ပြည်ပသတင်းများ

ထိုင်းအမျိုးသား ဆန်စပါးမူဝါဒကော်မတီအနေဖြင့် ဆန်စပါးအာမခံ ဈေးနှုန်းကို အတည်ပြု

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည့် အမျိုးသားဆန်စပါးမူဝါဒ ကော်မတီ (National Rice Policy Committee) သည် ၂၀၂၀-၂၀၂၁ ခုနှစ် သီးနှံရာသီနှစ် အတွက် ဆန်စပါးဈေးနှုန်းအာမခံချက်အစီအစဉ်ကို ယမန်နှစ်ရာသီကာလကနှင့် တူညီသော အာမခံဈေးနှုန်းများဖြင့် ၁၇-၇-၂၀၂၀ ရက်နေ့တွင် အတည်ပြုပေးခဲ့ပါသည်။ အစိုးရအဖွဲ့၏ ဒုတိယအဆင့်ပြောရေးဆိုခွင့်ရှိသူ RachadaDhanadirek က အဆိုပါအစီအစဉ်ကို အကောင် အထည်ဖေါ်ရန်  ၂၀၂၀-၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁) ရက်နေ့မှ ၂၀၂၁ ခုနှစ် မေလ (၃၁) ရက် နေ့အတွင်း ဘတ်ဂျက် ငွေဘတ် (၈၅) ဘီလီယံကို အသုံးပြုသွားမည်ဟု ခန့်မှန်းရကြောင်း ပြောကြားခဲ့ပါသည်။

အချို့သောဘတ်ငွေ (၂၃.၅) ဘီလီယံအား ဈေးနှုန်းအာမခံချက်အတွက် အသုံးပြုသွား မည်ဖြစ်ကြောင်း၊ ဘတ်ငွေ (၅၆) ဘီလီယံအား လယ်သမားများအတွက် အရည်အသွေး ဖွံ့ဖြိုး တိုးတက်မှုနှင့် စီမံခန့်ခွဲရေးအတွက် အထောက်အကူပြုရန် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ဘတ်ငွေ (၅.၇၂) ဘီလီယံအား ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရေးအတွက် သက်တမ်း ထပ်တိုးပေးထားသော ချေးငွေများ၏ အတိုးနှုန်းများအတွက် ထောက်ပံ့ပေးရန်အသုံးပြုသွားမည် ဖြစ်ကြောင်းသိရှိရပါသည်။

အကယ်၍ အစိုးရပိုင် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးသမဝါယမဘဏ်မှ ထုတ်ချေးမည့် ဘတ်ငွေ (၃၀.၃) ဘီလီယံတန်ဖိုးရှိ ချေးငွေများ ပါဝင်မည်ဆိုပါကအဆိုပါ အစီအစဉ်အတွက် စုစုပေါင်းဘတ်ငွေ (၁၁၅) ဘီလီယံရှိလိမ့်မည်ဖြစ်ကြောင်း Ms.Rachada ကပြောကြားခဲ့ပါသည်။ ဤအစီအစဉ်တွင် အဓိကအားဖြင့် ဆန်စပါးအမျိုးအစား (၅) မျိုးပါဝင်ကြောင်း၊ အစိုဓါတ် (Moisture) ပါဝင်မှု (၁၅%) ဖြင့် ဆန်ဖြူစပါး (white rice  paddy)၊ ဟုမ်းမလိစပါး(hommali rice paddy)၊ အစိုဓါတ် (Moisture) ပါဝင်မှု (၁၅%) ဖြင့် ပထုန်ဌာနီဆန်မွှေးစပါး( Fragrant PathumThani rice Paddy)၊ အစိုဓါတ် (Moisture) ပါဝင်မှု (၁၅%) ဖြင့် ကောက်ညှင်းစပါး (Glutinous rice paddy with 15% moisture) နှင့် ပြည်နယ်အသီးသီးမှ ဆန်မွှေးစပါး (Provincial fragrant rice paddy) တို့ ဖြစ်ပါသည်။

             အကယ်၍ စပါးဈေးနှုန်းသည် သတ်မှတ်ထားသည့်ဈေးအောက်သို့ ကျရောက်သွားပါက စပါးဈေးနှုန်းအာမခံချက် Rice Price Gurantee မှ လျှော်ကြေးအဖြစ်ပေးပါသည်။ ဤအစီအစဉ် အရ လယ်သမားများအား အစိုဓါတ် (Moisture) (၁၅% ဖြင့် ဆန်ဖြူစပါး (white rice paddy) တစ်တန်လျှင် ဘတ်ငွေ (၁၀,၀၀၀) ( 10,000 Baht per tonne) နှုန်းဖြင့် မိသားစုတစ်စုလျှင် (၃၀) တန် (သို့မဟုတ်) မြေ (၄၀) ရိုင် (Rai) နှုန်းဖြင့် ပေးအပ်လိမ့်မည်ဖြစ်ပါသည်။

အာမခံဈေးနှုန်းများအနေဖြင့် ဟုမ်းမလိစပါး (hommali rice paddy) အတွက် တစ်တန်လျှင် ဘတ်ငွေ (၁၅,၀၀၀) ဖြင့် မိသားစုတစ်စုလျှင်(၁၄) တန် (သို့မဟုတ်) မြေ (၄၀) ရိုင် (Rai)အထိလည်းကောင်း၊ အစိုဓါတ် (Moisture) ပါဝင်မှု(၁၅%) ဖြင့် ပထုန်ဌာနီဆန်မွှေး စပါး (Fragrant Pathumthani rice Paddy) အတွက် တစ်တန်လျှင် ဘတ်ငွေ (၁၁,၀၀၀) နှုန်းဖြင့် မိသားစုတစ်စုလျှင် (၂၅) တန် (သို့မဟုတ်) မြေ (၄၀) ရိုင် (Rai) အထိလည်းကောင်း၊ အစိုဓါတ် (Moisture) ပါဝင်မှု (၁၅%) ဖြင့် ကောက်ညှင်းစပါး (Glutinous rice paddy with 15% moisture) တစ်တန်လျှင်ဘတ်ငွေ (၁၂,၀၀၀) နှုန်းဖြင့် မိသားစုတစ်စုလျှင် (၁၆) တန် (သို့မဟုတ်) မြေ (၄၀) ရိုင် (Rai) အထိလည်းကောင်း၊ ပြည်နယ်အသီးသီးမှ ဆန်မွှေးစပါး (Provincial fragrant rice paddy)အား တစ်တန်လျှင်ဘတ်ငွေ (၁၄,၀၀၀) နှုန်းဖြင့် မိသားစုတစ်စုလျှင် (၁၆) တန် (သို့မဟုတ်) မြေ (၄၀) ရိုင်(Rai) အထိလည်းကောင်း အသီးသီးသတ်မှတ်ခဲ့ပါသည်။

Mr. Rachada က စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် မကြာမီ အစိုးရအဖွဲ့၏ အတည်ပြုချက်ရရှိရေးအတွက် တင်ပြလိမ့်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်စပ်ဖွံ့ဖြိုးတိုးတက်မှုအနေဖြင့် ဇန်နဝါရီလ(၁)ရက်နေ့မှ ဇူလိုင်လ(၈)ရက်နေ့အထိ ထိုင်းနိုင်ငံ အနေဖြင့် ဆန်တန်ချိန် (၃.၁၅) သန်းတင်ပို့ခဲ့ပြီး ဆန်တင်ပို့မှု အများဆုံးတတိယနိုင်ငံဖြစ်ခဲ့ ကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ဆန်တန်ချိန် (၄.၆၅)သန်းတင်ပို့ခဲ့ပြီး အများဆုံး ဆန်တင်ပို့သည့် ထိပ်ဆုံးက နိုင်ငံဖြစ်ကြောင်း၊ ၎င်းနောက်တွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ဆန်တန်ချိန်(၄.၁၇) သန်း တင်ပို့ခဲ့ပြီး ဒုတိယအများဆုံး ဆန်တင်ပို့သည့်နိုင်ငံ ဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းပြည်ပဆန်တင်ပို့သူများအသင်းဉက္ကဋ္ဌ CharoenLaothammatas က ကိုရိုနာ ဗိုင်းရပ်စ်အကျပ်အတည်းကြောင့် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား နှေးကွေးနေချိန်တွင် ဒုတိယ နှစ်ဝက်အတွက် ဆန်တင်ပို့မှု အလားအလာမှာ မှေးမှိန်လျှက်ရှိကြောင်း ယခုအပတ်အစောပိုင်းက ပြောကြားခဲ့ပါသည်။ အသင်းအနေဖြင့် တစ်နှစ်ပတ်လုံးအတွက် ဆန်တန်ချိန် (၇.၅) သန်း တင်ပို့ ရန် ရည်မှန်းထားသော်လည်း ဇူလိုင်လ (၂၂) ရက်နေ့တွင် ပြန်လည် ချိန်ညိှသွားရန် ရည်မှန်းထား ကြောင်း ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံအနေဖြင့် ၂၀၁၉ ခုနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် (၇.၅၈) သန်း၊ တန်ဖိုးအားဖြင့် ဘတ်ငွေ (၁၃၁) ဘီလီယံဖိုး တင်ပို့ခဲ့ပြီး ၎င်းမှာ၂၀၁၈ ခုနှစ်ကထက် (၃၂%) နှင့်(၂၅%) အသီးသီးကျဆင်းခဲ့ခြင်းဖြစ်ပါသည်။

Source:Bangk Post

လွင်မျိုးဇော်၊ စီးပွားရေးသံမှူး                                                                                         မြန်မာသံရုံး၊ဗန်ကောက်မြို့

Loading