည်တွင်းဈေးနှုန်း သက်ရောက်မှုအပေါ် တားဆီးနိုင်ရန် ဝက်သားပြည်ပတင်ပို့မှုကို ကန့်သတ်မည်ဖြစ်ကြောင်း သဘောတူညီခဲ့ပါသည်။

မွေးမြူရေးခြံများမှ ဝက်သားတစ်ကီလိုလျှင် ဘတ်ငွေ (၈၆-၈၇) ဖြင့် ရရှိကြပြီး ၎င်းမှာ ယခုနှစ် အစောပိုင်းက တစ်ကီလိုလျှင် (၇၅) ဘတ်ဈေးမှ မြင့်တက်ခဲ့ခြင်းဖြစ်ပြီး ဝက်သား လက်လီဈေးနှုန်းမှာ ယခင်က တစ်ကီလိုလျှင် ဘတ်ငွေ (၁၅၀-၁၆၀) မှ ယခု (၁၇၀-၁၈၀) အထိ မြင့်တက်ခဲ့ခြင်းဖြစ်ပါသည်။ သတင်းရင်းမြစ်အရပြည်တွင်းနှင့် ပြည်ပဝယ်လိုအားမြင့်တက်မှု ကြောင့် မွေးမြူရေးခြံများမှ ဝက်သားတစ်ကီလိုလျှင် ဘတ်ငွေ (၉၀) အထိ မြင့်တက်နိုင်ကြောင်း သိရှိရပါသည်။

ဝက်သားဈေးနှုန်းသိသိသာသာ မြင့်တက်သွားခြင်းသည် ပြည်တွင်း ဝယ်လိုအားမြင့် တက်ခြင်း၊ စီးပွားရေးလှုပ်ရှားမှုများ မြင့်တက်လာခြင်းနှင့် ကျောင်းများ ပြန်ဖွင့်ခြင်းတို့ကြောင့်ဖြစ် ကြောင်း သတင်းရင်းမြစ်က ပြောကြားခဲ့ပါသည်။ မိုးခေါင်ခြင်းကြောင့် ဝက်များ၏ကြီးထွားနှုန်း ကို ထိခိုက်စေရုံသာမက ဘဲဝက်များ၏ ဘဝများကိုပါ ထိခိုက်စေခြင်းကြောင့် ဝက်သားထောက်ပံ့ ဖြည့်ဆည်းမှု (Supply) ကို သိသိသာသာ ကျဆင်းသွားစေခဲ့ခြင်းဖြစ်ပါသည်။

ထို့အပြင် တရုတ်၊ လာအို၊ ဗီယက်နမ်နိုင်ငံများတွင် ပျံ့နှံ့နေသည့် ဝက်တုပ်ကွေးရောဂါ သည်လည်း ဝက်သားဝယ်ယူတင်သွင်းမှုကို မြင့်တက်စေခဲ့ခြင်းဖြစ်ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ (၃) နိုင်ငံသို့ တစ်နေ့လျှင် ဝက် (၆,၀၀၀) မှ(၈,၀၀၀) အထိ တင်ပို့ခဲ့ပါသည်။ ထိုင်းနိုင်ငံ သည် တစ်နှစ်လျှင် ဝက်ကောင်ရေစုစုပေါင်း (၂၂) သန်းခန့် ထုတ်လုပ်နိုင်ပါသည်။ ယခင်နှစ်က ထိုင်းနိုင်ငံသည် ဝက်ကောင်ရေ (၄၀၀,၀၀၀၅၀၀,၀၀၀) အထိပြည်ပသို့တင်ပို့ခဲ့ပါသည်။ ပြည်တွင်း ဝက်သားထောက်ပံ့မှု လုံလောက်စေရန် ဌာနအနေဖြင့် ဝက်သားပြည်ပတင်ပို့သူများနှင့် ယခင်က သဘောတူထားသည့်အတိုင်း ဝက်သားပြည်ပတင်ပို့မှု ကန့်သတ်ချက်အစီအမံကို အသုံးပြုရန် စီစဉ်လျှက်ရှိကြောင်း ပြည်တွင်းကုန်သွယ်ရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Wattanasak Sur-iam က ပြောကြားခဲ့ပါသည်။

ဝက်သားဈေးနှုန်းလျှော့ချနိုင်ရန်အတွက် အာဏာပိုင်များအနေဖြင့် လက်လီရောင်းချသူ များနှင့် ပူးပေါင်း ဆောင်ရွက်သွားလိမ့်မည်ဖြစ်ပါသည်။ စားသုံးသူများကို ဝယ်ယူနိုင်သည့် ဝက်သားဈေးနှုန်းဖြင့် ဝန်ဆောင်မှုပေးနိုင်ရန် ဌာနအနေဖြင့် တစ်နိုင်ငံလုံးရှိ စတိုးဆိုင်များ၊ Blue Flag low Prices Shops ဆိုင်များနှင့် အတူတစ်ကွ လက်တွဲလုပ်ဆောင်ရန် ကတိပြုခဲ့ပါသည်။

Source : Bangk Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး                                                                                         မြန်မာသံရုံး၊ဗန်ကောက်မြို့

Loading